" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 21, 2019

ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာ ကန့်ကွက်

B  B  C 
ဘီဘီစီ မြန်မာပိုင်း
2019 March'21 
 
ဓာတ်ပုံ မူပိုင် Reuters

ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်း ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာဟာ တဖက်သတ် ဖော်ပြထားချက်တွေ ဖြစ်တယ်လို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထောက်ပြ ပြောကြားလိုက်ပါ တယ်။

ရခိုင်ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးတာမျိုးတွေ လုံးဝ မရှိသေးဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ် ဘက်ချက်လက်က ပြောပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ပြုရေးနဲ့ ပတ်သက်လို့လည်း မြန်မာအစိုးရအနေနဲ့ ပြည့်စုံ လုံလောက်တဲ့ ဆောင်ရွက်မှုမျိုး လုပ်တာ မတွေ့ရဘူးလို့ မတ်လ ၂၀ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ မစ္စ ဘက်ချက်လက် တင်ပြခဲ့တဲ့ ရိုဟင်ဂျာအရေး အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လုံခြုံစိတ် ချ စွာ နေရပ် ပြန်လာရေးကို မြန်မာအစိုးရအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ဖို့နဲ့ ပထမ ခြေလှမ်းအနေနဲ့ တကယ်တန်း ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို လက်ခံ အသိအမှတ်ပြုဖို့ မစ္စ ဘက်ချက်လက် က တိုက်တွန်းပြောကြားသွားပါတယ်။

ဒါပေမယ့်လည်း မစ္စ ဘက်ချက်လက်ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေဟာ တဖက်ရဲ့ ပြောကြားချက်တွေသာ ထင်ဟပ်နေပြီး မြန်မာအစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေနဲ့ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေကို လျစ်လျူရှုထားတယ်လို့ ဦးကျော်မိုးထွန်းက တုံ့ပြန် ပြောကြားခဲ့ပါတယ်။


ရခိုင်ပြည်နယ်အရေးဟာ စိန်ခေါ်မှု များ စွာနဲ့ ရှုပ်ထွေး နက်နဲကြောင်း၊ မြန်မာအစိုးရအနေနဲ့ ကိုဖီ အာနန်အကြံ ပေး ကော်မရှင်ရဲ့ အကြံပြုချက် အ များစုကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြော ပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ကို ကနဦး ဖွဲ့စည်းခဲ့စဉ် ကတည်းက FFM ကိုရော၊ FFM ရဲ့ တဖက်သတ် ပြောကြားချက်တွေ အပေါ် အခြေခံတဲ့ အစီရင်ခံစာကိုပါ မြန်မာအစိုးရက ပြတ်ပြတ်သား သား ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ အားလုံးကို စစ်ဆေးဖို့ တပ် မတော်က စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်းခဲ့ကြောင်း၊ အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်လို့ ကိုင် တွယ် ဖြေရှင်းနိုင်စွမ်း ရှိကြောင်းနဲ့ ဒီကိစ္စကို နိုင်ငံတကာ တရားစီရင်ရေး ရောက်အောင် ကြိုးပမ်းမှုတွေကို ပြင်း ထန်စွာ ပယ်ချကြောင်း ဦးကျော်မိုးထွန်းက ပြောကြားသွားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */