" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 3, 2019

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ ဥက္ကဋ္ဌ ကုလခန့်အပ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-03
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတဲ့ အမေရိကန် ရှေ့နေ Nicholas Koumjian ကို တွေ့ရစဉ်

 
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian ကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ် က ခန့်အပ်လိုက်ပါတယ်။
ဧပြီလ ၂ ရက်နေ့က ခန့်အပ်လိုက်တာဖြစ်ကြောင်း ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်ရုံးက မနေ့က ကြေညာ လိုက်တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ မွတ်စလင်တွေကို မြန်မာစစ်တပ်က ဖိနှိပ်တာတွေနဲ့ တစ် ခြား တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးကို တင်ပြရမှာလည်းဖြစ်တယ်လို့ သိရပါတယ်။

Mr. Koumjian ဟာ ၂၀၁၃ ခုနှစ်က ကမ္ဘောဒီးယား၊ ယူဂိုစလားဗီးယားနိုင်ငံဟောင်း၊ အရှေ့တီမော၊ Bosnia နဲ့ Herzegovina စတဲ့နိုင်ငံတွေရဲ့ ရာဇဝတ်မှုတွေ ဖော်ထုတ်တဲ့နေရာတွေမှာ အဓိက ပါဝင်ခဲ့တဲ့ အမှုလိုက် ရှေ့နေ တစ်ဦးဖြစ်ပါတယ်။

သူဟာ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေနဲ့ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေးလောကတွေမှာ အတွေ့ အကြုံအပြည့်အဝရှိသူ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။ Mr. Koumjian ဟာ ICC နိုင်ငံတကာရာ ရာဇဝတ်ခုံရုံးတရားစီရင်ရေးမှာ နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိသူတစ်ယောက်လို့ သိရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ကလည်း ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်အရေးမှာ စုံစမ်းစစ်ဆေးရေးခုံရုံးအဖြစ် ဗိုလ်ချုပ် မြတ်ကျော်ကို ဥက္ကဋ္ဌအဖြစ် နဲ့ ဖွဲ့စည်းပေးထားတာမို့ အချက်အလက်တွေကို အဲဒီခုံ အဖွဲ့ဆီ ပေးပို့နိုင်တယ်လို့ ပြောပါ တယ်။

အခုလိုခန့်အပ်လိုက်တာကို အစိုးရတပ်မတော်၊ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေ၊ ပြည်တွင်းနိုင်ငံရေး ပါတီ တွေ ကန့်ကွက်လိုက်ကြပါတယ်။

အခုလို ရခိုင်ပြည်နယ်အတွင်း အာဆာအကြမ်းဖက်မှုတွေနောက်ပိုင်း တပ်မတော်နဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးဆင်နွှဲရာမှာ မွတ်စလင်တွေကို လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်ခဲ့ တာတွေကို စုံစမ်းလေ့လာဖို့အတွက်လို့ ဆိုပါတယ်။

တပ်မတော်ကလည်း ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်အရေးမှာ စုံစမ်းစစ်ဆေးရေးခုံ ရုံး  အဖြစ် ဗိုလ်ချုပ် မြတ်ကျော်ကို ဥက္ကဋ္ဌ အဖြစ်နဲ့ ဖွဲ့စည်းပေးထားတာမို့ အချက်အလက်တွေကို အဲဒီခုံ အဖွဲ့ဆီ ပေးပို့နိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"မြန်မာနိုင်ငံက လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင် ဖြစ်ပါတယ်၊ အစိုးရရော တပ်မတော်ကလည်း ပြောပြီးသား၊ ICC နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့သဘောထားကို ထပ်ပြောစရာကိုမလိုတော့ဘူး၊ ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်မရှိအောင် နိုင်ငံတကာဥပဒေနဲ့ ပိုပြီးတော့ညီအောင် တပ်မတော်ကဖွဲ့ စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို အချက်အလက်တွေ တင်ပြနိုင်တယ်ဆိုပြီးတော့ ထုတ်ပြန်ထား တာရှိပါတယ်၊ ၂၀၁၇ သြဂုတ်လ ရခိုင်၊ ဘူးသီးတောင် မောင်တောမှာ ဖြစ်ခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီး ထပ်မံစစ်ဆေးဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးခုံရုံးကို မတ်လ ၂၈ ရက်မှာ ဖွဲ့ခဲ့တာရှိတယ်၊ ကျယ်ကျယ် ပြန့်ပြန့်လည်းဆောင်ရွက်နိုင်ဖို့ အချက်အလက်တွေကို အီးမေးတွေ စာတိုက်ကနေ ပေးပို့နိုင်ဖို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်"

မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေကို လက်ရှိအချိန်အထိ မြန်မာအစိုးရက အရေးယူတာတွေမရှိ သေး တာမို့ ကုလသမဂ္ဂကနေ နောက်ထပ်ဖိအားပေးလုပ်ဆောင်လာတဲ့အနေအထားလို့လည်း ယူဆ ကြပါတယ်။တကယ့် မြေပြင်ကရတဲ့ အချက်အလက်တွေမဟုတ်ဘဲ အစွန်းတစ်ဖက်ကရတဲ့ သတင်းအချက် အလက် တွေကိုသာ တင်ပြလာမယ့်အဖွဲ့ဖြစ်တာမို့ ကန့်ကွက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြောခွင့်ရ သူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

"ကျွန်တော်တို့က နဂိုကတည်းကိုက FFM ကို ခန့်အပ်ကတည်းကိုက ကန့်ကွက်ခဲ့တာပါခင်ဗျ၊ ဒီပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဖြစ်တည်မှုအားလုံးကိုလည်း ကန့်ကွက်ပါတယ်၊ သက်ဆိုင်တဲ့ နိုင်ငံနှစ်ခုလုံးကို စနစ်တကျ စစ်ဆေးတာမရှိဘဲ တစ်ဖက်ကရတဲ့ သတင်းတွေကို အစီရင်ခံစာတင်ဖို့ ပြင်ဆင်နေတာအတွက်ကို လုံးဝသဘောမတူပါဘူး"

အဲဒီအဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်က မွတ်စလင်တွေကို မြန်မာစစ်တပ်က ဖိနှိပ်ဆက်ဆံ ခဲ့တာ တွေ၊ ကျန်တိုင်းရင်းသားဒေသတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေကို လေ့လာစုံ စမ်းရမှာလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စဟာ ပြည်တွင်းရေးပြဿနာဖြစ်တဲ့အတွက် ပြည်တွင်းကသာ ဖြေရှင်းရမှာမို့ အခုလို နိုင် ငံတကာက ဝင်ရောက်စွက်ဖက်တာကို ကန့်ကွက်တယ်လို့လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

"ရခိုင်အရေးဟာ ကျွန်တော်တို့ ပြည်တွင်းအရေးဖြစ်တာကြောင့် ပြည်တွင်းထဲရှိပြီး ဥပဒေနဲ့ပဲ တပ်မတော်၊အစိုးရ၊ ဒေသခံ ပြည်သူလူထုတို့နဲ့ပဲ ဖြေရှင်းသွားရမှာပဲ၊ တည်ဆဲဥပဒေတွေ ရှိပြီးသားပဲလေ၊ ကိုယ့်ပြည်တွင်းရေးကို ဖြေရှင်းနိုင်ရဲ့သားနဲ့ UN ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာအရေးအဖြစ် ဆွဲ တင်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမှန်သမျှကို ကျွန်တော်တို့ပ ါတီကလက်မခံဘူး"

အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ မွတ်စလင်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကနေ လွတ်ကင်းတဲ့နိုင်ငံတွေက ကိုယ်စား လှယ်တွေကို ခန့်အပ်မှသာ ဘက်လိုက်မှု ကင်းနိုင်တာမို့ အခုဒီအဖွဲ့က လုပ်ဆောင်မယ့်အစီ အစဉ်တွေကို ယုံကြည်မှုမရှိဘူးလို့ အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

"ဒီမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးဆိုရင် အမေရိကန်ရယ် ဥရောပရယ် အဲဒီနိုင်ငံတွေကလွဲလို့ တစ် ခြားနိုင်ငံတွေက ဥပဒေပညာရှင်တွေကို ခန့်အပ်တာ ဝန်ပေးတာက ပိုကောင်းလိမ့်မယ် ဥပမာအားဖြင့် ပညဲရိုးတို့လို ကင်တားနားတို့လို လက်တင်အမေရိကနိုင်ငံတွေက ပုဂ္ဂိုလ်တွေ အမေရိကန်ရဲ့လွှမ်းမိုးမှု လည်းမရှိဘူး၊ ဥရောပရဲ့လွှမ်းမိုးမှုလည်း မရှိဘူး။ မွတ်စလင်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုလည်းမရှိတဲ့ နိုင်ငံ တွေကသူတွေကို ခန့်အပ်ရင်ပိုပြီးတော့ သင့်တော်မယ်လို့ ယူဆပါတယ်၊ ဒီလိုမျိုး စုံစမ်းစစ်ဆေးမှုတွေ လာပြီးတော့စစ်ဆေးမယ်ဆိုတာက ဘက်လိုက်မှုတွေရှိမယ်လို့ထင်တယ်၊ တရားမျှတမှုမရှိနိုင်ဘူးလို့ ထင်တယ်၊ အမေရိကန်ကကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ICC ဆိုတဲ့ရုံးစစ်ဆေး ရေးအဖွဲ့ကိုတောင် ဝင်ခွင့်မပြုခဲ့ဘူး"

အမေရိကန်နိုင်ငံကရှေ့နေ Mr Nicolas Koumjian ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုယန္တရားအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ် က ခန့်အပ်လိုက် တာ နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူ ကို RFA က အကြိမ်ကြိမ် ဆက် သွယ် ခဲ့ပေမယ့်လည်း မရခဲ့ပါဘူးခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */