" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, April 12, 2019

ကုလသမဂ္ဂ သတင်းလွတ်လပ်ခွင့်ဆုကို ရိုက်တာသ တင်းထောက်နှစ်ဦး ရရှိ

Frontier
MYANMAR
ရဲမွန်
Thursday, April 11, 2019
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံထားရသည်မှာ တစ်နှစ်ခွဲကျော်ရှိနေပြီဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ 

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံရမှုများနှင့်အတူ ထောင်ချခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂ဝ၁၉ ခုနှစ်အတွက် Guillermo Cano သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်ရန် ရွေးချယ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ဧပြီ ၁ဝ ရက်တွင် ကြေညာသည်။
ထောင်ဒဏ်၇ နှစ်အထိ ပြင်းထန်သည့် ပြစ်ဒဏ်ကိုကျခံနေရသော ရိုက်တာသတင်းထောက် နှစ်ဦးရရှိသည့် အဆိုပါသတင်းလွတ်လပ်ခွင့်ဆုကို မေ ၃ ရက်တွင် အီသီယိုးပီးယားနိုင်ငံ၌ ပြုလုပ်မည့် ကမ္ဘာ့သတင်းလွတ် လပ်ခွင့်နေ့တွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

Guillermo Cano သတင်းလွတ်လပ်ခွင့်ဆုသည် အန္တရာယ်များကြားမှ စွန့်စားကာ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပြီး သတင်းများ ထူးချွန်စွာ ရေးသားဖော်ထုတ်ခဲ့သည့် သတင်းထောက်များကို နှစ်စဉ်ပေးအပ် သည့် ဆုတစ်ဆုလည်းဖြစ်သည်။

ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Wojciech Tochman က “ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ လွတ်လပ်စွာဖော်ထုတ်ရေးသားမှုအပေါ်မှာ ပြင်းပြတဲ့စိတ်ဓာတ်၊ တော်လှန်နိုင်စွမ်းနဲ့ ရဲစွမ်းသတ္တိများကို ဂုဏ်ပြုတဲ့အနေနဲ့ ရွေး ချယ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ဆုရရှိခဲ့သည့်အပေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးလုံးက ဝမ်းမြောက်လျက်ရှိပြီး မိသားစုဝင်များ ကမူ ၎င်းတို့နှစ်ဦးကို အစိုးရက အမြန်ဆုံးလွှတ်ပေးခြင်းမျိုးကိုသာ လိုလားနေသည်။

“အစ်မတို့ကတော့ သူတို့ကိုပြန်လွတ်လာတာပဲ မြင်ချင်တော့တယ်” ဟု ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်က ပြောသည်။

မိသားစုဝင်များ၏ ပြောကြားချက်အရ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည့် သတင်းထောက်နှစ်ဦး လုံး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ထောင်ဝင်စာတွေ့ဆုံမှုမှာလည်း အဆင်ပြေသည်ဟု ဆို သည်။

ကိုဝလုံးသည် ယနေ့ ဧပြီ ၁၁ ရက်တွင် အသက် ၃၃ နှစ်ပြည့်သွားပြီဖြစ်ပြီး ၎င်း၏ မွေးနေ့ကို အကျဉ်းထောင်တွင် းဖြတ်သန်းနေရသည်မှာ ၂ နှစ်ရှိသွားပြီ ဖြစ်သည်။

“ဒီနေ့ ဝလုံးမွေးနေ့ဆိုတော့ သူ့သမီးလေးနဲ့ သံတမန်ခန်းမှာ တွေ့လို့ ရလိုက်တယ်။ သမီးလေးဆိုလည်း မနက်ဖြန်ဆို ၈ လပြည့်ပြီ”ဟု မပန်းအိမွန်က ပြောသည်။

၎င်းနှစ်ဦး၏ အမှုအတွက် နောက်ဆုံးအယူခံကို ပြည်ထောင်စု တရားလွှတ်တော်တွင် ၎င်းတို့၏ရှေ့နေများက မတ် ၂၆ ရက်နေ့တွင် လျှောက်ထားခဲ့ပြီး အမိန့်ချမှတ်မည့်ရက်ကို မသိရှိရသေးပေ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */