" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 13, 2019

လူ့အခွင့်အရေးကောင်စီ မြန်မာ့အရေး အစည်းအဝေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-12              
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ၂ဝ၁၉ မတ်လ ၁၁ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန် အစည်းအဝေးမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအ နေတွေကို အစီရင်ခံစာတင်သွင်းခဲ့ပြီး မြန်မာ့အရေး ICC ကို လွှဲပြောင်းဖို့ လုံခြုံရေးကောင်စီကို တိုက် တွန်းခဲ့ပါတယ်။

RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

■ ဂျီနီဗာမြို့မှာ တနင်္လာနေ့ကကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင် ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက… မြေလွတ်မြေရိုင်း ဥပဒေကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတာတွေ၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ ထွက်ပြေးရတာတွေအပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေက တင်သွင်းခဲ့ပါတယ်။

မြေလွတ်မြေရိုင်းဥပဒေကြောင့် ကျေးလက်ဒေသကပြည်သူတွေ ထောင်နဲ့ချီပြီး တရားစွဲခံရမယ့် အခြေအနေ ရှိနေပြီး၊သဘာဝသယံဇာတ အရင်းအမြစ်တွေကို အတားအဆီးမဲ့ ထုတ်ယူနေတာတွေကြောင့် ဒေသခံတွေ ထိခိုက်နစ် နာနေရကြောင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးရသလို ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း မစ္စယန်ဟီးလီက တင်ပြ ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးလာနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းဖို့၊ ICC ကို လွှဲပြောင်းဖို့မဖြစ်နိုင်ရင် နိုင်ငံတကာအနေနဲ့ သီးခြားလွတ် လပ်တဲ့ ခုံရုံးတစ်ခု ထူထောင်ဖို့လည်း မစ္စယန်ဟီးလီက တိုက်တွန်းသွားပါတယ်။

လူ့အခွင့်အရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ Forum Asia အဖွဲ့က မခင်ဥမ္မာ က လည်း… မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ICC ကိုလွှဲပြောင်းဖို့လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်လာတဲ့အပေါ် စိုးရိမ်ရတဲ့ အခြေအနေနဲ့၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ မိမိသဘောဆန္ဒအလျောက် လုံခြုံစိတ်ချမှုရှိရှိ နေရပ်ပြန်လာဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို တွေ့နေရကြောင်း၊ မြန်မာ့သယံဇာတတွေကို အတားအ ဆီးမဲ့ ထုတ်ယူမှုတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်ကြရပြီး ရရှိတဲ့အကျိုး အမြတ်တွေကိုလည်း စစ်တပ်နဲ့ စစ် တပ်ပိုင်လုပ်ငန်းကြီးတွေကသာ ရယူသွားကြတာ၊ သယံဇာတတွေကို တရားလက် လွတ် ထုတ်ယူမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကို ဒေသခံတိုင်းရင်းသားတွေ ခံစားနေရသလို စစ် တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ကြုံတွေ့နေရကြောင်း၊ အခုလို မြန်မာနိုင်ငံတွင်းက အခြေအ နေတွေကြောင့် ICC ကို လွှဲပြောင်းဖို့ မခင်ဥမ္မာက တိုက်တွန်းသွားပါတယ်။

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့… မြန်မာ့အရေးကို ICC လွှဲ ပြောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်လို့ မြန်မာ အစိုးရ အ နေနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အ တွင်း ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း၊ ဒါကြောင့် ICC မှာ လွှဲပြောင်းစစ်ဆေးဖို့ ပြောဆိုချက်ကို လုံးဝ လက်မခံနိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */