Saturday, April 6, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ မုတ်သုန်ဒဏ်ခံနိုင်ရေး ကုလ ကူညီ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်၊နိုင်ငံတကာ
06 ဧပြီ၊ 2019
                                                                      UNHCR ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic

မကြာခင်ကျရောက်လာတော့မယ့် မုတ်သုန်ရာသီ မတိုင်ခင် ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်း ထဲက ရိုဟင်ဂျာတွေကို မိုးလေဒဏ်ကနေ အကာကွယ်ပေးဖို့နဲ့ သဘာဝဘေးကို ဘယ်လို ကာကွယ် ရမလဲဆိုတဲ့ လေ့ကျင့်သင်ကြားမှုတွေကို ကုလသမဂ္ဂနဲ့ အခြား မဟာမိတ်အဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က သော ကြာန့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက အဲဒီဒုက္ခသည်စခန်းမှာ ကြုံခဲ့ရတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ပြင်ဆင်မှုတွေ လုပ်လာတာလို့ ဆိုပါတယ်။

အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

၂၀၁၈ ခုနှစ် မုတ်သုန်မိုးရာသီတုန်းက ကော့ဆက်ဘဇား ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေဟာ မိုးသည်း ထန်ပြီး လေပြင်းတိုက်တာ ရေကြီး မြေပြိုတာ နေအိမ်တွေပျက်စီးတာ ကြုံခဲ့ရတာကြောင့် မကြာခင်ကျရောက်လာမယ့် မုတ်သုန်မိုးဒဏ်မတိုင်ခင် ဒုက္ခသည်တွေ သဘာဝဘေးကို ကာကွယ်နိုင်ဖို့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာတဲ့ အကူအညီပေးရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်နေကြောင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic က ပြောပါတယ်။

“မကြာခင် သီတင်းပတ်တွေ အလွန်မှာ ရောက်လာတော့မယ့် မုတ်သုန်မိုးနဲ့ ဆိုင်ကလုန်းမုန်တိုင်းကို ကော့ ဆက် ဘဇား စခန်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘယ်လိုကာကွယ် ရင်ဆိုင်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ ကျနော်တို့ UNHCR ကရော၊ လက်တွဲဖေါ် အဖွဲ့တွေကပါ အရေးပေါ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးနေ သ လို လေ့ကျင့်သင်ကြားမှုတွေပါ လုပ်နေပါတယ်။ မနှစ်တုန်းက မုတ်သုန်ရာသီဟာ ဒုက္ခသည်တွေ အတွက် ရော လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့တွေ အတွက်ပါ စိန်ခေါ်မှုတရပ်ဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ ရဲ့ အကူအညီကို ရယူခဲ့ရပါတယ်။”

၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းဒေသမှာ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုနောက်ပိုင်း မြန်မာ့တပ် မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ် အတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက် ခွာ သွားခဲ့တယ်လို့ ကုလသမဂ္ဂစာရင်းတွေမှာ ဖေါ်ပြပါတယ်။ မြန်မာအစိုးရ ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို အသိ အ မှတ်ပြုထားခြင်း မရှိပါဘူး။
Cox’s Bazar

ကော့ဆက်ဘဇားကို ရောက်လာကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းထဲက မြေပြန့်မှာရော ကုန်မြင့် တောင်စောင်းက နေရာလွတ်တွေမှာ နေအိမ်တွေ တည်ဆောက်နေထိုင်ခဲ့ကြတာပါ။ အခုလို ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရတာဟာ ဒုက္ခသည်တွေရဲ့ အသက်ဆုံးရှုံးမှုကို ကာကွယ် ဖို့ဖြစ်တယ်လို့ Andrej Mahecic က ပြောပါတယ်။

“အခုဆိုရင် ဒုက္ခသည် ၂၆,၀၀၀ ကျော်ကို သဘာဝဘေးကနေ လုံခြုံစိတ်ချရမယ့်နေရာကိုကျနော်တို့ ပြောင်း ရွှေ့ပေးထားပါတယ်။ ပြီးတော့ မတ်စောက်တဲ့ တောင်ကုန်းနေရာတွေမှာ ရေကြီးပြီးမြေပြိုတာမျိုးမဖြစ်ရ အောင် ကြိုတင်ပြင်ဆင်နေပါတယ်။ ဒီလို အကာအကွယ်မျိုးတွေ လုပ်နိုင်ခဲ့တာကြောင့်လည်း မနှစ် တုန်းက ဆိုရင် လူသေဆုံးမျိုး၊ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာ ရတာမျိုးတွေ နည်းပါးခဲ့ပါတယ်။”

ဒုက္ခသည်စခန်းဟာ မုတ်သုန်ရာသီ ရောက်လာတာနဲ့အမျှ မိုးသည်းထန် ရေကြီးတဲ့ဒဏ်ကို ခံရပြီး၊ ကူးစက် ရောဂါတွေလည်း အလွယ်တကူ ကူးစက်နိုင်တဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဒါကြောင့်  ဒီနှစ်မှာတော့ ဒုက္ခသည်စခန်းထဲက မြေပြင်ကြံ့ခိုင်မှုရှိအောင် ပြုပြင်တာ နေအိမ်အမိုးအကာ ခိုင်ခံအောင် လုပ်တာ စတဲ့စီမံချက်ရော၊ စခန်းတွင်း လမ်း တံတားနဲ့ ရေနုတ်မြောင်းတွေ တူးဖေါ်ပေးတာကိုပါ အလေး ထား လုပ်ဆောင်နေတယ်လို့ Andrej Mahecic က ရှင်းပြပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် တောင်ကုန်းဒေသဖြစ်တဲ့ ကော့ဆက်ဘဇားစခန်းထဲက ဒုက္ခသည်တွေရဲ့ဘဝကတော့ အခုချိန်ထိ အန္တရာယ်တွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲတဲ့ ဆိုင်ကလုန်း မုန် တိုင်း နဲ့ မုတ်သုန်မိုးကြောင့် ရေကြီးတာ မြေပြိုနိုင်တာ စတဲ့ အန္တရာယ်တွေလည်း ရှိနေဆဲပါ။

ဒီလိုအခြေအနေတွေကြောင့် ဒုက္ခသည်တွေအတွက်ရော အဲဒီက ဒေသခံ ဘင်္ဂလီတွေအတွက်ပါ လူသားချင်း စာ နာတဲ့ အကူအညီတွေ အတော်ကိုလိုအပ်နေပါတယ်။”

ဒုက္ခသည်စခန်းထဲ ဆောင်ရွက်နေတဲ့ အရေးပေါ်အစီအစဉ်တွေထဲမှာ သဘာဝဘေးအန္တရာယ် မတိုင်မီနဲ့ ဘေးအန္တရာယ်နောက်ပိုင်း အသုံးပြုဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို အခြားလိုအပ်တဲ့ အသုံးအဆောင် တွေကို စခန်းတလျှောက်မှာ ဖြန့်ချထားပြီး၊ မိုးဒဏ် လေဒဏ်ခံရမှုကို လျှော့ချနိုင်ဖို့အတွက် သက်သာစေ နိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ရှာဖွေနေပြီး၊ ဘယ်အတိုင်းအတာထိ အန္တရာယ် ကျရောက်နိုင်မယ်ဆိုတဲ့ တိုင်းတာ တွက်ချက်မှုတွေကိုလည်း ကုလသမဂ္ဂနဲ့ လူသားချင်းစာနာတဲ့ အကူအညီပေးရေးအဖွဲ့တွေက ကြို တင်လုပ်ဆောင်နေကြောင်း UNHCR ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

UNHCR တာဝန်ရှိသူတွေနဲ့ အခြား လက်တွဲဆောင်ရွက်တဲ့ အဖွဲ့တွေက မိုးရာသီ မတိုင်ခင် ဒုက္ခသည် စခန်း ထဲမှာ တအိမ်တက် တအိမ်ဆင်းနဲ့ မုတ်သုန်ရာသီအတွင်း ဂရုစိုက်ရမယ့် ကျန်းမာရေးနဲ့ ဘေးကင်းရေး ဆိုင်ရာ သ တင်းအချက်အလက်တွေ လိုက်လံဝေငှပေးနေပြီး ဒုက္ခသည်တွေကိုယ်တိုင် ဘယ်လို ကာကွယ်ရမ လဲဆိုတာ သင်ကြားပေးနေပါတယ်။

တကယ်တော့ ကော့ဆက်ဘဇားဒေသဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဆင်းရဲဆုံးနဲ့ စောင့်ရှောက်ခံရမှု အနည်း ဆုံး ဒေသလည်းဖြစ်ပြီး၊ အဲဒီဒေသကို မကြာသေးခင်က ရောက်လာတဲ့ ကူညီထောက်ပံ့မှုတွေကို UNHCR နဲ့ လက်တွဲဖေါ်အဖွဲ့တွေက ပြန်လည်ဝေငှပေးဖို့လည်း စီစဉ် နေတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာ အရေးပေါ် သုံးစွဲဖို့ ငွေကြေးအပါအဝင် ယာယီတဲအိမ်တွေနဲ့ အလွယ်တကူ ချက်ပြုတ်နိုင်တဲ့ ဂက်စ်မီးဖိုတွေလည်း ပါ ဝင်ပါတယ်။
-------
   
  Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */