RFA
လြတ္လပ္တဲ့ အာရွအသံ
2019-04-26
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂ သိန်း အတွက်အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂအကြီးအကဲ သုံးယောက်က မနေ့ကပြောလိုက်ပါတယ်။
လြတ္လပ္တဲ့ အာရွအသံ
2019-04-26
ကုလသမဂ္ဂအရာရှိ သုံးယောက်ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ။
Photo: AFP
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂ သိန်း အတွက်အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂအကြီးအကဲ သုံးယောက်က မနေ့ကပြောလိုက်ပါတယ်။
IOM အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသူများကူညီရေးအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး အန်တိုနီယို ဗစ်တိုရီနို ၊ UNCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဌာနမှူး မာ့ခ် လိုးကော့ခ်နဲ့UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီတို့ သုံးယောက်ရဲ့ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
ကုလသမဂ္ဂအနေနဲ့လည်း ရိုဟင်ဂျာ ပြဿနာပြေလည်ရေးအတွက် ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်သလို ဒုက္ခ သည်တွေ နေရပ်ပြန်နိုင်မယ့်အခြေအနေတွေ ဖြစ်လာအောင်လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။ တပြိုင်နက်တည်းမှာပဲ အဲဒီ ဒုက္ခသည်တွေ တကယ်လိုအပ်နေတဲ့အကူအညီတွေကို ဆက်ပြီးပံ့ပိုးကြဖို့ နိုင်ငံ တကာအသိုင်း အဝိုင်းကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ကုလသမဂ္ဂအကြီးအကဲ သုံးယောက်ဟာ ခရီးစဉ်အတွင်း ကော့ဆက်ဘဇားခရိုင်က ဒုက္ခသည်တွေနဲ့ တွေ့ပြီး သူတို့ရဲ့ကိုယ်တွေ့ဖြစ်ရပ်တွေ နားထောင်ခဲ့ကြပါတယ်။
၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာတွေ မောင်းထုတ်ခံရပြီးတဲ့ နောက်ပိုင်း ကုလသမဂ္ဂအရာရှိတွေအနေနဲ့ ရခိုင်မြောက်ပိုင်း က ကျေးရွာပေါင်း ၁ဝဝ လောက်ကိုပဲ သွားရောက် ကြည့်ရှုလေ့လာခွင့်ရခဲ့တယ်လို့လည်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက သတင်းထောက်တွေကို ပြောပါတယ်။
Link : Here

No comments:
Post a Comment