" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Friday, May 3, 2024

မောင်တောမြို့နားသို့ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာ

နိရဉ္စရာ
ရက်စွဲ: ၀၃ မေ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၃ /၂၀၂၄

(စစ်ကောင်စီက ရေကြောင်းမှအင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး စစ်တွေသို့ စစ်ဇက်ရေယာဉ်ဖြင့် စစ်တပ်မိသားစုများနှင့်၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့)

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာသဖြင့် စစ်ကောင်စီက ရေကြောင်းကနေ အင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး တစ်ခြားတစ်ဖက်တွင်လည်း ရေတပ် ဇက်ရေယာဉ်များဖြင့် စစ်တပ်မိသားစုများနှင့် ၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့ နေသည်ဟု သတင်းရရှိသည်။

ကျီးကန်းပြင်ဌာနချုပ်အပါအဝင် နယ်ခြားစောင့်တပ်စခန်း နှစ်ခု AA သိမ်းပိုက်

RFA
RFA Burmese
2024.05.03 

အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ကျီးကန်းပြင်ဌာနချုပ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဥ်။Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ကျီးကန်းပြင် ဌာနချုပ်လို့ လူသိများတဲ့ စစ်ကောင်စီရဲ့ ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးနဲ့ လေးမိုင် အမှတ်(၂) နယ်ခြားစောင့်တပ်ရင်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မေလ ၂ ရက် မနေ့က သိမ်းပိုက်လိုက်ကြောင်း AA အဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

Thursday, May 2, 2024

ရခိုင်မှာ သတင်းတု ၊ သတင်းမှားတွေပျံ့နှံ့နေမှုကို စိုးရိမ်တယ်လို့ကုလပြော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူ စတဖင်ဒူဂျဲရစ်

BBC
May 3 2024

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူ စတဖင်ဒူဂျဲရစ်

မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သတင်းတု၊သတင်းမှားတွေ ပျံ့နှံ့နေမှုကို စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူ စတဖင်ဒူဂျဲရစ်က မေလ ၁ ရက် နယူးယောက်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ဖြစ်နိုင်ခြေများ

RFA
RFA Burmese
2024.05.02 

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးအား မြဝတီမြို့နယ်စပ်တစ်နေရာတွင် ၂ဝ၂၄ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

“ကျွန်မတို့ရွာက စစ်တပ်ကို လူသုံးဆယ်ပေးရပါတယ်။ လူသုံးဆယ်မပေးရင် ကျွန်မတို့ လုပ်ကိုင်စားသောက်နေတဲ့ ငါးစက်လှေတွေကို ပိတ်မယ်လို့ပြောပါတယ်။ အဲဒီလို ငါးဖမ်းခွင့် ပိတ်မယ်ပြောတော့ ကျွန်မတို့က ကြောက်ပါတယ်။ ဒီ လူသုံးဆယ်ကို ပေးလိုက်ရရင်လည်း ရွာမှာ လူသုံးထောင်လောက် ရှိသေးတယ်။ ဒီလူ သုံးဆယ်သွားရင် ရွာကလူတွေ အဆင်ပြေမယ်။ ငါးဖမ်းခွင့်ပိတ်လိုက်ရင် တစ်ရွာလုံး ငတ်ပြီးသေမယ်။ အဲဒါကြောင့် သူတို့သွားကြတာပါ”

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများကူညီ

နိရဉ္စရာ
လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မေ ၂ / ၂၀၂၄

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများမှအကူညီ ပေးခဲ့ကြောင်း သတင်း ရရှိသည်။

ရခိုင်မြောက်ပိုင်းမှာ အမုန်းစကားနဲ့သတင်းမှားပြန့်နှံ့မှု ကုလစိုးရိမ်မကင်းဖြစ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ မေ၊ ၂၀၂၄

                                        ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ , Stéphane Dujarric

မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ပတ်သက်ပြီး သတင်းမှားတွေ၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေနဲ့ အမုန်းစကားတွေ ပြန့်နှံ့နေကြောင်း မြန်မာနိုင်ငံထဲက ကုလသမဂ္ဂရုံးက မြေပြင်ကသတင်းအ ချက်အလက်တွေ တင်ပြထားကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

စစ်ကောင်စီ၏ ပယောဂကြောင့် ရိုဟင်ဂျာနှင့် ရခိုင်တို့၏ တဒင်္ဂချစ်ကြည်ရေး ပြိုလဲပြီလော

Myanmar Now
ရောင်နီ
May 1, 2024

စစ်ကောင်စီသည် ခေတ်အဆက်ဆက်က ၎င်းတို့ဖိနှိပ်ခဲ့သော ရိုဟင်ဂျာမွတ်စလင်များကို လက်နက်တပ်ဆင်ပေး၍ တစ်ဖုံ၊ ဆန္ဒပြခိုင်း၍ တစ်နည်း အသုံးချကာ ဒေသခံများ၏ အားပေးထောက်ခံမှုရနေသော AA ကို တိုက်ခိုက်ရန်၊ ဒေသတွင်းပဋိပက္ခဖန်တီးရန် အပြင်းအထန် ကြိုးပမ်းနေသည်။

ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံရေး ပြတ်တောက်နေမှုသည် အာရက္ခတပ်တော် (AA) အင်အား အတော်အတန်ကြီးထွားလာသည့် ၂၀၂၁ နောက်ပိုင်းတွင် အဆုံးသတ်နိုင်ခဲ့သည်။

Tuesday, April 30, 2024

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ဧပြီလ၊ ၂၀၂၄

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါ သည်။

အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
30.04.2024
VOA
VOA
VOA
30.04.2024
BBC
-
BBC
30.04.2024
RFA
RFA
RFA

ဘင်္ဂါလီ ၅ ယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ဟု FRC ပြော

PCT News
April 29, 2024

( ရေးသားမှု အစွန်းရောက်သော်လည်း မှတ်တမ်းအဖြစ် ရေးမှတ်ထားခြင်းဖြစ်ပါသည် )

မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂါလီရွာသား ၅ ယောက်ကို ဧပြီလ ၁၇ ရက်နေ့မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ AA ဖမ်းဆီးသွားတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့ပြီး AA က သတ်ဖြတ်လိုက်တယ်လို့ FRC အဖွဲ့က ရိုနေဆန်းလွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ရိုဟင်ဂျာ (သို့) ဆူးကြားက ဘူးခါးဘဝများ - ကိုရိုနေဆန်းလွင် နဲ့ သီးသန့် မေးမြန်းခန်း

THN Freelance Journalist
သက်ထွေးနိုင် (သတင်းထောက်) 

မောင်းတောမြောက်ပိုင်း အဘူဂျာရွာက ရိုဟင်ဂျာ ၅ ဦး အာရက္ခတပ်တော် AA က ဖမ်းဆီးပြီးနောင် သေဆုံးသွားခြင်း ရိုဟင်ဂျာတွေက တိုက်ပွဲအလိုမရှိကြောင်း AA အလိုမရှိကြောင်း ဆန္ဒပြမှု စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်း ခေါ်ဆောင်မှု နောက်ကွယ်... စတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေအပေါ် ရိုဟင်ဂျာတွေရဲ့ လက်တွေ ရင် ဆိုင်နေရတဲ့ အခြေအနေက ဘယ်လို ရှိတယ်ဆိုတာ သိရအောင် ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ က ကိုရိုနေဆန်းလွင် ကို ဆက်သွယ်မေးမြန်တင်ဆက်ထားပါတယ်။

Link : Here

Monday, April 29, 2024

ယနေ့သတင်း (အမြန်ရှာရန်) 2024 ဧပြီလ

ဤနေရာတွင် ရက်စွဲအလိုက် သတင်းများကို ဝင်ရောက်ရှာဖွေနိုင်ပါသည်။ (ဖတ်ရန်နှိပ်ပါ

 30.04.2024   အင်္ဂါနေ့ မြန်မာသတင်းနှင့် နိုင်ငံတကာသတင်းများ

ဘီဘီစီ သတင်းများ

၅ လကြာစွန့်ခွာပြီး ခဏတာအပြန် - ကောကရိတ်မြို့ထဲ ဘာတွေဖြစ်နေလဲ 

ပြန်မနေရဲကြသေးတဲ့ ဒေသခံတွေလည်းရှိ 

မီးမလောင်၊ မပျက်စီးပေမဲ့ အိမ်ဖောက်ခံရ 

ပူးပေါင်းတပ်တွေ ကော့ကရိတ်ကနေ ဘာကြောင့် နောက်ဆုတ်ခဲ့ကြတာလဲ 

မငြိမ်သက်သေးတဲ့ စစ်ရေးအခြေအနေ 

အစ္စရေး အပစ်ရပ် ကမ်းလှမ်းမှု ဟားမတ်စ် လက်ခံမယ်လို့ ကန်မျှော်လင့် 

မြန်မာရောက် ထိုင်းတွေကို ပြန်လည်ခေါ်ယူဖို့ ထိုင်းရေတပ်စစ်သင်္ဘောတွေ အသင့်ပြင်ထား 

ချားလ်စ်ဘုရင် လူထုကြား တော်ဝင်တာဝန်တွေ ပြန်လည်ထမ်းဆောင်မယ် 

အမ်းက တောဟိန်းတောင်ဗျူဟာစခန်းတိုက်ပွဲ ဘာတွေဆက်ဖြစ်နေလဲ 

လာမယ့်ဇွန်လမှာ အယ်နီညိုကနေ ပုံမှန်ရာသီဥတုအခြေအနေကိုပြန်ရောက်နိုင် 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးကနေ နုတ်ထွက် 

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပွဲလာတဲ့ လူဆယ်ချီ ခွေးရူးကိုက်ခံရ 

စစ်ကောင်စီက နေရပ်ပြန်ဖို့ပြောပေမဲ့ ဓမ္မသဒေသခံတွေ မပြန်ကြသေး 

ထိုင်းအဆိုပြုတဲ့ မြန်မာ့အရေး Trioka နဲ့ Troika Plusဆိုတာ ဘာလဲ 

အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာစခန်းကို အေအေသိမ်းပိုက် 

ဘန်ကောက်က တရားမဝင်ဖွင့်ထားတဲ့ ဘားမှာ မြန်မာ ၁၆ ယောက် အဖမ်းခံရ 

မင်းတပ်မြို့နယ်က ဝမ္မသူးဆေးရုံ ထပ်မံလေကြောင်းတိုက်ခိုက်ခံရ 

မြန်မာ့အရေး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံပူးတွဲဖြေရှင်းရေးကို လာအိုကြိုဆို 

မြန်မာစစ်တပ်ကို လက်နက်မထောက်ပံ့ဖို့ တရုတ်ကို NUG တိုက်တွန်း 

ကင်ဆာကုသမှုခံယူခဲ့တဲ့ ချားလ်စ်ဘုရင် တော်ဝင်တာဝန်တွေ ပြန်လည်ထမ်းဆောင်မယ် 

RFA သတင်းများ

တစ်လနီးပါး ပျောက်နေတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းပြန်ထွက်လာ 

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ 

နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှုကြောင့် ကုန်သည်တွေ အခက်ကြုံနေ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်က စာသင်ကျောင်းနဲ့ နေအိမ်တွေပျက်စီး 

အရှေ့တောင်အာရှနိုင်ငံအများစု စံချိန်တင်မြင့်မားတဲ့ အပူချိန်ကို ရင်ဆိုင်နေရ

အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ သေဆုံးမှု ပိုများလာ

ဆင်ဘိုမြို့က ခလရ (၁၄၁) တပ်ကို သိမ်းပိုက်လိုက်ကြောင်း KIA ပြော

ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

VOA သတင်းများ

အစ္စရေးကမ်းလှမ်းချက် ဟာမတ်စ်လက်ခံဖို့ ကန်မျှော်လင့်

မင်းတပ် ဝမ္မသူးတိုက်နယ်ဆေးရုံ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရ 

မြစ်ကြီးနားအကျဉ်းထောင် ဆန္ဒပြမှုနဲ့ပစ်ခတ်မှု စုံစမ်းအရေးယူနေ  

မြန်မာနိုင်ငံမှာ ဧပြီလအတွင်း အပူချိန် စံချိန်တင်မြင့်တက်  

အာရှတလွှား အပူဒဏ်အန္တရာယ် သတိပေးချက်တွေထုတ်ပြန်  

မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံသားတွေ လုံခြုံရေးအတွက် ထိုင်းရေတပ်အသင့်ပြင်

ဂါဇာဒေသ စာနာမှုအကူအညီရရေး အစ္စရေးကို ကန်နိုင်ငံခြားရေးဝန်ကြီး ဖိအားပေး 

စစ်ကောင်စီနဲ့ AA တပ်ဖွဲ့တွေ ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွား 

ဆင်ဘိုအနီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ကြောင်း KIA ကြေညာ  

နိုင်ငံတကာသက်ရောက်မှုရှိမယ့် ဆော်လမွန်ကျွန်းရွေးကောက်ပွဲ 

အငြင်းပွားပင်လယ်ပြင်ထဲ တရုတ်နဲ့ ဂျပန်လွှတ်တော်အဖွဲ့ ထိပ်တိုက်တွေ့ 

မြန်မာ့အရေး ၃ ပွင့်ဆိုင် အာဆီယံ ဆွေးနွေးဖို့အဆို လာအိုနိုင်ငံထောက်ခံ  

ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့် AA ထုတ်ပြန်

BBC
၂၇ ဧပြီ ၂၀၂၄ 

ဘူးသီးတောင်မြို့ ရပ်ကွက် ၅ ထဲက မီးရှို့ခံရတဲ့ နေအိမ်မြင်ကွင်း


ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့မှာ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ကို အာရက္ခတပ်တော် (AA) က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ ဘာဆန်ဂျာကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေ

VOA
ဆုမွန်

၂၉ ဧပြီ၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ Photo: Reuters 

သဘာဝဘေးအန္တရာယ်နဲ့ မိုးများရေကြီးပြီး ပင်လယ်ရေလွှမ်းမိုးနိုင်ခြေ အသက်အန္တရာယ်များတဲ့ ဘာဆန်ချာကျွန်းမှာ ရွှေ့ပြောင်းနေရာချခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေရှိပေမဲ့ ကော့ဇ်ဘဇားနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ခရီးသွားခွင့် အသွားအလာကန့်သတ်မှုတွေနဲ့ ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ခံထားရသလို ပုံမှန်ဝင်ငွေရနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့အခြေအတွေနဲ့ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေကပြောပါတယ်။ ဘာဆန်ချာကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဂျပန်အပါအဝင် နိုင်ငံတကာအလှူရှင်တွေဘက်က အလုပ်အကိုင်ဖန်တီးပေးတာအပါအဝင် ကူညီဆောင်ရွက်ပေးသင့်တာတွေနဲ့ပတ်သက်လို့ Hope for Rohingya ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ယနေ့သတင်းစာများ(ကြေးမုံ+မြန်မာ့အလင်း)ဧပြီလ ၂၀၂၄

၂၀၂၄ ဧပြီလ မြန်မာ့အလင်းသတင်းစာ

မြန်မာ့အလင်း သတင်းစာ

30.04.2024 

Thursday, April 25, 2024

စစ်တွေမှာ နောက်ထပ် ရိုဟင်ဂျာသုံးရာကျော် စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရ

RFA
RFA Burmese
2024.04.25 

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဒါးပိုင်၊ ဗေဒါ၊ ဘာဆာရာ အစရှိတဲ့ ကျေးရွာပေါင်း သုံးဆယ်ကျော်က အသက် ၁၈ နှစ်ကနေ ၃၀ ကျော် အရွယ် ရိုဟင်ဂျာသုံးရာခန့်ကို ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီက စစ်သင်တန်းပေးဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက RFA ကို ဧပြီလ ၂၅ ရက်နေ့က ပြောပါတယ်။

“လူမျိုးသုဉ်းသတ်ဖြတ်မှု ဆက်လက်ကျူးလွန်ဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာ”

Myanmar Now
စထွန်းအောင်
April 25, 2024

ရခိုင်နဲ့ ရိုဟင်ဂျာ မျိုးနွယ်စုနှစ်ခုကြားက နလန်ထူကာစ ပေါင်းစည်းမှုတွေ ပျက်ပြယ်ပြီး၊ လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေဆီကို တွန်းပို့နေတဲ့ အခြေအနေတချို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေပါတယ်။ စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး၊ ရှေ့တန်းစစ်မြေပြင်မှာ အသုံးချနေတဲ့ အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုမှာ စစ်ကောင်စီစစ်သားတွေနဲ့ ရက်တိုစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ ပါဝင်တယ်လို့ စွပ်စွဲချက်တွေ ရှိလာပါတယ်။ 

Tuesday, April 23, 2024

ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်းများမှ နေရပ်စွန့်ခွာ တိုက်ပွဲရှောင် အိမ်ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့

ပေါ်ပြူလာဂျာနယ်
Popular Journal
April 23, 2024 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်း (၃) ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာအိမ် ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြော င်း န.စ.က. သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မောင်တောက ရိုဟင်ဂျာငါးဦးကို AA ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေ ပြော၊ AA ငြင်းဆို

RFA
RFA Burmese
2024.04.23

ရခိုင်ပြည်နယ် မောင်တောမြို့အဝင်ဝအား တွေ့ရစဉ်။ RFA


Updated 12:55 PM Apr 24, 2024

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု အဘူဂျာကျေးရွာက ရိုဟင်ဂျာငါးဦးကို ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၇ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှာ သူတို့အလောင်းတွေကို ပြန်တွေ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

လူမျိုးရေး၊ ဘာသာရေး ထောင်ချောက် သတိထားကြရန် တိုက်တွန်း

ဧရာဝတီ
by စောမေရီ
23 April 2024

 

 ရခိုင်ပြည်နယ်အတွင်း စစ်ရေးမှာ အကြီးအကျယ် ရှုံးနိမ့်နေတဲ့ စစ်တပ်ဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အစီစဉ်တကျ ဖန်တီးလုပ်ဆောင်နေတယ်လို့ ရခိုင့်အရေး စောင့်ကြည့်လေ့လာသူတွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေက ထောက်ပြနေကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၁၀၀ ခန့် သေဆုံး

DVB
April 23, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ အခုသီတင်း ပတ်တွေအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တာကြောင့် ကလေးငယ်တွေ အပါအဝင် လူ အယောက် ၁၀၀ လောက်သေဆုံးခဲ့ရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံထံက သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */