" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 25, 2024

“လူမျိုးသုဉ်းသတ်ဖြတ်မှု ဆက်လက်ကျူးလွန်ဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာ”

Myanmar Now
စထွန်းအောင်
April 25, 2024

ရခိုင်နဲ့ ရိုဟင်ဂျာ မျိုးနွယ်စုနှစ်ခုကြားက နလန်ထူကာစ ပေါင်းစည်းမှုတွေ ပျက်ပြယ်ပြီး၊ လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေဆီကို တွန်းပို့နေတဲ့ အခြေအနေတချို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေပါတယ်။ စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး၊ ရှေ့တန်းစစ်မြေပြင်မှာ အသုံးချနေတဲ့ အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုမှာ စစ်ကောင်စီစစ်သားတွေနဲ့ ရက်တိုစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ ပါဝင်တယ်လို့ စွပ်စွဲချက်တွေ ရှိလာပါတယ်။ 

တစ်ဖက်မှာလည်း ရခိုင်လူထုကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ AA ဟာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေချိုးဖောက်မှုတချို့ ကျူးလွန်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေပါတယ်။ ဒီလိုအခြေအနေမှာ ရိုဟင်ဂျာလူအုပ်စုလိုက် လမ်းပေါ်ထွက်လာပြီး အေအေဆန့်ကျင်ရေး ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ အာဏာသိမ်းစစ်တပ်သာဖြစ်တယ်လို့ ရခိုင်ကော၊ ရိုဟင်ဂျာအသိုင်းအဝိုင်းကပါ နားလည်၊ လက်ခံထားကြပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးရဲ့ တရားခံဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်သာဖြစ်ပြီး နှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံရေး၊ စစ်ရေးအရ အသုံးချနေတာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးက ပြောပါတယ်။ 

ရခိုင်ပြည်နယ်၊ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောက လက်ရှိအခြေအနေဟာ ဘယ်လောက်အထိ စိုးရိမ်စရာ ရှိပါသလဲ၊ ဘုံရန်သူဟာ စစ်ကောင်စီသာဖြစ်တာကြောင့် ဒီအခြေအနေကို ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေက ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း – စထွန်းအောင်

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */