" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 29, 2024

စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ ဘာဆန်ဂျာကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေ

VOA
ဆုမွန်

၂၉ ဧပြီ၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ Photo: Reuters 

သဘာဝဘေးအန္တရာယ်နဲ့ မိုးများရေကြီးပြီး ပင်လယ်ရေလွှမ်းမိုးနိုင်ခြေ အသက်အန္တရာယ်များတဲ့ ဘာဆန်ချာကျွန်းမှာ ရွှေ့ပြောင်းနေရာချခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေရှိပေမဲ့ ကော့ဇ်ဘဇားနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ခရီးသွားခွင့် အသွားအလာကန့်သတ်မှုတွေနဲ့ ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ခံထားရသလို ပုံမှန်ဝင်ငွေရနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့အခြေအတွေနဲ့ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေကပြောပါတယ်။ ဘာဆန်ချာကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဂျပန်အပါအဝင် နိုင်ငံတကာအလှူရှင်တွေဘက်က အလုပ်အကိုင်ဖန်တီးပေးတာအပါအဝင် ကူညီဆောင်ရွက်ပေးသင့်တာတွေနဲ့ပတ်သက်လို့ Hope for Rohingya ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မကြာခင် မုတ်သုံမိုးရာသီစတင်လာချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် Bhasan Cher ကျွန်းဆီကို ဒီလထဲမှာပဲ ရိုဟင်ဂျာ ဒုက္ခ သည်စခန်းတွေကဒုက္ခသည်တချို့ ရွှေပြောင်းနေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကိုပြော ပါတယ်။ Bhashan Char ကျွန်း ဆိုတာကတော့ မြန်မာနိုင်ငံက တိမ်းရှောင်ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေထူထပ်များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ရွှေ့ပြောင်းနေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့ ပင်လယ်ထဲက မြေနုကျွန်းတကျွန်းဖြစ်ပါတယ်။ ဘာဆန်ချာကျွန်းဆီကို ဒုက္ခသည်တွေဟာ သူတို့ဆန္ဒအလျောက်ပြောင်းရွှေ့နေကြတာလို့ ဘင်္ဂလားအာဏာပိုင်တွေကဆိုပေမဲ့လည်း ရိုဟင်ဂျာဒုက္ခသည်တွေဟာ ရိက္ခာဖြတ်တောက်မှုအပါအဝင် ဒုက္ခသည်စခန်းတွင်းနေထိုင်ရတဲ့ခက်ခဲတဲ့ အခြေအနေ အနေအထားတွေကြောင့်ပါ ကျွန်းဆီကို အခြေချဖို့ပြောင်းရွှေ့သွားကြပေမဲ့ ရိုဟင်ဂျာဒုက္ခ သည် အများစုကတော့ မိမိတို့ နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်လိုကြတာလို့ ရိုဟင်ဂျာဒုက္ခသည်တွေကဗွီအိုအေကိုပြောပါတယ်။

ဒီလိုအခြေအနေမှာ ဘာဆန်ချာကျွန်းကို ရွှေ့ပြောင်းနေရာချထားခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သက်မွေးဝမ်းကျောင်းကျွမ်းကျင်ပညာတွေ သင်ကြားတတ်မြောက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဘက်က အမေရိကန်ဒေါ်လာ ၂သန်း ထောက်ပံ့ကူညီပေးမယ့်အကြောင်း နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါက အေပီသတင်းဌာနကိုပြောပါတယ်။ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌရဲ့ ဘာဆန်ချာကျွန်းခရီးစဉ်အပြီး ဘင်္ဂလားအစိုးရရဲ့ ဘာ ဆန်ချာက ရိုဟင်ဂျာတွေအပေါ် စီမံထားမှုတွေကို ချီးကျူးပြောဆိုခဲ့ပြီး ဒီရိုဟင်ဂျာတွေအပေါ် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေ သင်ကြားပေးခြင်းအားဖြင့် ရိုဟင်ဂျာတွေရဲ့ နေရပ်ရင်းပြန်ရေးအတွက် ခြေလှမ်းအဖြစ် သူ့ဖောင်ဒေးရှင်းအနေနဲ့ ကူညီပံ့ပိုးပေးသွားမယ့်အစီအစဉ်ကို အေပီသတင်းဌာနကိုပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူတို့ မြန်မာနိုင်ငံဘက်ကို ပြန်သွားကြမယ်ဆိုရင် သူတို့မှာ ဘာအရည်အချင်းမှ ရှိမနေဘူးဆိုရင် ဆင်းရဲတွင်း နက်သထက်နက်ပြီး အဆုံးသတ်သွားပါလိမ့်မယ် ဒါကြောင့် သူတို့လက်ရှိခိုလှုံနေတဲ့ ဘာဆန်ချာမှာ သူတို့အတွက် ကျွမ်း ကျင်သင်တန်းတွေပေးလိုက်တာက သူတို့အတွက် အထောက်အကူအများကြီးဖြစ်စေမှာပါ။ လက်ရှိမှာ နိပွန်ဖောင်ဒေးရှင်းက ကော့ဘဇားဒုက္ခသည်စခန်းတွေထဲက အထူးသဖြင့် ကလေးတွေရဲ့ ပညာရေးအတွက် ဒေါ်လာ ၄ သန်း လှူဒါန်းထားပြီးဖြစ်ပါတယ်။ အခုလက်ရှိ ဘာဆန်ချာမှာ ကော့ဇ်ဘဇားကနေ ရွှေ့ပြောင်းလာသူ ၃၆၀၀၀ ရှိနေပြီး လစ်လပ်နေဆဲနေရာတွေမှာ ထပ်ပြီးတော့ ရိုဟင်ဂျာ ၄၀,၀၀၀ လောက်ကို ကျွန်းကို ပြောင်းရွှေ့နေရာချထားရေးအတွက် ဒေါ်လာ ၂ သန်း ကုန်ကျမယ်လို့ ကြားရတော့ ဒီကုန်ကျစားရိတ်အတွက် နိပွန်ဖောင်ဒေးရှင်းအနေနဲ့ ပံ့ပိုးကူညီပေးမှာဖြစ်ပြီး သူတို့အတွက် အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းသင်ကြားပေးပြီး ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ဖို့ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။"

အခုလိုဂျပန်ဖောင်ဒေးရှင်းဘက်က ဘာဆန်ချာကျွန်းက ဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးတာအပါအဝင် ဒုက္ခသည်စခန်းတွေထဲမှာ စားနပ်ရိက္ခာဖြတ်တောက်မှုအပါအဝင် စိန်ခေါ်မှုအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ နေရပ်ပြန်ရေးမရေမရာဖြစ်နေသေးတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်ပေးသင့်တဲ့နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဒုက္ခသည်အရေးကူညီပေးနေသူ ကိုအောင်မြိုင်ကို Skype ကနေ ဆက်သွယ်မေးမြန်းကြည့်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */