Thursday, May 2, 2024

ရခိုင်မှာ သတင်းတု ၊ သတင်းမှားတွေပျံ့နှံ့နေမှုကို စိုးရိမ်တယ်လို့ကုလပြော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူ စတဖင်ဒူဂျဲရစ်

BBC
May 3 2024

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူ စတဖင်ဒူဂျဲရစ်

မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သတင်းတု၊သတင်းမှားတွေ ပျံ့နှံ့နေမှုကို စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူ စတဖင်ဒူဂျဲရစ်က မေလ ၁ ရက် နယူးယောက်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

'' လက်ရှိမှာ သိပ်ကိုထိလွယ်ရှလွယ်သဘောတရားနဲ့ ရခိုင်နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းနှစ်ခုကြား လူမျိုးရေးပဋိပက္ခ ဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ တင်းမာမှု အရိပ်အယောင်တွေ မြင်လာရချိန်မှာ လူမှုအသိုင်းအဝိုင်းကြား သဟဇာတ ဖြစ်ရေး ပိုပြီး အားထုတ်ကြိုးပမ်းလာကြတဲ့ ရခိုင်ပြည်နယ်အတွင်းက ရပ်ရွာခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ အားပေးပါတယ်’’ လို့ သူက ပြောပါတယ်။

ဘယ်လိုသတင်းတုသတင်းမှားတွေရယ်လို့ဆိုပြီး သူက ထုတ်ပြောတာမရှိပေမဲ့ စစ်တွေမှာ အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော်) (အေအေ)ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ အေအေ အကြား အပြန်အလှန်ပြောဆိုစွပ်စွဲနေတာတွေကို ရည်ညွှန်းတာလို့ နားလည်ရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော်)ကို အလိုမရှိကြောင်း ရိုဟင်ဂျာတွေ က စစ်တွေမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့မှုဟာ အတင်းအကျပ်စေခိုင်းခံခဲ့ရတာလို့ ကာယကံရှင်အချို့က ဘီဘီစီကို ပြောပေမဲ့ စစ်ကောင်စီကတော့ အဲဒီလိုလုပ်ဆောင်စေခဲ့တာမရှိဘူးလို့ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

ဒါအပြင် ပြီးခဲ့တဲ့ ဧပြီလအတွင်း ရိုဟင်ဂျာ ၅ ဦးထက် မနည်းကို အေအေ က သတ်ဖြတ်တယ်ဆိုပြီးလည်း ရှိခဲ့တာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ) ဘက်ကလည်း စစ်တွေက မွတ်ဆလင်တွေဟာ ဒီလိုဆန္ဒပြဖို့ ဖိအားပေးစေခိုင်းခံခဲ့ရတာလို့ ထုတ်ပြန်ပြောဆိုထားသလို ရိုဟင်ဂျာတွေကို သတ်ဖြတ်တာမရှိဘူးလို့ ‌အေအေ ကပြောဆိုထားတာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာပဲ ရခိုင်မြောက်ပိုင်းက သတင်းတုသတင်းမှားတွေကို စိုးရိမ်တဲ့အကြောင်း ကုလ အတွင်းရေးမှူးချုပ်ပြောခွင့်ရသူက ပြောလာတာဖြစ်ပါတယ်။

စနစ်ကျကျ ခွဲခြားဆက်ဆံမှုနဲ့ ပြစ်ဒဏ်ကျူးလွန်ခံရသူတွေပြစ်ဒဏ်ပေးခံရမှုကနေ ကင်းလွတ်နေတာတွေကို ဖြေရှင်းမှသာ မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကနေ လွတ်မြောက်နိုင်မှာလို့ သူက ပြောသလို အဲဒီလိုမလုပ်နိုင်ဘူးဆိုရင် မြန်မာပြည်တွင်းက အကြမ်းဖက်မှုသံသရာတစ်ပတ်လည်နိုင်တယ်လို့ နိုင်ငံအတွင်းမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောထားတယ်လို့လည်း သူက ပြောပါတယ်။

အရပ်သားတွေပေါ် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်မှုကို ရှုတ်ချပြီး အရပ်သားတွေ၊ အကူအညီ‌ပေးရေးလုပ်သားတွေကို အကာအကွယ်ပေးကြဖို့ကိုလည်း တောင်းဆိုတယ်လို့သူ ကပြောထားပါတယ်။

 

ဘူးသီးတောင်က နေအိမ်တွေနဲ့ ရုံးခန်းတွေ မီးရှို့ဖျက်ဆီးခံရ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */