" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 23, 2024

လူမျိုးရေး၊ ဘာသာရေး ထောင်ချောက် သတိထားကြရန် တိုက်တွန်း

ဧရာဝတီ
by စောမေရီ
23 April 2024

 

 ရခိုင်ပြည်နယ်အတွင်း စစ်ရေးမှာ အကြီးအကျယ် ရှုံးနိမ့်နေတဲ့ စစ်တပ်ဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အစီစဉ်တကျ ဖန်တီးလုပ်ဆောင်နေတယ်လို့ ရခိုင့်အရေး စောင့်ကြည့်လေ့လာသူတွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေက ထောက်ပြနေကြပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး AAရဲ့ ထိုးစစ်ဆင်မှုတွေကို အပြင်းအထန်ခုခံနေရတဲ့ စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း ထိလွယ်ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို ဖန်တီးနေတာပါ။

ရခိုင်ပြည်နယ်ထဲ ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီဟာ ဒေသတွင်း လူမျိုးရေး အဓိကရုဏ်းကို ဒီထက်ပို ဖန်တီးလာနိုင်ပြီး ပြင်းထန်လာနိုင် တာကြောင့် အားလုံးညီညွတ်ကြဖို့နဲ့ အချင်းချင်းကူညီရိုင်းပင်းကြဖို့ ဘာသာရေးခေါင်း ဆောင်တွေက တိုက်တွန်းနေကြပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။


Support The Irrawaddy: https://bit.ly/3btQYpR

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */