" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Tuesday, January 24, 2023

စစ်ကောင်စီရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေအတွက် ဂျာမနီနိုင်ငံကို တိုင်ကြားစာအသစ်တင်သွင်း

B B C

ဘီဘီစီမြန်မာပိုင်း

၂၄ ဇန္နဝါရီ ၂၀၂၃

စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံ၊ တာဝန်ယူစေဖို့ တိုင်ကြားသူ ၁၆ ယောက်နဲ့ လူ့အခွင့် အ ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Right တို့က နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တောင်းဆိုခဲ့တယ်လို့ Fortify Right က ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

စာမျက်နှာ ၂၁၅ မျက်နှာပါ တိုင်ကြားချက်နဲ့အတူ စာမျက်နှာ ၁၀၀၀ ကျော်ပါတဲ့ နောက်ဆက်တွဲစာရွက်စာတမ်း တွေကို ဂျာမနီနိုင်ငံ ပြည်ထောင်စုအစိုးရရှေ့နေဆီ ဇန်နဝါရီ ၂၀ ရက်မှာ တိုင်ကြားခဲ့ကြတာပါ။

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဂျာမဏီအစိုးရထံ တိုင်ကြား

RFA
RFA Burmese
2023.01.24
ရသေ့တောင်မြို့နယ် အနောက်ပြင် မွတ်စလင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဂျာမဏီအစိုးရထံ လူ့အခွင့်အရေးဖွဲ့ဖြစ်တဲ့ Fortify Rights နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးတို့က တိုင်ကြားခဲ့တယ်လို့ Fortify Rights က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် အရေးယူပေးဖို့ ပြစ်မှုဆိုင်ရာတိုင်ကြားချက်အနေနဲ့ တင်သွင်းခဲ့တာပါ။

Monday, January 23, 2023

ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ မြန်မာ ဘက် ထွက်ပြေး

ဧရာဝတီ
21 January 2023
စစ်ကောင်စီက နယ်စပ်မျဉ်းပေါ် ပြန်မောင်းထုတ်ခြင်းခံနေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / Aung Kyaw Moe/FB

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ဇီးရိုးလိုင်းပေါ်တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်စပ်မျဉ်းပေါ်တွင် နေထိုင်သည့် မွတ်စလင်ဒုက္ခသည် များ မြန်မာဘက်သို့ ထွက်ပြေးရကြောင်း သတင်း ရရှိသည်။

မွတ်စလင် လက်နက်ကိုင်များဖြစ်သည့် ARSA နှင့် RSO အဖွဲ့တို့သည် ဇန်နဝါရီလ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်တွင်ရှိသည့် ဒုက္ခသည်စခန်းတခုလုံးမှာလည်း မီးရှို့ခံရကာ၊ စခန်းရှိ ထောင်နှင့်ချီသည့် ဒုက္ခသည်များ ဘေး လွတ်ရာသို့ ထွက်ပြေးနေရကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင်ဒုက္ခသည်စခန်းမှ မွတ်စလင်ရွာသားများက ပြောသည်။

ရိုဟင်ဂျာတွေကို စောင့်ရှောက်ပေးဖို့ တာဝန်ယူထားတဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့တွေ အာဏာအလွဲသုံးစားပြုနေ

VOA
ဗွီအုအေမြန်မာပိုင်း
၂၂ ဇန်နဝါရီ၊ ၂၀၂၃
ဆုမွန်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်တွေက ဒုက္ခသည်တွေကို ဖမ်းဆီး၊ ငွေညှစ်မှုတွေနဲ့ ညှင်းပမ်းနှိပ်စက်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ မြန်မာပြည်ကနေ အသက်ဘေးအန္တရာယ် စိုးရိမ်ရလို့ ဘေးလွတ်ရာကို တိမ်းရှောင်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် စခန်းတွေထဲ လူကုန်ကူးမှု မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပါအဝင် ဒုစရိုက်ရာဇဝတ်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေနဲ့ရော အခုလို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တချို့ရဲ့ မတရားဆောင်ရွက်မှုတွေကိုပါ နေ့စဉ်ရင်ဆိုင်နေကြရတဲ့အတွက် ဒုက္ခသည်တွေအတွက် ဒီ့ထက်လုံခြုံကောင်းမွန်တဲ့ လုံခြုံရေးစနစ်တွေနဲ့ အသက်အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုလိုက်ကြပါတယ်။ အကြောင်းစုံ ရိုဟင်ဂျာဒုက္ခသည်တွေကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲတွေ ရိုဟင်ဂျာဒုက္ခသည်တွေကို ငွေညှစ် အနိုင်ကျင့်

VOA
ဗွီအိုအေအေန်မာပိုင်း
၂၂ ဇန္နဝါရီ၊ ၂၀၂၃
ဆုမွန်
 
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဖို့ တာဝန်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်တွေက ဒုက္ခသည်တွေကို ဖမ်းဆီး၊ ငွေညှစ်မှုတွေနဲ့ ညှင်းပမ်းနှိပ်စက်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

Link : Here

Sunday, January 22, 2023

မုန်းဝန်းလူမျိုးနှင့် နိုင်ငံသားဖြစ်မှု ပြဿနာ

Frontier
MYANMAR

SEPTEMBER 19, 2016

ယခင်အစိုးရက မန်ဒရင်း တရုတ်ဘာသာစကား ပြောဆိုသော လူ့အဖွဲ့အစည်းကို ဗမာ့လူ့အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့သဖြင့် ထိခိုက်လွယ်သော လူမျိုးရေး ပြဿနာရှိသည့် မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သည်။

စာသားနှင့် ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

လူမျိုးရေးသည် မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သော အရေးကိစ္စ တစ်ခုဖြစ်သည်။ မကြာသေးမီ နှစ်များက အမျို းသားရေး စိတ်ဓာတ်များ တက်ကြွပြီး ဘာသာရေး အခြေခံသော နိုင်ငံသားဖြစ်မှုဆိုင်ရာ ယူဆချက်များသည် တိုးပွားလာခဲ့ပြီး တခါတရံ အကြမ်းဖက်မှုများပင် ဖြစ်ပွားခဲ့သည်။

ဆွေးနွေးငြင်းခုံမှု အများအပြားသည် ရိုဟင်ဂျာဟု မိမိကိုယ်ကို သတ်မှတ်သော လူမျိုးများ၏ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်နေခဲ့သည်။ ၎င်းတို့အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အစိုးရသစ်က ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်းဟု ခေါ်ဆိုမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

‘မြန်မာနိုင်ငံ’၏သမိုင်းအပေါ် ကိုလိုနီစနစ်လွှမ်းမိုးမှုကို ပယ် ဖျက်ခြင်း – ရိုဟင်ဂျာလူမျိုးများအား ၎င်းတို့၏ ကိုယ်ပိုင် သမိုင်းအတွင်း သို့ပြန်လည်ပို့ဆောင်ခြင်း


စာတမ်းအကျဉ်း

ဤဆောင်းပါးတွင် အဓိကသုတေသနတွေ့ရှိချက်နှစ်ခုကိုဖော်ပြထား ပါသည်။ ပထမအချက်မှာ ကိုလိုနီပြုခြင်း မှမြစ်ဖြားခံလာခဲ့သောအရှေ့တောင်အာရှဒေသလေ့လာရေးနယ်ပယ်သည်ခေတ်ပြိုင်နိုင်ငံများနှင့် သုတေသီမျာ း၏ ရိုဟင်ဂျာ၊ ရခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာလေ့လာမှုများချဉ်းကပ်ပုံကိုလွှမ်းမိုးထား ခြင်းဖြစ်သည်။ ဒုတိယအ ချက် မှာ ရိုဟင်ဂျာများကို ဗြိတိသျှကိုလိုနီခေတ်က ရခိုင်သမိုင်းမှ သမိုင်း ကြောင်းအရ ဖျောက်ဖျက်ခံခဲ့ရပြီးယင်း ဖျောက် ဖျက် ခံခဲ့ရမှုသည် စစ်အေးကာလအတွင်းနှင့် စစ် အေးတိုက်ပွဲအပြီးတွင် အမေရိကန်ပညာရပ်အဝန်းအ ဝိုင်းမှ ဦး ဆောင်သောအရှေ့ တောင်အာရှဒေ သ လေ့လာရေး နယ်ပယ်၏အားဖြည့်ပေးမှုဖြင့် ဆက်လက်တည်ရှိ နေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့တောင် ဘက်ရှိ နိုင်ငံများသည် ကိုလိုနီ နည်းကျတည်ဆောက်ခဲ့သည့်အသိပညာအ ဆောက်အအုံကိုကိုစနစ် တကျဖြို ဖျက်ရမည်ဖြစ်ပြီးယင်းနိုင်ငံများ၏အစိုးရများသည်လဲ ကိုလိုနီခေတ်အုပ်ချုပ် ရေးအဆင်ပြေစေရန်ဖန်တီးတည်ဆောက်ခဲ့သည့်မူဝါဒများကိုဖယ်ရှားနိုင်မှသာဤကဲ့သို့သောပြဿနာများမှလွတ် မြောက်နိုင်မည်ဖြစ်သည်။

Saturday, January 21, 2023

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှ ကိုလိုနီခေတ်၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ဟု ဒုတပ်ချုပ်ဆို

NP News
မျိုးကြီး (NP News)
ဇန်နဝါရီ ၂၁ -၂၀၂၃


မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ်၌ ကောက်ယူ ခဲ့ သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇန်နဝါရီလ ၂ဝ ရက်တွင် နေပြည် တော်၌ပြုလုပ်သောဗဟိုသန်း ခေါင်စာရင်းကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Friday, January 20, 2023

ARSA တပ်ဖွဲ့ဝင် ၄၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး၊ မြန်မာ ဘက်ခိုလှုံလာသည့် ဒုက္ခသည် ၅၀၀ ကျော်ပြန်ပို့ခံရ

DVB
20 January, 2023
ARSA တပ်ဖွဲဝင် ၄၀ ခန့်အား RAB အဖွဲ့မှ ဖမ်းဆီးထားစဥ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်ခြား မှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ ကြား Zero Line အနီးရှိ ဒုက္ခ သည် စခန်းမှာ ခိုလှုံနေတဲ့ ARSA အဖွဲ့ဝင် ၄၀ လောက်ကို ဇန်နဝါရီ ၁၈ ရက် ညက ဘင်္ဂလားဒေ့ရှ် (RAB) အထူးတပ်ဖွဲ့နဲ့ RSO တပ်ဖွဲ့တွေ ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ နယ်စပ်နေ ဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာတိုက်ခိုက်ရေး သမား များကြား တိုက်ပွဲဖြစ်၍ လူ ၁ ဦး သေဆုံး

မဇ္စျိမ
AFP
20 January 2023

မြန်မာနှင့်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာတိုက်ခိုက်ရေးအုပ်စုများကြား တိုက်ပွဲဖြစ်၍ လူတစ်ဦး သေ ဆုံးပြီး ဒုက္ခသည် ယာယီတဲ ရာပေါင်းများစွာ ပြိုပျက်ကြောင်း ရဲနှင့် မျက်မြင်များက ကြာသပတေးနေ့တွင် ပြောကြသည်။

၂၂ ဘီးတွဲကားနောက်တွင် ခြံခတ်လိုက်လာသူ ရိုဟင်ဂျာ ၆ ဦး ကျိုက်ထိုတွင် ဖမ်းခံရ

BNI
Friday, January 20, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း စစ်ဆေးရေးဂိတ်တွင် ၂၂ ဘီးတွဲကားနောက်တွင် ခြံခတ် ၍ လိုက်ပါ လာသည့် ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့မှ မြဝတီမြို့သို့ ဦးတည်မောင်းနှင်လာသည့် Cheng Long အမျိုးအစား ယာဉ်အမှတ် YGN 6R5614 အဖြူရောင် ၂၂ ဘီးတွဲကားတစ်စီးသည် မရမ်းချောင်း စစ်ဆေးရေး ဂိတ် အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးစစ် ဆေးခဲ့ရာ ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်း ထပ်မံမီးရှို့ ခံရပြီး ရိုဟင်ဂျာ ၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

DVB 
20 January, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်နယ်ခြားမှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ အကြား Zero Line အနီး ဒုက္ခသည်စခန်းရှိ နေအိမ်တွေ ဇန်နဝါရီ ၂၀ ရက် ဒီနေ့မွန်းလွဲ ၁ နာရီလောက်မှာ ထပ်မံမီးရှို့ခံရလို့ ရိုဟင်ဂျာ ၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။

မျက်မြင်ရိုဟင်ဂျာဒုက္ခသည်တဦးက "ဒီနေနေ့လယ်ပိုင်းမှာ Zero Line မှာကျန်နေတဲ့ နေအိမ်တွေအားလုံး မီး လောင်နေတာကို ကျနော်တို့မြင်နေရတယ်ဗျ။ Zero Line မှာ နေထိုင်တဲ့ ဒုက္ခသည် ၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတယ်။ လက်ရှိမှာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တောင်ပြို စာသင်ကျောင်းတစ်ခုအနီးမှာ ကိုယ်ဟာကိုယ် တဲထိုးပြီးနေထိုင်ဖို့ ဒုက္ခရောက်စွာကြိုးစားနေကြတာတွေ့ရတယ်။"လို့ပြောပါတယ်။

ရိုဟင်ဂျာနှစ်ဖွဲ့တိုက်ပွဲကြောင့် ဒုက္ခသည် စခန်းမီးရှို့ခံရပြီး အနည်းဆုံး ၁၀ ဦးသေဆုံးတယ်လို့ဆို

B B C

ဘီဘီစီမြန်မာပိုင်း

၁၉ ဇန်နဝါရီ ၂၀၂၃

ဒုက္ခသည်စခန်းက နေအိမ် ၅၀၀ လောက် မီးထဲပါသွား

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံလာကြပါတယ်။

လူပေါင်း ၅၀၀၀ နီးပါးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ တောင်ပြိုလက်ယာစခန်းမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က မနက်ပိုင်းက စပြီး ရိုဟင်ဂျာအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ကြပြီး မနေ့ကညနေပိုင်းမှာ ဒုက္ခ သည်စခန်း မီးရှို့ခံလိုက်ရတာပါ။

မီးလောင်မှုအတွင်း လူသေဆုံးတာတွေလည်းရှိတယ်လို့ ထွက်ပြေးလာသူတွေပြော

B B C

ဘီဘီစီမြန်မာပိုင်း
၁၉ ဇန်နဝါရီ ၂၀၂၃

ရိုဟင်ဂျာအဖွဲ့ နှစ်ဖွဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံနေကြပါတယ်။
မီးလောင်မှုအတွင်း လူသေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ထွက်ပြေးလာသူတွေကပြောပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကရောဘာတွေ ဆောင်ရွက်နေပါသလဲ။

ကိုကျော်ဇေယျ ပြောပြပါမယ်။

Link : Here

Thursday, January 19, 2023

နယ်ခြားမျဥ်း သုညတွင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ ကြား ပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေဆုံး

bdnews24.com 

Cox's Bazar သတင်းထောက်
bdnews24.comထုတ်ပြန် : 18 Jan 2023,

Naikhongchhari's Ghumdhum တွင် အခြားအမျိုးသားတစ်ဦး သေနတ်ထိမှန်ခံခဲ့ရသည်။

Bandarban's Naikhongchhari နယ်စပ်အနီး Tambru zero-line အနီးရှိ ရိုဟင်ဂျာစခန်းတွင် သေ နတ်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒေသခံတွေက တမ်ဘရူနယ်စပ်ရဲ့ သုညမျဉ်းနားက ဒီမနက် အပစ်အခတ်ရပ်စဲရေး အစီရင်ခံစာကို ပေးပို့ထားပါတယ်။ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု upazila အမှုဆောင်အရာရှိ ရိုမင်ရှာမာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

US BURMA အက်ဥပဒေ- ရိုဟင်ဂျာများ နေရပ်ပြန်ရေး ခရီးရှည်။

Burma Mail
January 10, 2023

သူသည် 2022 တွင်နိုင်ငံရေးမကောင်းမွန်ခဲ့ဘဲပိုမိုရှုပ်ထွေးလာသည်။ ရုရှား-ယူကရိန်းစစ်ပွဲ၏ ပိုဆိုးလာသောအဆင့်၊ တရုတ်ပါဝင်ပတ်သက်မှု မြင့်တက်လာမှု၊ ဥရောပသမဂ္ဂ၏ မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မေးခွန်း၊ အတ္တလန္တိတ်ဖြတ်ကျော်ဆက်သွယ်မှု အသစ်ပြန်လည်ဆန်းသစ်လာမှုစသည်ဖြင့် လွန်ခဲ့သည့်နှစ်တွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးက အရှိန်ပြန်တက်လာတယ်။ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ကမ္ဘာ့ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရရှိရန် အာရုံစိုက်နေပုံရသည်။
                                                                            

ရိုဟင်ဂျာဒုက္ခသည်များ ရဲများ၏ မတရားပြုကျင့်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရ

မဇ္မျိမ
By AFP
19 January 2023

ရိုဟင်ဂျာဒုက္ခသည်များကို ကာကွယ်ပေးရေး လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့သည် ရိုဟင်ဂျာဒုက္ခသည်များကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အနှောင့်အယှက်ပေး တိုက်ခိုက်ခြင်းနှင့် မှားယွင်းစွာ ဖမ်းဆီးခြင်းများ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က အင်္ဂါနေ့တွင် ပြောသည်။

နိုင်ငံမဲ့ လူနည်းစု တစ်သန်းနီးပါး ရှိနေရာ ဒုက္ခသည်စခန်းများကို လက်နက်ကိုင်ရဲတပ်ရင်း APB က စီမံခန့်ခွဲနေခြင်း ဖြစ်သည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင် ရှိနေသူအများစုမှာ အိမ်နီးချင်း မြန်မာ နိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးခိုလှုံလာကြသူ အများစု ဖြစ်သည်။ မြန်မာစစ်တပ် ၏ ဖြိုခွင်းမှုကို လက်ရှိ၌ ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စုံစမ်းလျက်ရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာ ၂ ဖွဲ့တိုက်ပွဲဖြစ်၊ Zero Line စခန်းမီးရှို့ခံရပြီး ဒုက္ခသည်များ ထွက်ပြေး

DVB
၁၈ ဇန္နဝါရီ ၂၀၂၃

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဇန်နဝါရီ ၁၈ ရက် မနက်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားပြီး Zero Line အနီးရှိဒုက္ခသည်စခန်းမီးရှို့ခံရကာ ဒုက္ခသည် ၅၀၀ လောက်နဲ့ ARSA တပ်ဖွဲ့တွေ မြန်မာဘက်ကို ထွက်ပြေးသွားကြတယ်လို့ နယ်စပ် ဒုက္ခသည်အသိုင်းအဝိုင်းက သိရပါတယ်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တပ်ဖွဲ့တွေကို ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)နဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးတပ်ဖွဲ့(RAB)တပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ရာက တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တာလို့ နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်တွေက ပြောပါတယ်။

Wednesday, January 18, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာ အဖွဲ့တွေ တိုက်ပွဲ ဖြစ်၊ ဒုက္ခသည်စခန်း မီးရှို့ခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃

ညနေပိုင်းမှာ မီးရှို့ခံရတဲ့ ဒုက္ခသည်စခန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲအနီးမှာရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ် ခြား မျဥ်းက မွတ်ဆလင်ဒုက္ခသည်စခန်း အနီးမှာ ARSA (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ ဒီကနေ့မနက်ပိုင်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ပစ်ခတ်မှု တွေကို ကြားသိရသူတွေက ပြောပါတယ်။

အဒီစခန်းအတွင်းမှာ ARSA တပ်ဖွဲ့တွေခိုလှုံနေကြတာကြောင့် အဲဒီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အထူးတပ် RAB ၊ RSO နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ် တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကခြမ်းက လူတွေက ပြောပါတယ်။

ARSA နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်ခြားမျဥ်းက ဒုက္ခသည် စခန်းမီးရှို့ခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအနီးမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီကနေ့ ညနေ ၄ နာရီ ၄၀ ခန့်ကစလို့ မီးလောင်မှုဖြစ်ပွားနေပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ မြန်မာဘက်ခြံစည်းရိုးအနီးကပ်လျှက် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဘက်မှာတည်ရှိပြီး ဘင်ဒရာ ဘင်ခရိုင်၊ ခေါင်းတုံးကျေးရွာအုပ်စု တောင်ပြိုလက်ယာအနီးက စခန်းတစ်ခုလည်းဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */