Tuesday, January 24, 2023

စစ်ကောင်စီရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေအတွက် ဂျာမနီနိုင်ငံကို တိုင်ကြားစာအသစ်တင်သွင်း

B B C

ဘီဘီစီမြန်မာပိုင်း

၂၄ ဇန္နဝါရီ ၂၀၂၃

စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံ၊ တာဝန်ယူစေဖို့ တိုင်ကြားသူ ၁၆ ယောက်နဲ့ လူ့အခွင့် အ ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Right တို့က နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တောင်းဆိုခဲ့တယ်လို့ Fortify Right က ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

စာမျက်နှာ ၂၁၅ မျက်နှာပါ တိုင်ကြားချက်နဲ့အတူ စာမျက်နှာ ၁၀၀၀ ကျော်ပါတဲ့ နောက်ဆက်တွဲစာရွက်စာတမ်း တွေကို ဂျာမနီနိုင်ငံ ပြည်ထောင်စုအစိုးရရှေ့နေဆီ ဇန်နဝါရီ ၂၀ ရက်မှာ တိုင်ကြားခဲ့ကြတာပါ။
တိုင်ကြားစာတွေထဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး အာ ဏာ သိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဂျာမနီပြည်ထောင်စု အစိုးရရှေ့နေရုံးကနေ စုံစမ်းစစ်ဆေးတာနဲ့ တရားစွဲဆိုဖို့အတွက် သက်သေခံတွေဖြစ်တယ်လို့လည်း Fortify Right က ဆိုပါတယ်။

“မြန်မာပြည်မှာက ဂျီနိုဆိုက်နဲ့ပတ်သက်ပြီးတော့က အမှုတွေက ရင်ဆိုင်နေရပြီးသား။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်မှုတွေကို တရားစွဲဆိုတာ မရှိသေးဘူးပေါ့။ ဒါကို ကျွန်တော်တို့က တပေါင်းတည်းပေါ့ အာ ဏာမသိမ်းခင် ကျူးလွန်တာရော၊ အာဏာသိမ်းပြီး ကျူးလွန်တာရော။ အဓိကက ကျူးလွန်တဲ့ စစ်တပ်က ကျူး လွန်ခွင့်ရခဲ့တယ်၊ အရေးယူခွင့် မရှိခဲ့ကြဘူး။ ဒီတော့ စစ်တပ်က ထပ်ခါတလဲလဲ ကျူးလွန်တော့ စစ်တပ်ကို အ ပြစ်ပေးအရေးယူဖို့ လိုအပ်တယ်။ ဒါကြောင့် ကျနော်တို့ အမှုဖွင့်ဖို့ ကြိုးစားတာပေါ့” လို့ Fortify Right အဖွဲ့ ဒါ ရိုက်တာ ဘုတ်အဖွဲ့ဝင် ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

တိုင်ကြားသူ ၁၆ ဦးထဲက တစ်ဝက်လောက်ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေဖြစ်ပြီး ကျန်တဲ့ တစ်ဝက်ကတော့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကနေ လွတ်မြောက်လာသူတွေပါ။

တိုင်ကြားသူတွေထဲမှာ ရခိုင်၊ ဗမာ၊ ချင်း၊ ကရင်၊ ကရင်နီ၊ မွန်နဲ့ ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၁၀ ယောက်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */