Saturday, January 21, 2023

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှ ကိုလိုနီခေတ်၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ဟု ဒုတပ်ချုပ်ဆို

NP News
မျိုးကြီး (NP News)
ဇန်နဝါရီ ၂၁ -၂၀၂၃


မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ်၌ ကောက်ယူ ခဲ့ သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇန်နဝါရီလ ၂ဝ ရက်တွင် နေပြည် တော်၌ပြုလုပ်သောဗဟိုသန်း ခေါင်စာရင်းကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉ဝ၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် သန်း ခေါင်စာရင်း(၈)ကြိမ်ကောက်ယူခဲ့သည်ကို တွေ့ရှိရကြောင်း ၎င်း က ပြောသည်။

အဆိုပါသန်းခေါင်စာရင်းအချက်အလက်များကို ယနေ့အထိအသုံးပြုနေရဆဲဖြစ် ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအပေါ် မလိုလားသည့် ပြည်ပနိုင်ငံအချို့၏ စွပ်စွဲထိုးနှက်နေသည့် ရိုဟင်ဂျာကိစ္စနှင့် ပတ် သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအစီရင်ခံပါ လူမျိုးစာရင်းများအရ အခိုင်အမာသက်သေပြနိုင်ခဲ့ကြောင်း ၎င်း က ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၃ ခုနှစ် မတ်လ၌ မြို့နယ်ပေါင်း (၂၅၂) မြို့နယ်နှင့် ချင်းပြည်နယ်၊ ၁၉၅၄ ခုနှစ်၌ မြန်မာပြည် ပြည်မကျေးရွာအုပ်စု(၂၁၄၃)ခုနှင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု (၁ဝ၁၆)ခုတွင် လည်း လူဦးရေသန်းခေါင် စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်တို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီး ရန် နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ၂ဝ၁၉ ခုနှစ်အတွင်းက တရားစွဲ ဆိုထားသည်။

ထိုကဲ့သို့ တရားစွဲမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ တရားရင်ဆိုင်ခဲ့ဖူးပြီး လက်ရှိနစကအစိုးရလက်ထက်တွင်လည်း အပြည် ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ကာ တရားရင်ဆိုင်ဖြေရှင်းခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */