" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 18, 2023

ARSA နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်ခြားမျဥ်းက ဒုက္ခသည် စခန်းမီးရှို့ခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအနီးမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီကနေ့ ညနေ ၄ နာရီ ၄၀ ခန့်ကစလို့ မီးလောင်မှုဖြစ်ပွားနေပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ မြန်မာဘက်ခြံစည်းရိုးအနီးကပ်လျှက် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဘက်မှာတည်ရှိပြီး ဘင်ဒရာ ဘင်ခရိုင်၊ ခေါင်းတုံးကျေးရွာအုပ်စု တောင်ပြိုလက်ယာအနီးက စခန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်ကစလို့ အဲ့ဒီစခန်းအနီးမှာ ARSA နဲ့ လက်နက်ကိုင်အချို့တိုက်ပွဲဖြစ် ပွားနေ ကြပြီး အခုညနေပိုင်းအထိ ပစ်ခတ်မှုတွေရှိဆဲဖြစ်ကာ တစ်ဖက်နဲ့တစ်ဘက် တင်းမာမှုတွေမြင့်တက်လာကာ အခုလို စခန်းကနေအိမ်တွေကို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစခန်းအတွင်းမှာ ARSA တပ်ဖွဲ့တွေခိုလှုံနေကြတာကြောင့် အဲ့ဒီတပ်ဖွဲ့ဝင်တွေကို RSO နဲ့ ဘင်္ဂလားဒေ့ရှ် ကာ ကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်းသိထားရပါတယ်။

မီးများသလို ဒီနေ့ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာတော့ မြန်မာဘက်ကိုမီးကူးစက်မှုတွေရှိလာနေပြီး ခြံစည်းရိုး အနီးက တောင်ပြိုလက်ယာ နယ်ခြားစောင့်ရဲကင်းစခန်းအနီးမှာ လောင်ကျွမ်းနေတယ်လို့ အဲဒီကဒေသခံတစ်ဦးက ပြောပါတယ်။


စခန်းမီးရှို့ခံလိုက်ရတဲ့အတွက် ခြံစည်းရိုးတစ်ဘက်မှာနေထိုင်ကြတဲ့ ဒုက္ခသည်တွေဟာ မြန်မာဘက်ကို ဝင်ရောက် ထွက်ပြေးလာနေတာတွေကိုလည်း တွေ့မြင်ရတယ်လို့ တောင်ပြိုလက်ဝဲ ဒေခံတစ်ဦးက ပြောပါတယ်။ 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */