" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Monday, April 4, 2022

ရိုဟင်ဂျာအကြမ်းဖက်ခံရမှု သက်သေထွက်ဖို့ ကမ်းလှမ်းလျှင် ကူညီမည်ဟု CDM ဗိုလ်ကြီးပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2022.04.03 

CDM ဗိုလ်ကြီးနေမျိုးသက်၏ ပြန်တမ်းဝင်လက်မှတ်။


ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်ကအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ် သက် ပြီး သက်သေအဖြစ်ထွက်ဆိုဖို့ ကမ်းလှမ်းလာမယ်ဆိုရင် အမှန်တရားအတွက် ပူးပေါင်းမယ်လို့ အဲဒီအ ချိန်က ရခိုင် ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီးနေမျိုးသက် က RFA ကို ဧပြီလ ၃ ရက် မနေ့က ပြောပါ တယ်။

ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့လုပ်ရပ်နဲ့၊ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်တပ်က နှိမ်နင်းနေတဲ့လုပ်ရပ်အတူတူပဲလို့ သူကပြော ပါ တယ်။

ရိုဟင်ဂျာအရေးအခင်းတွင် အောက်ခြေစစ်သားများကို ထင် ရာစိုင်းခွင့်ပေးခဲ့ဟု တပ်အရာရှိပြော

Maynmar Now
ဇော်ရဲသွေး / Myanmar Now
Apr 2, 2022


ရိုဟင်ဂျာနှိမ်နင်းရေး ခေါင်းစဉ်အောက်တွင် စစ်တပ်အကြီးအကဲများက အတိုင်းအဆမဲ့ အကြမ်းဖက်မှုမျိုးစုံ လုပ်ခွင့်ပေးခဲ့သည်ဟု ထောက်ပို့အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တပ်အရာရှိက ပြောသည်။ရိုဟင်ဂျာအ ရေးအခင်းတွင် စစ်တပ်က အောက်ခြေစစ်သားများကို ထင်ရာစိုင်းခွင့်ပေးခဲ့သည်ဟု ရခိုင်ပြည်နယ်မြောက် ပိုင်း တွင် တာဝန်ကျနေရာမှ ယခုနှစ်ဆန်းပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာသူ ဗိုလ်ကြီးတစ်ဦးက ထုတ်ဖော်ပြော ကြားသည်။

Thursday, March 31, 2022

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) မတ်လ၊ ၂၀၂၂

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါသည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်


ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
31.03.2022
VOA
VOA
VOA
31.03.2022
BBC
BBC
BBC
31.03.2022
RFA
RFA
RFA

ယနေ့သတင်း (အမြန်ရှာရန်) 2022 မတ်လ

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )

31.03.2022

ယူကရိန်းကထွက်ပြေးရသူတွေအထဲ ကလေး ၂ သန်းကျော်ပါဝင် VOA

ကုလ ကိုယ်စားလှယ် Noeleen Heyzer မြန်မာ့အရေး ကမေ႓ာဒီးယားနဲ့ သွားရောက်ဆွေးနွေးမည် -VOA

အာရှ-ပစိဖိတ် မီဒီယာနှိပ်ကွပ်မှု ကန်လွှတ်တော်ကြားနာပွဲ မြန်မာကို အလေးထား-VOA

မြန်မာအပါအဝင် စစ်အာဏာသိမ်းမှုတွေကြောင့် ကမ႓ာ့ပဋိပက္ခတွေ ပိုများ (ကုလအတွွင်းရေးမှူးချုပ်) -VOA

မြန်မာစာနာမှုအကြပ်အတည်း စစ်ကောင်စီ ဘယ်လိုကိုင်တွယ်မလဲ -VOA

နေရပ်ပြန် အမ်းမြို့နယ် စစ်ဘေးရှောင် တထောင်ကျော်ကို ငွေ ၅ သိန်းစီ နဲ့ ဆန် ထောက်ပံံ့-VOA

စိတ်ငြိမ်းချမ်းမှု ရှာဖွေသူတို့ရဲ့ ရင်တွင်းဖြစ် ပန်းချီပြပွဲ -VOA

ကူးစက်မှုကျဆင်းပေမဲ့ သေဆုံးမှုတိုးလာတဲ့ ကိုဗစ်ကပ်ရောဂါ -VOA

မြန်မာအခြေအနေ ဒေသတွင်းတည်ငြိမ်ရေး ခြိမ်းခြောက်ဟု ကန်-စင်္ကာပူ ထုတ်ပြန် -VOA

ထိုင်း ရေငုပ်သင်္ဘောတည်ဆောက်ရေး တရုတ် ရပ်ဆိုင်း -VOA

အမေရိကန် ဖိလစ်ပိုင် ပူးတွဲ စစ်ရေးလေ့ကျင့်-VOA

ခင်ဦးမှာ မတ်လ တစ်လထဲ အိမ်အလုံး ၄၀၀ ကျော်အထိမီးရှို့ခံရ-BBC

ပူတာအိုမြို့ကရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ စစ်ခေါင်းဆောင်လာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်-BBC

လူမှုကွန်ရက်ကိုအသုံးပြုပြီး တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းချမှု ၇၄ရာခိုင်နှုန်းအထိတိုးလာ-BBC

စစ်ကိုင်းတိုင်းထဲက နေအိမ်မီးရှို့ခံထားရတဲ့ကျေးရွာတွေ ရိက္ခာလိုအပ်ချက်တွေအပြင် ရေအခက်အခဲ တွေပါ ရှိလာ-BBC

ကယားပြည်နယ်အတွင်း ရိက္ခာတင်သွင်းမှုအပြင် ဆေးဝါးတင်သွင်းမှုကိုပါစစ်ကောင်စီ ကန့်သတ်လာ-BBC

နေရပ်ပြန် အမ်းစစ်ရှောင်တွေရဲ့ အိမ်တွေပျက်နေ၊ ထောက်ပံ့ငွေနဲ့ မလုံလောက်ဘူးလို့ဆို-BBC

မြောက်ဦးဈေးနဲ့ ဆိုင်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုရှိမရှိစစ်-BBC

သံတွဲမှာ ငှက်ပစ်သွားသူ ငါးဦး လက်နက်မှုနဲ့ အမှုဖွင့်ခံထားရ-BBC

ချင်းမိုင်မှာပြုလုပ်နေတဲ့ NCA-S EAO ထိပ်သီးခေါင်းဆောင်တွေညီလာခံကနေ နိုင်ငံရေးလမ်းပြမြေပုံချမှတ်နိုင်ဖို့ ရည်ရွယ်-BBC

စစ်ကောင်စီယာဉ်တန်းပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံသုံးဦးဒဏ်ရာရ-BBC

မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ-BBC

အနုပညာရှင်တချို့လိုက်ပါလာတဲ့ မီးရထားမိုင်းဆွဲခံရ-BBC

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဈာပနာအခမ်းအနား စစ်တိုင်းမှူးတက်-BBC

မြဝတီအာရှလမ်းကြီး တိုက်ပွဲ အရပ်သားသေဆုံးမှုတွေ ရှိ-BBC

စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချ-BBC

ရိုမန်အေဘရာမိုဗစ်ချ် - မိဘမဲ့ဘဝကကနေ ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ သူဌေးကြီးဘဝ ခရီးလမ်း-BBC

ယူကရိန်းစစ်ပွဲ- ကိယက်ဗ်မှာ တိုက်ခိုက်မှု လျှော့တယ်ဆိုတာ တပ်တွေ ပြန်စုဖွဲ့နေတာတို့ ယူကရိန်းအကြံ ပေးပြော-BBC

၈၈ ငြိမ်း/ပွင့် တာဝန်ခံ ဦးထိန်မင်းခိုင်နဲ့ ဇနီးကို စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီး-RFA

စစ်ပွဲတွေကြောင့် ဘာသာရေးအဆောက်အအုံ ရာချီ ပျက်စီးနေ-RFA

BIMSTEC အဖွဲ့မှာ မြန်မာပါဝင်မှုကို အိန္ဒိယ ကာကွယ်ပြောဆို-RFA

စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေ များလာ-RFA

ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ထောင် ၂ နှစ် ချခံရ-RFA

သရက်ချောင်း ရွာတွေထဲ စစ်တပ်ဝင်လာလို့ ဒေသခံ ၅ဝဝဝ လောက် ထွက်ပြေးနေ-RFA

မီးရှို့ခံ နှမစားရစ်ရွာက ဒေသခံတွေ နေရပ်မပြန်နိုင်သေး-RFA

ရိုဟင်ဂျာတွေကို အမေရိကန်က ဆက်ကူညီဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို-RFA

ဖားကန့်က အလွတ်သတင်းထောက် နှစ်ယောက် ထောင်တစ်နှစ်ခွဲစီ ချခံရ -RFA

ဘီးလင်းမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တိုက်ပွဲ ကလေးငယ်နှစ်ဦး သေဆုံး -RFA

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ထောက်ပံ့ငွေ ထပ်ပေး -RFA

နှိမ်နင်းခွင့် ပိုရလာတဲ့ ရဲတပ်ဖွဲ့ ဥပဒေသစ် -RFA

လူမျိုးစု လက်နက်ကိုင်တွေအကြား ညီညွတ်ရေးရဖို့ ဆွေးနွေး -RFA

ရခိုင်အတွက် ကိုးကန့်တပ်ဖွဲ့ လက်နက်ကူညီခဲ့ကြောင်း AA စစ်ဦးစီးချုပ်ပြော -RFA

ဒဂုံတက္ကသိုလ် ကျောင်းသား နှစ်ဦး ထောင် ၃ နှစ် အမိန့်ချခံရ -RFA

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) မတ် လ ၊၂၀၂၂

၂၀၂၂ ခု မတ်လ၊မြန်မာ့အလင်း သတင်းစာ

31.03.2022

 

 

Wednesday, March 30, 2022

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ထောက်ပံ့ငွေ ထပ်ပေး

RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.30

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုတုပလောင် ဒုက္ခသည်စခန်းအား ၂၀၂၂ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: AFP 

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တုံ့ပြန်ရေးအစီအစဉ်ကို ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက နောက် ထပ် ဒေါ်လာ ၁၅၂ သန်းကျော် ထည့်ဝင်မယ်လို့ မတ်လ ၂၉ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က ထုတ်ဖော်ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်

VOA
ဗွီအိုအေမြန်မာပိုင်း
30 မတ်၊ 2022
[[Unicode]]

ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်

ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း ၂၀၂၂ ခုနှစ် အတွက် ရိုဟင်ဂျာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း ပြဿနာ ကို တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ်ကို မတ်လ ၂၉ ရက်နေ့မှာ စတင်တာမှာ အမေရိကန် ပြည်ထောင်စု က ဒေါ်လာ ၁၅၂ သန်း ထပ်မံ ထည့်ဝင်မယ့် အကြောင်း ကြေညာပါတယ်။

မြန်မာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ မြန်မာစစ် တပ်က နှိမ်နင်းတာခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ အားလုံး အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေး အပ် ရေး အတွက် ထပ်မံ ထည့်ဝင်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Peter Haas က ကြေညာခဲ့တာပါ။ မြန်မာဘက်က ထွက်ပြေးပြီး ဘင်္ဂလားဒေရှ့် ကောဇ့်ဘဇားမှာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခိုလှုံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမေရိကန်ရဲ့ ကူညီ ထောက်ပံ့မှုဟာ ဒေါ်လာ သန်း ၁,၇၀၀ ကျော် ရှိသွားပါပြီ။

Tuesday, March 29, 2022

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိ ကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများ က ကြိုဆို

PV ( Prograssive Voice of Myanmar )
March 29th, 2022
Author: 357 Civil Society Organizations


 

၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်


ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆို
မြန်မာစစ်တပ်ခေါင်းဆောင်များကို တရားစွဲဆိုရမည်


နောက်ကျပြီးမှဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်မှ ကျူး လွန်ခဲ့သည့် အကြမ်းဖက်မှုများက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်ကြောင်း တရားဝင်အသိအမှတ်ပြုသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို မြန်မာအရပ်ဘက် လူထု အဖွဲ့အစည်းများ၊ နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၃၅၇ ဖွဲ့တို့က ကြိုဆိုလိုက်သည်။

ဤဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများ၏ လေးနှစ်ကျော်ကြာအောင် မလျှော့သော ဇွဲလုံ့လ ကြိုးပမ်းအားထုတ်မှုနှင့် အတူ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးအဖွဲ့များ၏ သွေးစည်းညီညွတ်သော ပံ့ပိုးကူညီမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရိုဟင်ဂျာများသည် ၎င်းတို့အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာ စေ ရေး၊ နှင့် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု ပြန်လည်ရရှိရေး၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ရခိုင်ပြည်နယ်တွင်ရှိ သော ၎င်းတို့၏ နေအိမ်များသို့ ဘေးကင်းလုံခြုံစွာဖြင့် ၎င်းတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန် နိုင်ရေး တို့အပါအဝင် ၎င်းတို့၏ အခွင့်အရေး ပြန်လည်အသိအမှတ်ပြုခံရရေးအတွက် ဆက်လက်ကြိုးစား လုပ် ဆောင်နေကြသည်။

ရိုဟင်ဂျာစခန်း အကြီးဆုံးစာသင်ကျောင်း ဘင်္ဂလာအာဏာ ပိုင် တွေ ပိတ်

VOA
ဗွီအိုအေမြန်မာပိုင်း
သိင်္ဂီထိုက်
29 မတ်၊ 2022 

Yasmin, a Rohingya girl who was expelled from Leda High School for being a Rohingya, helps her younger sister to study in Leda camp in Teknaf, Bangladesh, March 5, 2019. REUTERS/Mohammad Ponir Hossain

ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကြီးဆုံး ပုဂ္ဂလိက စာသင်ကျောင်းကို ပိတ်လိုက်ကြောင်း ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က တနလာင်္နေ့မှာ ပြောပါတယ်။ ဒါဟာဆိုရင် အရှေ့တောင် အာရှ နိုင်ငံတွင်းက ဒုက္ ခသည် စခန်းတွင်းမှာ နေထိုင်နေကြရတဲ့ ထောင်နဲ့ချီတဲ့ ကလေးတွေ အတွက် ပညာသင်ကြားခွင့်မှာ နောက်ထပ် ထိခိုက် သက်ရောက်မှု ဖြစ်ပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေး မှာပါ။ 

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် Genocide ကျူးလွန် ကြောင်း ကန်ကြေညာချက် PHR ကြိုဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 မတ်၊ 2022
FILE - Rohingya children, who crossed over from Myanmar into Bangladesh, wait squashed against each other to receive food handouts at Thaingkhali refugee camp, Bangladesh, Oct. 21, 2017.

[[ Unicode ]]

မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို သမ္မတ Joe Biden ရဲ့ အမေရိ ကန် အစိုးရက Genocide ခေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်အဖြစ် တရားဝင် သတ်မှတ် ကြေညာလိုက်တဲ့ကိစ္စကို PHR လူ့အခွင့်အရေး သမားတော်များအဖွဲ့က ကြိုဆို လိုက်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှု ရရှိရေးနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တာဝန်ယူမှု ၊တာဝန်ခံမှု ရှိစေရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့လည်း သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Thursday, March 24, 2022

လူမျိုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြိုကွဲမှုအန္တ ရာယ်

လူမျိုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့်ပြိုကွဲမှုအန္တရာယ်

- ဦးရဲထွန်း(သီပေါ)
ဖက်ဒရယ် ဆိုသော ဝေါဟာရကို မြန်မာ့နိုင်ငံရေးတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့သည် မှာ ၁၉၆၀-၆၁ ပတ်ဝန်းကျင်လောက်က ဖြစ်မည်ထင်ပါသည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်တွင် ပထမအကြိမ် ဖက်ဒရယ်မူ ဆွေးနွေးပွဲကြီးကို စတင်ခဲ့ပြီး မတ်လ (၁) ရက်နေ့တွင် ဒုတိယအကြိမ် ဆွေးနွေးပွဲကို အဆိုပါအသံ လွှင့်ရုံမှာပင် ဆက်လက်ဆွေးနွေးခဲ့သည်။ ရည်ရွယ်ချက်မှာ ထိုစဉ်က တည်ဆဲ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြန်လည် အသစ်ရေးဆွဲရေး ဖြစ်ပါသည်။

သို့သော်လည်း ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းလိုက် သည့်အတွက် ဖက်ဒရယ်မူဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ပါတော့သည်။ ထို့နောက်ပိုင်းတွင်ကား ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဟု အဓိပ္ပာယ်ဖွင့်ဆိုကာ ပြောဆိုဆွေးနွေးခွင့်များ ပိတ်ပင်တားမြစ် သည့် ခေတ်ကြီးကို ဖြတ်သန်းခဲ့ကြရသဖြင့် ဖက်ဒရယ်အကြောင်း ထဲထဲဝင်ဝင် ပြောဆို ဆွေးနွေး သိမြင်ခွင့် မရခဲ့ကြတော့ချေ။

ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၁) + (၂ ) + ( ၃ ) + ( ၄ ) + ( ၅ )


ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၁)
― တောင်ကြီး ဦးထွန်းမြင့်

“လူသည် သဘာ၀အားဖြင့် နိုင်ငံရေးသတ္တဝါဖြစ်သည်” ဟု အရစ္စတိုတဲလ် က ဆိုသည်။ကျွန်တော်သည် လည်း နိုင်ငံရေးသတ္တဝါ တကောင်ပင်ဖြစ်သည်။ ဆိုင်းသံကြားလျှင် ထကချင်သူကဲ့သို့ ကျွန် တော်သည်လည်း ကိုယ် ရေးကိုယ်တာ အကြပ်အတည်းတွေကြားမှ ရှမ်းပြည် အမျိုးသားရေး လှုပ်ရှားမှုများ တလှုပ်လှုပ်ဖြစ်တိုင်း ထ ၍ကချင်ပါသည်။

“ရှမ်းပြည်” အမျိုးသားရေးရာ လှုပ်ရှားမှုကြီးသည် ဒီရေအလား တလှိမ့်လှိမ့် တက်လျှက်ရှိလာလေပြီ။ “ရှမ်းဆိုး”ဟုခေါ်ဝေါ်နေသည့် ရှမ်းသူပုန်ထမှုကြီးသည်လည်း ရှမ်းပြည်အမျိုးသားရေးရာ လပ်ရှားမှုကြီး၏ အစိတ် အပိုင်းတခုဖြစ်သည်။

မကြာမှီက နိုင်ငံတော်၀န်ကြီးချုပ်ဦးနု တောင်ကြီးသို့ရောက်ရှိနေစဉ် ရှမ်းသူပုန်အရေးနှင့် ပတ်သက်၍ ဆွေးနွေးသည်ဟု ကြားသိရသည်။ ရှမ်းသူပုန်အင်အား ဘယ်လောက် ရှိမည် ထင်သလဲဟု ဦးနုကမေးမြန်းရာ တာ၀န်ခံပုဂ္ဂိုလ်တဦးက လက်နက်ကိုင်အင်အား ၂၅,၀၀၀ခန့်ရှိမည်ဟု ဖြေကြားသည်ဟု တဆင့်စကားကြားသိရသည်။

ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း

 ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း


မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ ကြားသိရတဲ့အတွက် သိချင်တာလေးတွေ မေးမြန်းခွင့်ပြုပါ။ ဆရာကြီးရဲ့ ဇာတိနှင့် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နေရာဒေသတွေကို ပြောပြပေးပါ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ မွေးရာဇာတိက ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်မြောက်ရပ်ကွက်ကပါ။ ၁၉၅၇ ခုနှစ်မှ ဒီ လ.ဝ.က လူဝင်မှုကြီးကြပ်ရေးမှာ အလုပ်စဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် တာဝန်ထမ်းဆောင်ရတဲ့ ရာထူးကို လူဝင်မှုကြီးကြပ်ရေးမှူးလို့ ခေါ်ပါတယ်။ မူဆယ်၊ ဗန်းမော်၊ ကောလင်း စတဲ့ ရှမ်းပြည်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တို့မှာ တာဝန်ကျပြီးမှ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၁၉၆၇ လောက်မှာ ရောက်ရှိ လာတာပါ။ ရခိုင်ပြည်နယ်မှာ လက်အောက်ပြည်နယ်မှူးနဲ့ ဒုပြည်နယ်မှူး အဖြစ်နဲ့ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ၈၈ အရေးတော်ပုံမှာ ပါခဲ့တယ်ဆိုပြီး Forced to Retire ပေးခံခဲ့ရတယ်။ ၁၉၉၀ ခုနှစ်မှာမှ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခု အသက် (၈၂) နှစ်ရှိပြီ။

ဝ တရုတ်နယ်စပ်က UWSA နဲ့ မြန်မာ့နိုင်ငံရေး၊ ဗကပအလွန် နှစ် ၃ဝ

B B C

ဘိုဘို
ဘီဘီစီမြန်မာပိုင်း
၁၆ ဧပြီ ၂၀၁၉

ဓာတ်ပုံ ရင်းမြစ်,YE AUNG THU, ဝငြိမ်းချမ်းရေး အနှစ် ၃ဝ ဆင်ယင်နိုင်ပြီ

ရှမ်းပြည် အရှေ့မြောက်စွန်းက ဝဒေသကို ၁၉၆ဝ ကျော်နှစ်တွေအထိ လူသူအရောက်အ ပေါက် နည်းခဲ့ ပါတယ်။

ဝနယ်မြေဟာ အစဉ်အလာအားဖြင့် မြန်မာအစိုးရနဲ့ တရုတ်အစိုးရတွေ သြဇာမသက်ရောက်ခဲ့တဲ့ နယ်မြေ ဖြစ်ပြီး ၂ဝ ရာစုဦးက ဒီနယ်မြေကို ဝင်ဖို့ ကြိုးစားတဲ့ အင်္ဂလိပ်နဲ့ တရုတ်တပ်တွေကို တိုက်ထုတ်တာတွေ ရှိခဲ့ပါတယ်။

အနားက ကိုးကန့်နယ်မှာ မြို့စားအုပ်ချုပ်ရေး ရှိခဲ့ပေမယ့် တချိန်က ထိုင်းမြောက်ပိုင်းနဲ့ ကျိုင်းတုံနယ်ကိုပါ စိုးမိုးခဲ့တယ် ဆိုတဲ့ ဝလူမျိုးတွေကတော့ တောင်ပေါ်လူမျိုးစုတွေ အဖြစ် ခေတ်နောက်ကျတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။

''UWSAခေါ်'ဝ'တွေကိုဘယ်လိုချေမှုန်းမလဲ

''UWSAခေါ်'ဝ'တွေကိုဘယ်လိုချေမှုန်းမလဲ

''ဝ''ဒေသ
ဝနယ်တောင်တန်းများသည် ရှမ်းပြည်နယ်၏အရှေ့မြောက်ပိုင်းတွင်တည်ရှိသည်။သံလွင်မြစ်၏ အရှေ့ဖက်ခြမ်း တောင်ကြီး ကျိုင်းတုံ ကားလမ်း၏ မြောက်ဖက်ခြမ်းတွင် ဝ နယ်တည်ရှိသည်။ သံလွင်အရှေ့ဖက်ခြမ်းတွင်ရှိသော ကိုးကန့်ဒေသမှအပဟိုပန် ပန်လုံ မိုင်းမော ခွင်းမား မန်မန်းဆိုင် ယုံအော ပန်ယန်း ပန်ဆန်း (ပန်ခမ်း)
မော်ဖါ လွယ်ဟိုလာ မိုင်းပေါက် စသည့် ဒေသများသည် ဝ တို့၏ဒေသဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအရ ဝ တို့အား ကိုယ်ပိုင်အုပ်ချုပ်တိုင်းအဖြစ်သတ်မှတ်ပြီး မြို့နယ် ၆ မြို့နယ်ပါဝင်သည်။ ဟိုပန် / မိုင်း မော / ပန်ဝိုင် / နားဖန်း / မက်မန်း /ပန်ဆန်း(ပန်ခမ်း) မြို့နယ်ဟု မြို့နယ် ၆ မြို့နယ်အား ခရိုင် ၂ ခုဖွဲ့စည်းထားရှိသည်။
 

ရိုဟင်ဂျာအရေး မြန်မာအာဏာပိုင်တွေကို မပြတ်ဖိအားပေး သွားဖို့ OIC နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

B B C

ဘီဘီစီမြန်မာပိုင်း

2022-03-24

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေ အပေါ်မပြတ်ဖိအားပေးရာမှာ ဆက်လက် ပါဝင်ဆောင်ရွက်သွားကြဖို့ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မဆုဒ် ဘင် မိုမန်က တိုက်တွန်းလိုက်ပါတယ်။

မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က ပါကစ္စတန် အစ္စလာမာဘာ့ဒ်မြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို တိုက်တွန်းခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Wednesday, March 23, 2022

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် ‘ဝ’ က အစောဆုံးအောင်နိုင်သူဖြစ်လာ (၂)


အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် ‘ဝ’ က အစောဆုံးအောင်နိုင်သူဖြစ်လာ (၂)



မြောက်ပိုင်းဒေ သမှ ခါးသီးသောပြောက်ကျားတိုက်ပွဲသည် RCSS နယ်မြေစူးစမ်းရေးတပ်ဖွဲ့များ၊ တပ်သားသစ် များနှင့် TNLA တပ်များအကြားဖြစ်ပွားသော တိုက်ပွဲများဖြစ်သည်။ ထိုစစ်ပွဲများသည် ကြီးမားကျယ်ပြန့်လာပြီး SSPP လည်း ပါ ဝင်ပတ်သက်လာရသည်။ SSPP က ကျောက်မဲ၊ နောင်ချိုနှင့် သီပေါမြို့နယ်များမှ ရှမ်းလူမျိုး များအ ကျိုးစီး ပွား ကို ကိုယ်စားပြုသည်ဟုဆိုပြီး ၎င်းဒေသများကလည်း SSPP ကို ထောက်ခံမှုများ ရှိနေသည်။

■ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် “ဝ” က အစောဆုံးအောင်နိုင်သူဖြစ်လာ (၁)

 ■ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် “ဝ” က အစောဆုံးအောင်နိုင်သူဖြစ်လာ (၁)


 
မြန်မာစစ်တပ် အာဏာသိမ်းပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အောင်မြင်မှုနှင့် ကျရှုံးမှုဆိုင်ရာ အလားအလာ များနှင့် ပတ်သက်ပြီး “တစ်နှစ်အလွန်” အစီရင်ခံစာများကို နိုင်ငံတကာမီဒီယာများက အကျဉ်းချုံးပြီး ပြန်လည်အာ ရုံစိုက်ခဲ့ကြသည်။


အဂတိလိုက်စားမှုဆိုးရွားနေသည့် နိုင်ငံသားကတ်ထုတ်ပေး မှု

ဧရာဝတီ
23 March 2022

စစ်ကောင်စီခန့် လဝက ဝန်ကြီး ဦးခင်ရီ
 

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များ ပြုလုပ်ပေးရာတွင် သတ်မှတ်ငွေကြေး ထက် ပိုမိုတောင်းခံ မှုများ ရှိနေကြောင်း သိရသည်။

ဌာနက သတ်မှတ်ထားသည့် တရားဝင် စာရွက်စာတမ်းကြေးမှာ ထောင်ဂဏန်းမျှသာ ရှိသော်လည်း တကယ်တမ်း သက်ဆိုင်ရာ ရုံးများသို့ သွားရောက်လုပ်ကိုင်သည့်အခါ ပိုက်ဆံပိုပေးမှသာ လုပ်ငန်းစဉ်များ ချောမွေ့စွာ ပြီးစီး ကြောင်း မန္တလေးမြို့မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဧရာဝတီသို့ ပြောသည်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */