" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 24, 2022

''UWSAခေါ်'ဝ'တွေကိုဘယ်လိုချေမှုန်းမလဲ

''UWSAခေါ်'ဝ'တွေကိုဘယ်လိုချေမှုန်းမလဲ

''ဝ''ဒေသ
ဝနယ်တောင်တန်းများသည် ရှမ်းပြည်နယ်၏အရှေ့မြောက်ပိုင်းတွင်တည်ရှိသည်။သံလွင်မြစ်၏ အရှေ့ဖက်ခြမ်း တောင်ကြီး ကျိုင်းတုံ ကားလမ်း၏ မြောက်ဖက်ခြမ်းတွင် ဝ နယ်တည်ရှိသည်။ သံလွင်အရှေ့ဖက်ခြမ်းတွင်ရှိသော ကိုးကန့်ဒေသမှအပဟိုပန် ပန်လုံ မိုင်းမော ခွင်းမား မန်မန်းဆိုင် ယုံအော ပန်ယန်း ပန်ဆန်း (ပန်ခမ်း)
မော်ဖါ လွယ်ဟိုလာ မိုင်းပေါက် စသည့် ဒေသများသည် ဝ တို့၏ဒေသဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအရ ဝ တို့အား ကိုယ်ပိုင်အုပ်ချုပ်တိုင်းအဖြစ်သတ်မှတ်ပြီး မြို့နယ် ၆ မြို့နယ်ပါဝင်သည်။ ဟိုပန် / မိုင်း မော / ပန်ဝိုင် / နားဖန်း / မက်မန်း /ပန်ဆန်း(ပန်ခမ်း) မြို့နယ်ဟု မြို့နယ် ၆ မြို့နယ်အား ခရိုင် ၂ ခုဖွဲ့စည်းထားရှိသည်။
 
ဧရိယာသည် (၁၇၀၀၀) စတုရန်းကီလိုမီတာရှိပြီး၊ လူဦးရေမှာရှစ်သိန်းခန့် ရှိသည်။ဘေဂျင်း၏ထောက်ပံ့မှုဖြင့်အင်အားကြီးထွားလာသောUWSAခေါ်'ဝ'တို့သည်၎င်းတို့၏ငြိမ်းချမ်းရေးနှစ်သုံးဆယ်ပြည့်အခမ်းနားတွင်မောင့်သူမဲ့လေယာဉ်များ/ပခုံးထမ်းလေယာဉ်ပစ်ဒုံးများ/မြေပြင်မှဝေဟင်ပစ်အမြောက်များစသဖြင့်၎င်းတို့၏အင်အားကိုပြသခဲ့သည်မှာအများသိရှိပြီးဖြစ်ပေမည်။ထိုသို့လက်နက်အင်အားအစုံလင်ဖြင့်စစ်ရေးပြအခမ်နား၏နောက် ကွယ်တွင်ရည်ရွယ်ချက်ရှိမည်မှာအမှန်ပင်ဖြစ်သည်။ဝခေါင်းဆောင်တို့သည်မကြာသေးမီက၎င်းတို့၏ ဒေသကိုပြည်နယ်အဆင့်ထိတိုးမြှင့်ပေးရန်တောင်းဆိုခဲ့ပြီးခွဲထွက်ချင်သလိုလိုဘာလိုလိုအမူရာပြခဲ့ လေသည်။ထိုကိစ္စ၏ နောက်ကွယ်တွင်ဘေဂျင်းသည်ပါဝင်ပက်သက်နေနိုင်သည်။ဝ တို့၏ပြည်နယ်အဆင့်ထိတောင်းဆိုမှုကိုအစိုး ရနှင့်တပ်မတော်မှလက်မခံပေ။ထို့ကြောင့်'ဝ'တို့သည်ဘေဂျင်း၏အမြှောက်အပင့်ဖြင့်စစ်ရေးပြပွဲတွင်စစ်လက်နက် အစုံပါဝင်ပြသကာအစိုးရနှင့်တပ်မတော်ကိုသွေးတိုးစမ်းသည်ဟုယူဆနိုင်သည်။

နည်းလမ်းမျိုးစုံနဲ့ ငွေရှာပြီး စီးပွားရေးတောင့်တင်းလာတဲ့ “၀”ဟာ လူ၊ လက်နက်အင်အားတိုးချဲ့လာခဲ့ ရာမှာ ၂၀၀၆ ခုနှစ်တုန်းက “၀” တပ်ဖွဲ့အင်အား ၁ သောင်းကျော်သာရှိခဲ့ရာမှအခု ၃ သောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။
 
''ဝ''ရဲ့လက်နက်မှောင်ခိုစျေးကွက်

တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ တို့ကနေတင်သွင်းလာတယ်လို့ သိရပါတယ်။အများဆုံး သယ်ယူနေတဲ့လမ်းကြောင်းကတော့ ဗီယက်နမ်နိုင်ငံ ဟိုင်ဖုန်ဆိပ်ကမ်းကနေဒါနန်မြို့အဲဒီမြို့ကနေ လာအိုနိုင်ငံ လွမ်နမ့်ဆာမြို့ကိုဖြတ်ပြီး မဲခေါင်မြစ် ဆွတ်ပလွေဆိပ်ကမ်းက တစ်ဆင့် မိုင်းလားသို့ ၀င်ရောက်ကာ ပန်ဆန်း ဗဟိုဌာနချုပ်ကို သယ်ဆောင်နေတာ ဖြစ်ပါတယ်။ တခြား လမ်းကြောင်းအဖြစ် တရုတ်နိုင်ငံကနေဆွပ်ပလွေဆိပ်ကမ်းနဲ့ မိုင်းခမ်ဆိပ်ကမ်း တွေကို ကူးပြီး ၆ ဘီး/၁၀ ဘီးအလုံပိတ် ကွန်တိန်နာယာဉ်တွေနဲ့သယ်ဆောင်နေတယ်လို့ သိ ရပါတယ်။နောက်ပြီး''ဝ''တို့ဟာကိုယ်ပိုင်စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံများရှိပြီးအမြောက်ဆံ/ကျည်ဆံ/သေနတ်များကိုထုတ်လုပ်နေပါတယ်။

''ဝ''ရဲ့အဓိကဝင်ငွေလမ်းကြောင်း

UWSA ဝ အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးမထုတ်လုပ်ဖူးလို့ ငြင်းဆိုထားမကြာခဏငြင်းဆိုနေသော်လည်းဝ နယ် မြေမှ ထွက်သော မူးယစ်ဆေးဝါးများဟာ ထိုင်းနိုင်ငံမှတဆင့် ကမ္ဘာကြီးကို ပျံ့နှံ့နေတာပါ။ဝ ခေါင်းဆောင်ပေါက်ယူချန်း အပါအဝင်ဝတပ်မှူးအများစု သည် မူးယစ် ဆေးဝါးမှုဖြင့်အမေရိကန်နှင့်အင်တာပိုမှအလိုရှိနေသူများဖြစ်ပါတယ်။


ထိုင်းနိုင်ငံနယ်စပ်တွင်စိတ်ကြွဆေးထုတ်လုပ်သောဓါတ်ခွဲခန်းများ (၄၀) မှ (၅၀) အထိရှိမည်ဟုအနောက်နိုင်ငံများမှခန့်မှန်းထားကြသည်။ ထုတ်လုပ်သောစိတ်ကြွဆေးများကိုလာအို၊ ထိုင်း နှင့်ကမ္ဘောဒီးယားနိုင်ငံအပြင်ဘင်္ဂလားဒေ့(ခ်ျ)နှင့်အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်ဖြစ်သောအာသံ၊ မဏိပူရနှင့်နာဂလန်းသို့လည်းဆက်သွယ်ပို့ဆောင်သည်။ မြန်မာနိုင်ငံမှထွက်သောဘိန်းဖြူ(Heroin) ၏ (၃၄%) နှင့် စိတ်ကြွဆေး၏(၈၀%)သည်“၀” ဒေသမှထွက်ရှိကြောင်းအနောက်နိုင်ငံများမှထောက်ပြထားပါသည်။
 
နယ်စပ်တွင်ဝနယ်ထုတ်မူးယစ်ဆေးဝါးများမကြာခဏယိုးဒဟားစစ်တပ်ကဖမ်းဆီးရမိသော်လည်း'ဝ' အဖွဲ့ ဟာ အကြိမ်ပေါင်းများစွာ ငြင်ဆိုခဲ့ပါတယ်။'ဝ'ပါတီဒုတိယခေါင်းဆောင်အဆင့် အထိထံမှ မူးယစ်ဆေးဝါး များဖမ်း ဆီးရ မိသော်လည်းဝ အဖွဲ့ကပါတီမှထုတ်ထားပြီးဖြစ်ကြောင်းမိမိ တို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ထို့ကြောင့်'ဝ'တို့၏အဓိကဝင်ငွေလမ်း ကြောင်းဟာဘိန်းနဲ့မူးယစ်ဆေးထုတ်လုပ်မှုတွေပဲဖြစ်ပါတယ်။ထို့ပြင်တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့များကိုလက်နက်ရောင်းချခြင်း/အိန္ဒိယအစိုးရကိုပုန်ကန်တော်လှန်နေသောULFA ကဲ့သို့သူပုန်အဖွဲ့များကိုလည်းလက်နက်များရောင်းချပေးနေသည်ဟုကြားသိရပါတယ်။ ပန်ဆန်းမှ(၁၂၅)ကီလိုမီ တာကွာဝေးသော ခွန်းမ မြို့ရှိပေါက်ယူချန်း နေအိမ်၀င်းထဲတွင်လက်နက်စက်ရုံတည်ဆောက်ကာ(၂၀၀၆) ခုနှစ်စက်တင်ဘာလမ ှစ၍စတင်ထုတ်လုပ်ခဲ့သည်ဟုကြားသိရပါတယ်။တရုတ်ပုံစံတူ M-22 ရိုင်ဖယ်သေနတ်နှင့်
M-23 စက်လတ်သေနတ်ကိုထုတ်လုပ်ပြီးထိုသေနတ်နှစ်မျိုးစလုံးတွင်အသုံးပြုနိုင်သော7.62mm ကျည်ဆံမျာ ထုတ်လုပ်ကာအိန္ဒိယနိုင်ငံအာသံ၊ မဏိပူရနှင့်နာဂလန်းစျေးကွက်သို့ပို့ဆောင်ပါတယ်။

'ဝ'ရဲ့စစ်အင်အား

'ဝ'တပ်ဖွဲ့မှာအင်အား၃သောင်းကျော်ခန့်ရှိတယ်လို့ဆိုပါတယ်။လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အမြောက် တပ် / သံ ချပ်ကာတပ်စသည်ဖြင့်စနစ်တကျတိုးတက်ဖွဲ့စည်းထားသောတပ်ဖွဲ့ဖြစ်ပါသည်။ စုစုပေါင်းတပ်မဟာ (၉) ခုရှိပြီးတောင်ပိုင်း“၀ ဒေသတွင်တပ်မဟာ(၅)ခုနှင့်မြောက်ပိုင်း''၀” ဒေသတွင်တပ်မဟာ(၄)ခုထားရှိသည်။တောင်ပိုင်း ၀ ဒေသရှိတပ်မဟာ(၅)ခုမှာ (၁) တပ်မဟာ (၇၇၂) ကိုမိုင်းကျွတ်တွင်လည်းကောင်း၊ (၂) တပ်မဟာ (၇၇၅) ကိုဟေွအောတွင်လည်းကောင်း၊ (၃) တပ်မဟာ (၇၇၈) ကိုဆန်ကန် တွင်လည်းကောင်း၊ (၄)တပ်မ ဟာ (၂၄၈) ကို ဟိုပန်-ဟိုရွက် တွင်လည်းကောင်း၊ (၅) တပ်မဟာ (၅၁၈) ကိုမိုင်းယွန်းတွင်လည်းကောင်းထားရှိသည်။ တောင်ပိုင်း “၀” ဒေသတွင်စစ်အင်အား တစ်သောင်းကိုးထောင်(၁၉၀၀၀) ခန့်ရှိသည်ဟုခန့်မှန်းကြသည်။

မြောက်ပိုင်း “၀”
ဒေသရှိတပ်မဟာ(၄)ခုမှာ (၁) တပ်မဟာ (၃၁၈)ကိုနမ့်တစ်တွင်လည်းကောင်း၊ (၂)တပ်မဟာ (၄၁၈) ကိုကျူဟေးတွင်လည်းကောင်း (၃) တပ်မဟာ (၆၁၈)ကို တာကောအက်တွင်လည်းကောင်း၊ (တပ်မဟာ (၆၁၈) သည် အထူးရှေတန်းစစ်မျက်နှာဖြစ်သည်။မန်ဆိုင် နှင့် နောင်ခစ်မြို့နယ်ဒေသတွင်ထိန်းချုပ်တာဝန် ယူထားသည်)။(၄) တပ်မဟာ(၄၆၈) ကို မိုင်းပေါက်တွင်လည်းကောင်းထားရှိသည်။ ၄င်းအပြင်အမြောက်တပ်ရင်းတစ်ရင်းနှင့်ဌာနချုပ်လြုံ ခုံရေးတပ်ရင်းတစ်ရင်းလည်းမြောက်ပိုင်းတွင်ထားရှိသည်။

ယခုအခါမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( PLA) မှာ လက်ရှိအသုံးပြုနေတဲ့ လက်နက်ကြီး လက် နက်ငယ်မျိုးစုံဟာ UWSAလက်ထဲမှာ အများအပြား ရောက်ရှိနေပါတယ်။တရုပ်လုပ် မောင်းသူမဲ့ တိုက်ခိုက်ရေး ဒရုန်းများ၊ Μ-99ပွိုင့်ဖိုက်ကျည် ဆံသုံးစနိုက်ပါ ရိုင် ဖယ်များ၊ QBZ-95 Bullpup ချေမှုန်းရေးရိုင်ဖယ်များ ၊ဝ ဒေ သတွင်းမှာတရုတ်ထံမှကော်ပီယူ ပြီးထုတ်လုပ်တဲ့ Type -81ချေမှုန်းရေးရိုင်ဖယ်များ၊ CS/ LS06 ၉မမ စက်သေ နတ်ငယ်များ၊ FN-6 (MANPADS)လေယာဉ်ပစ် ပခုံးထမ်းဒုံးကျည်များ၊ HJ8 RedArrowတင့်ဖျက်ဒုံးများ၊ ၁၀၅မမ
နောက်ပွင့် Recoilless gunNORINCO ၁၂၂မမ ဟောင်ဝဇ်ဇာအမြောက်ကြီးများ၊၁၀၇မမ Free Fight မြေပြင်ပစ် မစ်ဇိုင်းများ စသဖြင့်ပိုင်ဆိုင်နေတာကိုတွေ့ရပြန်ပါတယ်။

တရုတ်ထုတ်စစ်ရဟတ်ယာဉ်အနည်းဆုံး၄စီးလောက်ရှိ

ဝ တပ်ဖွဲ့တွင်တရုတ်ထုတ်စစ်ရဟတ်ယာဉ်အနည်းဆုံး၄စင်းခန့်လောက်ရှိနေပြီးထိုစစ်ရဟတ်ယာဉ် များတွင်TY-90ဒုံးပျံများတပ်ဆင်နိုင်ပြီးထိုဒုံးပျံများသည်မြန်မာ့တပ်မတော်၏MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များကိုအ နည်းငယ်ချိန်းခြောက်နိုင်စွမ်းရှိနေတာဖြစ်ပါတယ်။သို့သော်မြန်မာ့တပ်မတော်၏ လေကာစနစ်နဲ့ဂျက်တိုက် လေ ယာဉ်များကြောင့်''ဝ''တို့၏ရဟတ်ယာဉ်များကိုအသက်မဲ့စေသကဲ့သို့ဖြစ် နေပေလိမ့်မည်ဖြစ်သည်။တပ်မ တော် ၏လေကာစနစ်များဟာတစ်နိုင်ငံလုံးကိုလွှမ်းခြုံထားသဖြင့်''ဝ''တို့၏ရဟတ်ယာဉ်များဟာပျံတက်ပြီးမိနစ် အ နည်းငယ်အတွင်းမှာပင်ပစ်ချခံရဖွယ်ရှိပါတယ်။ထို့ကြောင့်''ဝ''တို့၏ရဟတ်ယာဉ်များမှာ၎င်းတို့၏တပ်ဖွဲ့ များကိုစစ်ကူပေးနိုင်စွမ်း နှင့်လက်နက်ရိက္ခာများကိုသယ်ယူပို့ဆောင်ပေးိနိုင်ဖို့နေနေသာသာတပ်မတော်၏လေကာစနစ်များကိုသာအသည်းအသန်ရှောင်တိမ်းရင်းအလုပ်ရှုပ်နေမည်ကိုမြင်ယောင်မိသည်။(အပြောပို၍အပိုပြောခြင်းမဟုတ်ပါ။သိဘို့။)

''ဝ''တပ်ဖွဲ့၏HN-5နှင့်FN-6လေကာစနစ်

HN-5လေယာဉ်ပစ်ဒုံးပျံကိုမုန်းကိုးတိုက်ပွဲတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့့တစ်ဖွဲ့မှမြန်မလေတပ်၏ဗုံ းကြဲလေယာဉ်A-5ကိုလှမ်းပစ်ခဲ့လေသည်။လေသူရဲ၏ကျွမ်းကျင်ပိုင်နိုင်မှုနှင့်ရဲရင့်မှုကြောင့်လေယာဉ်မှာHN-5၏ ရန်မှကင်းလွတ်ခဲ့ပြီးပျက်ကျခဲ့ခြင်းတော့မရှိခဲ့ပေ။တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ FN-6 (FeiNu-6)လေယာဉ်
ပစ်ဒုံးဟာမြေပြင်မှဝေဟင်ပစ် MANPADS (Man Portable Air DefenceSystem) ခေတ်မီ SAM ဒုံးကျည်ဖြစ်ပါတယ်။FN-6 ကို ပြင်သစ်လုပ် Mistralဒုံးကျည်ကို အခြေခံ ထုတ်လုပ်ထားပြီး ဆိုဗီယက်ခေတ်က U Strela-2 နဲ့ အမေရိကန်ထုတ်stinger ဒုံးကျည်တွေရဲ့ နည်းပညာများကိုလည်းပုံတူကူးချထားသောစနစ်တစ်ခုဖြစ်သည်။ FN - 6 ဒုံးမှာ Infrared Seeker အနီအောက်ရောင်ခြည်အာရုံခံစံနစ်တပ်ဆင်ထားတဲ့အတွက်လေယာဉ်အင်ဂျင်ကထွက်တဲ့အပူ ငွေ့ကို ရှာဖွေ တိုက်ခိုက်နိုင်ပါတယ်။

အကွာအဝေး ၆ကီလိုမီတာနီးပါး၊ အမြင့် ၃.၈ ကီလိုမီတာက ပစ်မှတ်ဖြစ်တဲ့ အနိမ့်ပျံလေယာဉ်၊ဟယ်လီကော် ပတာ၊လူမဲ့ဒရုန်းတွေကို ပစ်ချနိုင်တယ်လို့ဆိုပါတယ်။FN-6ဟာနိုင်ငံတကာနယ်ပယ်မှာမျက်နှာပန်းလှနေတဲ့လေယာဉ်ပစ်ဒုံးဖြစ်ပါတယ်။၂၀၁၄ ခုနှစ်အတွင်းကအီရတ်လေတပ်ရဲ့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ Bell 407 ကင်းထောက်ရဟတ်ယာဉ်တို့အီရတ်မြောက်ပိုင်းမှာ ပစ်ချခံခဲ့ရပါတယ်။ ဒါ့အပြင် ဆီးရီးယား ပြည်တွင်းစစ်မှာလည်းဆီးရီးယားသူပုန်တွေဟာ FN-6 နဲ့ ဆီးရီးယားလေတပ်ရဲ့Mi-8 ၊ Mi-17 ရဟတ်ယာဉ်တွေအပြင်MiG-21 တိုက်လေယာဉ်ကိုပါ ပစ်ချနိုင်ခဲ့တဲ့အတွက်နာမည်ကြီးခဲ့ပါတယ်။Mi-17နဲ့MI-35ရဟတ်ယာဉ်တွေကို အဓိကအသုံးပြုနေတဲ့ တပ်မတော်(လေ)အတွက်သတိထားစရာဖြစ်ပါတယ်။

သို့သော်HN-5နှင့်FN-6ပခုံးထမ်းလေယာဉ်ပစ်ဒုံးပျံသည်ရဟတ်ယာဉ်များ/နှေးကွေးပြီးအနိမ့်ပျံသန်းသောဗုံးကြဲ လေယာဉ်များကိုသာခြိမ်းချောက်နိုင်ပြီးတပ်မတော်(လေ)၏မြန်နှုန်းမြင့်လွန်းသောSu-30/Mig-29/Yak-130/Jf-17/F-7တို့ကိုတော့ခြိန်းချောက်နိုင်စွမ်းနည်းပါးလွန်းမှာဖြစ်ပါတယ်။ထို့ကြောင့်''ဝ''တပ်ဖွဲ့အရေးတစ်ယူထုတ် ဖော်ပြသနေသောHN-5နှင့်FN-6တို့သည်တပ်မတော်(လေ)၏ဂျက်တိုက်လေယာဉ်များအပေါ်သက် ကြီးကြီးမားမားသက်ရောက်မှုမရှိနိုင်ပါဘူး။

တပ်မတော်(လေ)ရဲ့လုပ်ဆောင်နိုင်မှု

UWSAတွေအနေနဲ့ထောက်ပံ့ဖြည့်တင်းရေးနဲ့တပ်ရွှေ့ပြောင်းမှုတွေကိုပြုလုပ်တဲ့နေရာမှာ ကားလမ် းတွေကိုပဲ အမှီပြုရမှာဖြစ်ပါတယ်။ နေ့အချိန်မှာရွှေ့ပြောင်းမှုပြုလုပ်ရင်တော့တပ်မတော်(လေ)၏တိုက်ခိုက်ရေးရဟတ် ယာဉ်များနှင့်ဂျက်တိုက်လေယာဉ်များရန်ကိုကြောက်ရတဲ့အတွက်တပ်အပြောင်းရွှေ့လက်နက်ရိက္ခာဖြည့်တင်းထောက်ပံ့မှုတွေကိုညအချိန်မှာသာအဓိကလုပ်ဆောင်ဖွယ်ရှိပါတယ်။ညဘက်မှာအပြောင်အရွှေ့လုပ်လို .လေ ကြောင်းအန္တရာယ်ကင်းပြီလားဆိုတော့ဒါလည်းလုံးဝကင်းမှာမဟုတ်ပါဘူးMI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များကိုTV/FLIR Electro-opticစနစ်တပ်ဆင်လိုက်တဲ့အတွက်နေ့ရောညပါရာသီဥတုမရွေးတိုက်ခိုက်နိုင်စွမ်းရှိလာပြီဖြစ်ပါတယ်။မြန်မာ့တပ်မတော်ရဲ့ Mi35PတွေမှာTV/FLIRElectro-optic တွေတပ်ဆင်လိုက်တဲ့အတွက်Thermal imagerသည် ချဲ့အား ၃၆ ဆ ခန့်အထိရှိမှာဖြစ်တဲ့အတွက် ရာသီဥတု ဆိုးရွားချိန်နဲ့ညအချိန်တွေမှာ ပစ်မှတ်တွေကို တိကျစွာ ရှာဖွေ ချိန်ရွယ် ပစ်ခတ်လာနိုင်မှာ ဖြစ်ပါတယ်။

Electro Optical Device မှာ Full HD Zoom Camera ပါဝင်တဲ့အတွက် နေ့အချိန်မှာလည်း လေသူရဲတွေဟာ ပစ်မှတ်ကို မျက်မြင်ခွဲခြားစီစစ်ဖို့မလိုဘဲ အလွန်ဝေးကွာတဲ့နေရာကနေ zoom နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Electro Optical Device သည်နေ့အချိန်မှာ လေသူရဲတွေဟာ ပစ်မှတ်ပေါ်မှာ ရန်သူကို သဲသဲကွဲမြင်တွေ့အောင် အားကောင်းတဲ့ ကင်မရာတွေနဲ့ ရှာဖွေ ပစ်ခတ်တိုက်ခိုက်လာနိုင်မှာ ဖြစ်ပါတယ်။ မြေပြင်က UWSAခေါ်''ဝ''တပ် ဖွဲ့တို့၏လေယာဉ်ပစ် စက်သေနတ်ကြီးတွေ ကောင်းစွာချိန်ရွယ် ပစ်ခတ်နိုင်ခြင်းမရှိတဲ့ အကွာအဝေးကနေ မိ မိ က ချိန်ရွယ်ပစ်ခတ်လာနိုင်မှာ ဖြစ်ပါတယ်။Laser range finder ပါဝင်တဲ့အတွက် အကွာအဝေးကို တိကျစွာတွက်ချက်နိုင်မှာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေပိုမိုတိကျလာမှာ ဖြစ်ပါတယ်။TV/FLIR တပ်ဆင်လိုက်တဲ့အ တွက် မြန်မာလေတပ်အနေနဲ့ နေ့/ည မရွေး ရာသီဥတုမရွေး အနီးကပ် လေကြောင်းပစ်ကူပေးနိုင်တဲ့စွမ်းရည်
ရှိလာတဲ့အတွက်ညဘက်လှုပ်ရှားနိုင်တဲ့'ဝ'တွေအတွက်တော့စိတ်မသက်သာစရာတွေဖြစ်စေပါတယ်။ တိုက်ပွဲတွင်MI-35များဟာမြေပြင်တွင်တပ်အပြောင်းရွှေ့လုပ်နေသောမိမိတပ်များကိုအစောင့်လိုက်ပါ ပေးခြင်းတွင် လည်း အလွန်အသုံးဝင်ပေသည်။တစ်ခုပြောလိုသည်မှာ''ဝ''တို့၏ထိန်းချုပ်ရာနယ်မြေများသည်နောင်ကုန်းတောင်တန်းများချိုင့်ဝှမ်းများတောတောင်များထူထပ်သဖြင့်တပ်မတော်၏စစ်ကြောင်းများ ရိက္ခာလက်နက်ဖြည့်တင်းသောယာဉ်တန်းများသည်ရန်သူများထောင်ထားသောမိုင်းများနှင့်လျှပ်တစ်ပြက်ခြုံခိုက်ခြင်းများခံရနိုင်
ခြေအလွန်များပြားကာမလိုအပ်ဘဲမိမိ၏စစ်သည်များ၏အသက်များလေလွင့်ဆုံးရှုံးနိုင်သည်။

ထို့ကြောင့်စစ်ကြောင်းများတွင်ရှေ့ပြေးကင်းထောက်UAVများBTR-3Uလူသယ်ယာဉ်များနှင့်Type-92လိုသံချပ်ကာယာဉ်များမှအစောင့်လိုက်ပါပေးသင့်သည်။နောက်တစ်နည်းကတော့မိမိ၏စစ်ကြောင်းများရည်မှန်းချက်နေ ရာသို့ဘေးရန်နည်းပါးစွာနှင့်အလျင်မြန်ရောက်ရှိနိုင်အောင်MI-17သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များကို MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များကအစောင့်လိုက်ပါပြီးအင်တိုက်အားတိုက်အသုံးပြုသင့်ပေသည်။ဒီနေရာ မှာ JF-17တိုက်လေယာဉ်များရဲ့အရေးပါမှုလည်းများလှပါတယ်။ခေတ်မီနည်းပညာများတပ်ဆင်ထားသောJF-17 သည်အနီအောက်ရောင်ခြည်သုံးပစ်မှတ်ရှာစနစ်/လေဆာဗုံးများပဲ့ထိန်းဒုံးပျံများတပ်ဆင်ပစ်ခတ်နိုင်တဲ့အတွက်ရန်သူ့လက်နက်နဲ့ရိက္ခာသိုလှောင်ရာနေရာများရန်သူ့ကင်းထောက်လေယာဉ်နှင့်တိုက်ခိုက်ရေးဒရုန်းများကိုထိရောက်စွာချေမှုန်းနိုင်မှာဖြစ်ပါတယ်။UWSA တွေရဲ့ခံစစ်မှာ အားသာချက်က ကွန်ကရစ်ဘန်ကာတွေဖြစ်ပါတယ်။
 
ထု ၄ ပေလောက်ရှိတဲ့ သံကူကွန်ကရစ် ၂ ထပ်ဘန်ကာတွေဟာအထဲမှာလူ၁၀ယောက် ၁၅ ယောက်လောက်ဝင်ပြီးပစ်လို့ရတဲ့ ဘန်ကာတွေဖြစ်ပါတယ်။ ထုလုံးရှည်ပုံတည်ဆောက်ထားတဲ့ဘန်ကာတွေဟာစခန်း၁ခုမှာ အနည်း ဆုံး ၁ လုံးနဲ့ အထက်ရှိါတယ်လို့သိရပါတယ်။ထိုဘန်ကာတွေကိုဖြိုဖို့အတွက်လက်နက်ကြီးအမြောက်တွေ/တင့်ကားဖျက်ဖောက်ကျည်တွေနဲ့ပစ်ခတ်ရမှာဖြစ်ပါတယ်။ထို့ပြင်A-5နှင့်Yak-130လေယာဉ်တွေကိုMig-29နဲ့F-7တွေက အစောင့်လိုက်ပါပြီးပေါင်500ဗုံးတွေက်ုကြဲချပေးရမှာဖြစ်ပါတယ်။

UWSAခေါ်' ဝ'ကိုဘယ်လိုတိုက်မလဲ

တပ်မတော်နဲ့စစ်ဖြစ်ရင်UWSAအနေဖြင့်ခံစစ်အနေဖြင့်သာတပ်မတော်ရဲ့ပြင်းထန်သောထိုးစစ်တွေကိုရင်ဆိုင်သွားရဖွယ်ရှိနေပါတယ်။UWSAရဲ့အင်အားဟာတပ်မတော်ကိုထိုးစစ်ဆင်ရလောက်သောအခြေနေမှာမရှိပါဘူး။ဒါကြောင့်တပ်မတော်ရဲ့ထိုးစစ်ကြီးတွေကိုအသည်းအသန်ခုခံရပါလိမ့်မယ်။UWSA ကိုတိုက်ရင် စစ်မျက်နှာတစ်ခုထဲမတိုက်သင့်ပါဘာကြောင့်ဆိုတော့၎င်းတို့ရဲ့အင်အားကိုတစ်စုတစ်စည်းအသုံးပြုနိုင်အောင်အခွင့်ရေးပေးသလိုဖြစ်သွားမယ့်အတွက်ကြောင့်ပါ။ဒါကြောင့်စစ်မျက်နှာအနည်းဆုံးလေးခုလောက်ဖွင့်ပြီးတိုက်သင့်ပါတယ်။ဒါမှ၎င်းတို့ရဲ့အင်အားဟာပြန့်ကွဲသွားမှာဖြစ်ပြီးစစ်မျက်နှာတစ်ခုကိုအခြားစစ်မျက်နှာမှကူညီတိုက်ခိုက်ဖို့အခွင့်လမ်းနည်း ပါးသွားမှာဖြစ်ပါတယ်။၎င်းတို့ရဲ့ဌာနချုပ်များကိုလေကြောင်းမှအလစ်ငိုက်လျင်လျင်မြန်မြန်ချေမှုန်းဖို့လိုအပ်ပါတယ်။ဌာနချုပ်များနှင့်အဆက်သွယ်ပြက်သွားသော၎င်းတို့၏ရှေ့တန်းတပ်ဖွဲ့များအတွက်ထောက်ပံ့မှုနှင့်ညွှန်ကြားမှုစနစ်များပျက်ပြားကာစိတ်ဓာတ်ပိုင်းဆိုင်ရာဖရိုဖရဲဖြစ်သွားစေမည်ဖြစ်သည်။'ဝ'တို့၏Sniperများကိုတန်ပြန်နိုင်ရန်Sniperတပ်ဖွဲ့များလည်းအများပြားအသုံးပြုရမည်ဖြစ်သည်။၎င်းတို့အခိုင်မာဘန်ကာများအတွက်မြောက်တပ်များ/တင့်ကားဖျက်ဖောက်ကျည်များ/MLRSအတွဲလိုက်ပစ်ဒုံးများ/လေကြောင်းမှဗုံးကြဲတိုကခိုက်မှုများကိုဟန်ချက်ညီညီလုပ်ဆောင်ရမှာဖြစ်ပါတယ်။UWSAဟာကိုယ်ပိုင်လက်နက်စက်ရုံများရျှိတဲ့အတွက်ကျည် ဆံ ဗုံးသီးများကိုဖောဖောသီသီသုံးနိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်၎င်းတို့ရဲ့လက်နက်သိုလှောင်ရုံများ လက် နက်စက်ရုံများက်ုလည်းလေကြောင်းအလစ်အငိုက်အပြင်းအထန်ဗုံးကြဲပြီး ဖျက်ဆီးသင့်သည်။ညတိုက်ပွဲများဆင်နွှဲနိုင်ရန်အတွက် night vision deviceတွေကိုလည်းအလုံအလောက်အသုံးပြုသင့်ပါတယ်။

အမြောက်တွေကို တတ်နိုင်သမျှစုပြုံသုံးစွဲရပါမယ်။ နည်းနည်းနဲ့အချိန်ကြာကြာပစ်တာဟာအပစ်ခံရတဲ့သူကိုအမြောက်နဲ့ယဉ်ပါးအောင်လုပ်ပေးသလို ဖြစ်စေပါတယ်။ ဒါကြောင့် အမြောက်သုံးရင် ပစ်အားကို စုရုံးပစ်ခတ်ဖို့လိုအပ်ပါတယ်။ဒါမှပဲ အခိုင်အမာခံစစ်ဆင်နေတဲ့ UWSA တွေကိုရှော့ခ် ရစေမှာဖြစ်ပါတယ်။
 
UWSA တွေဟာ မြန်မာ့တပ်မတော်ရဲ့ အမြောက်စခန်းတွေကို သူတို့ရဲ့အမြောက်လက်နက်ကြီးတွေနဲ့ တန်ပြန်ပစ်လာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့လက်နက်ကြီးတွေနေရာကို ကင်းထောက် UAVတွေ weapon locating ရေဒါတွေနဲ့ထောက်လှမ်းပြီး ချေမှုန်းသွားသင့်ပါတယ်။နောက်ပြီး''ဝ''နဲ့စစ်ဖြစ်ရင်KIA/MNDAA/DKBA
တို့လိုမဟာမိတ်တပ်ဖွဲ့များဟာစစ်ကူပါဝင်လာမှာဖြစ်ပါတယ်။''ဝ''နယ်ဟာသံလွင်မြစ်အရှေ့ဘက်ခြမ်းမှာတည် ရှိတာကြောင့်မဟာမိတ်တပ်ဖွဲ့များဟာ''ဝ''တွေကိုစစ်ကူဖို့အတွက်သံလွင်မြစ်ကိုဖြတ်သန်းရပါလိမ့်မယ်။ဒါကြောင့်သံလွင်မြစ်ကြောင်းတစ်လျှောက်ကိုတပ်မတော်မြေပြင်စစ်ကြောင်းများကပိတ်ဆို့ဖြတ်တောက်ရပါလိမ့်မယ်။သံလွင်မြစ်ကြောင်းတစ်လျှောက်ဝေဟင်ကလည်းကင်းထောက်UAVများလက်နက်တပ်ဆင်ထားသောတိုက်ခိုက်ရေးဒရုန်းများ/MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်စောင့်ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

UWSA ထိပ်ပိုင်းခေါင်းဆောင် များနှင့် အဆင့်ဆင့်တပ်မှူးများကတော့CPB ခေတ်က တိုက်ပွဲကြီးငယ် များစွာတိုက်ဖူးသည့် အတွေ့အကြုံရှိကြသည်။UWSA ၏ လက်ရှိတပ်သားသစ်များကတော့ တိုက်ပွဲအတွေ့အကြုံ ရှိဟန်မတူပေ။တပ်မတော်သည်တိုက်ပွဲအတွေ့ကြုံရင့်ကျက်နေပြီး''ဝ''တွေက်ုဘယ်လိုချဉ်းကပ်ရမည်ဆိုတာသိပြီးသားဖြစ်မှာပါ။နောက်တစ်ချက်က''ဝ''တို့သည်ခံစစ်သက်သက်ချည်းသာတပ်မတော်ကိုရင်ဆိုင်ရမည်ရက်ကြာလာလေလေဆုံးရှုံးမှုတွေပိုများလာလေဖြစ်မည်။

စစ်ပွဲတစ်ပွဲတွင်တိုက်ပွဲဝင်နေသောရှေ့တန်းစစ်မြေပြင်မှမိမိ၏စစ်သည်များကိုအစားအစာ ဆေးဝါး လက်နက်ခဲယမ်းများကိုအဆက်မပြက်ထောက်ပံ့ပေးနေရမည်ဖြစ်သည်။''ဝ''တို့အနေဖြင့်တပ်မတော်၏ခြေလျတပ်/အ မြောက်/သံချပ်ကာယန္တယား/လေကြောင်းတို့မှဟန်ချက်ညီညီထိုးစစ်များအောက်တွင်အပြင်းထန်ခုခံနေရချိန်တွင်၎င်းတို့၏ထောက််ပံ့ပို့ဆောင်ရေးစနစ်များသည်လည်းတပ်မတော်၏ပိတ်ဆို့ဖြတ်တောက်မှုများခံရမည်ဖြစ်
သောကြောင့်ရေရှည်တွင်အစာရေစာဆေးဝါးမလုံမလောက်မှုများကြောင့်စိတ်ဓာတ်တည်ငြိမ်မှုပျက်ပြားကာ တပ်ဖွဲ့အတွင်းစိတ်ဝမ်းကွဲမှုများဖြစ်လာနိုင်သည်။အဆုံးစွန်ထိပြောရင်''ဝ''တို့၏မြို့တော်ပန်ဆန်းနှင့်အခြားမြို့များကိုလေကြောင်းမှပြင်းပြင်းထန်ထန်ဗုံးကြဲခြင်း/လေကြောင်းချီတပ်ဖွဲ့များဖြင့်မြို့သိမ်းတိုက်ပွဲများဆင်နွှဲခြင်း Navy Seal/ SOTFအထူးတပ်ဖွဲ့များနှင့်''ဝ''ခေါင်းဆောင်များကိုလျှပ်တစ်ပြက်စီးနင်းတိုက်ခိုက်ခြင်းများပြုလုပ်သင့်ပါကလုပ်ရမည်ဖြစ်သည်။ဆိုတော့တပ်မတော်အနေဖြင့်တကယ်တမ်းလုပ်လျှင်ဖြစ်နိုင်သောအရာများဖြစ်ပါသည်။''ထို့ကြောင့်''ဝ''တို့၏ဆက်လက်တည်ရှိမှုသည်တပ်မတော်၏ဆုံးဖြတ်ချက်တစ်ခုပေါ်တွင်မူတည်သည်ဟုဆိုနိုင်သည်။ထို့ကြောင့်''ဝ''တိုအနေဖြင့်တပ်မတော်သည်းမခံနိုင်တဲ့အနုတ်လက္ခဏာဆောင်သောလုပ်ရပ်များကိုမလုပ်ဆောင်မိဖို့အထူးအရေးကြီးပါတယ်။

နိဂုံး

UWSA “၀”ဒေသသည်မြန်မာနိုင်ငံမှမည်သည့်အခါမှခွဲထွက်မည်မဟုတ်ကြောင်းအမြဲပြောဆိုထားသော်လည်းထိုပြောဆိုမှုများသည်တရုတ်၏စေစားရာအောက်တွင်အချိန်မရွေးပျက်ပြယ်သွားနိုင်ကြောင်းသတိထားရမည်ဖြစ် သည်။မျက်မြင်အခြေအနေအရ' ဝ''ပြည်တွင်မြန်မာနိုင်ငံဆိုသောပုံရိပ်(Identity) လုံး၀မရှိပေ။ တရုတ်စကား၊တရုတ်စာပေ၊တရုတ်ဆက်သွယ်ရေးစနစ်၊ တရုတ်ငွေကြေးစနစ်ကိုကြည့်ခြင်းအားဖြင့်ယူနန်ပြည်နယ်၏တွဲဖက်
ပြည်နယ်(Yunan Sub-state) ဟုပင်ဆိုနိုင်သည်။UWSA ဝ တပ်ဖွဲ့ဝင်တွေဟာမြန်မာနိုင်ငံတော်အလံထောင် ထားတဲ့ တောင်ကုန်းတစ်ခုကို အမြောက်တွေ၊ စိန်ပြောင်းတွေ၊ အတွဲလိုက်ပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်အပြီး စခန်းသိမ်းတိုက်ပွဲဆင်နွဲခြင်း စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို 2016ကပြုလုပ်ခဲ့ပါတယ်။ အဆိုပါလေ့ကျင့်ခန်းကို တရုတ်သတင်းဌာနနဲ့ ဝကိုယ်ပိုင် ရုပ်သံလွှင့်ဌာနတို့မှလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်ထိုအရာကိုကြည့်ခြင်းဖြင့်ပင်၎င် းတို့ရဲ့အနာဂတ်ရည်မှန်းချက်ကိုသိရှိအကဲခတ်နိုင်သည်။ထို့ကြောင့်UWSA၏အင်အားကိုထိန်းချုပ်ဖို့ရန်တပ်မ တော်အနေဖြင့်ဖိအားတစ်ရပ်ပေးပြီးလှုပ်မရအောင်မဟာဗျူဟာကျကျထိန်းချုပ်သင့်ပါတယ်။ထိုသို့မှမဟုတ်ရင်တော့တချိန်ချိန်မှာ နှစ်ဖက်အထိအခိုက်များတဲ့ တိုက်ပွဲတွေ.. ပြည်နယ်ပေး၊ တပ်မတော်ပေးဖွဲ့ရတဲ့အခြေအနေတောင်ရောက်ရှိမည်ဖြစ် ပါကြောင်းသတိပေးတင်ပြရင်း...
#မိုးခါးခါး(ပဲတောင်းမြေ)(MMP)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */