" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 23, 2022

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် ‘ဝ’ က အစောဆုံးအောင်နိုင်သူဖြစ်လာ (၂)


အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် ‘ဝ’ က အစောဆုံးအောင်နိုင်သူဖြစ်လာ (၂)



မြောက်ပိုင်းဒေ သမှ ခါးသီးသောပြောက်ကျားတိုက်ပွဲသည် RCSS နယ်မြေစူးစမ်းရေးတပ်ဖွဲ့များ၊ တပ်သားသစ် များနှင့် TNLA တပ်များအကြားဖြစ်ပွားသော တိုက်ပွဲများဖြစ်သည်။ ထိုစစ်ပွဲများသည် ကြီးမားကျယ်ပြန့်လာပြီး SSPP လည်း ပါ ဝင်ပတ်သက်လာရသည်။ SSPP က ကျောက်မဲ၊ နောင်ချိုနှင့် သီပေါမြို့နယ်များမှ ရှမ်းလူမျိုး များအ ကျိုးစီး ပွား ကို ကိုယ်စားပြုသည်ဟုဆိုပြီး ၎င်းဒေသများကလည်း SSPP ကို ထောက်ခံမှုများ ရှိနေသည်။

နောက်ဆုံးမှာတော့ TNLA နှင့် SSPP မဟာမိတ်အဖွဲ့သည် တအာင်းတောင်တန်းသားများနှင့် ချိုင့်ဝှမ်းဒေသရှိ ရှမ်းလူမျိုးများအကြား ရှေးယခင်ကတည်းက တွယ်ကပ်နေခဲ့သော လူမျိုးရေးမုန်းတီးမှုကို ခွာချပြီး မဟာမိတ်ဖွဲ့နိုင် ခဲ့သည်။ ထိုဆက်ဆံရေးအသစ်ကို ကြားဝင်စေ့စပ်ပေးသူမှာ UWSA ဖြစ်ကြောင်း သေချာသလောက်ဖြစ်ပြီး နှစ်ဖွဲ့ စ လုံးသို့ ၁၂၀ မမ ကဲ့သို့သော လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများကို ‘ဝ’က ပေးပို့လျက်ရှိသည်။


■ သူပုန်စစ်တပ်တစ်တပ် ကျဆုံးခြင်း

 
အန္တရာယ်များပြီး မဖြစ်နိုင်သောစစ်ရေးချဲ့ထွင်မှုဖြစ်သည့် RCSS စစ်ဆင်ရေးများသည် ရှမ်းပြည်နယ်အနောက် မြောက်ပိုင်း တောင်ကုန်းများတွင် တဖြည်းဖြည်းချင်း ကျဆုံးသွားခဲ့သည်။ လက်နက်အင်အား လူအင်အား မမျှတ သည့်အပြင် ထောက်ပံ့ရေးလမ်းကြောင်းနှင့် အလှမ်းကွာလွန်းသည့် နေရာတွင်ရှိနေသော ယွက်စစ်တပ်များသည် ဒေသတွင်းပြဿနာ အများအပြား ကြုံခဲ့ရပြီး တွက်ချက်မှုမှားယွင်းသော မြန်မာစစ်တပ်၏ ၂၀၂၁ အာဏာသိမ်းမှု ကလည်း အခြေအနေများကို ပိုပြီးဆိုးရွားသွား စေခဲ့ပြန်သည်။


ဖေဖော်ဝါရီ ၁၅ ရက်က ကျောက်မဲမြို့နယ်တွင် ထောက်ပို့တပ်မှစစ်သား ၁၈ ဦးသည် အင်အားပိုမိုကြီးမားသော TNLA ထံ လက်နက်ချပြီးနောက် ချက်ချင်းပင်သတ်ဖြတ်ခံခဲ့ရသည်။ ဤဖြစ်ရပ်များက ကျဆုံးမှုကို မီးမောင်းထိုး ပြနေသည်။


အောက်တိုဘာလတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူဆန်ကျေးရွာတွင် ရက်သတ္တပတ်ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ထံ ၎င်းတို့၏ မြောက်ပိုင်းဌာနချုပ်ကို ဆုံးရှုံးသွားခဲ့ရသည်။ သို့သော်လည်း ယင်းမ တိုင် မီက ပင် UWSA သည် ပြည်နယ်အလယ်ပိုင်းတွင် တိုက်ရိုက်ကြားဝင်စွက်ဖက်မှုကြောင့် ‘ဝ’ဦးဆောင်သော မဟာ မိတ်အဖွဲ့သည် RCSS အင်အားပျက်ပြယ်စေရန် လုပ်ဆောင်နေပြီး မြန်မာစစ်တပ်ကိုမူ တခြားနည်းလမ်းတစ်ခုဖြင့် ကိုင်တွယ်နေကြောင်း ဖော်ပြနေသည်။


ဇွန် နှင့် ဇူလိုင်လအတွင်း ပြည်တွင်းသတင်းများအရ ရာနှင့်ချီသော UWSA တပ်များသည် ကျေးသီးမြို့နယ်ရှိ သေ န င်္ဂဗျူဟာကျသော လွယ်ဟန်းတောင်ကုန်းများမှ SSPP ဝမ်ဟိုင်းဌာနချုပ်ကို သိမ်းထားသော RCSS တပ်များ ကိုမောင်းထုတ်ရန် အကူအညီပေးခဲ့သည်။ RCSS သည် ၂၀၁၇ ခုနှစ်တည်းက အဆိုပါနယ်မြေသို့ ပြောင်းရွှေ့ လာခဲ့ပြီး SSPP က တိုက်ထုတ်ဖို့ကြိုးစားခဲ့ရာတွင် အောင်မြင်မှုမရခဲ့ပေ။


ယွက်စစ်တပ်များသည် တောင်ပိုင်းနှင့်မြောက်ပိုင်းနယ်စပ် နမ္မတူမြစ်တစ်ဘက် တောင်ပိုင်းမျဉ်းသို့ ပြန်ပြီးချဉ်းကပ် ရန် သဘောတူထားသော်လည်း RCSS ညံ့ဖျင်းမှုကြောင်း ရှမ်းပြည်မြောက်ပိုင်း လွှမ်းမိုးရေးအစီအစဉ်သည် ဇန်န ဝါရီလအရောက်မှာတော့ ပြိုလဲသွားတော့သည်။ ထိုမြစ်သည် မန္တလေး၊ လားရှိုးနှင့် တရုတ်နယ်စပ်ကို ဆက်သွယ် ထားသော အဝေးပြေးလမ်းနှင့် အကြမ်းဖျင်းအားဖြင့် အပြိုင်တည်ရှိနေသည်။


RCSS သည် ပြည်နယ်ဗဟိုချက်တွင် ၎င်းတို့စခန်းများ ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ထား သော် လည်း လေထဲဆောက်သောအိမ် ဖြစ်သွားခဲ့ရသည်။ ဇန်နဝါရီလနှောင်းပိုင်းတွင် UWSA-TNLA-SSPP သုံးဖွဲ့မှ အထူးတပ်ဖွဲ့သည် ၁၂၀ မမ များအကူအညီဖြင့် မိုင်းကိုင်မြို့နယ်ရှိ လွယ်ဆန်းသေနင်္ဂဗျူဟာတောင်ကုန်းများကို ထိန်းချုပ်လိုက်ပြီး RCSS တပ်များကို တောင်ပိုင်းသို့ မောင်းထုတ်လိုက်သည်။


ဖေဖော်ဝါရီ ၈ ရက်တွင် လက်နက်ခဲယမ်း အများအပြားဖြင့် မြောက်ပိုင်းမှဆုတ်ခွာလာသော RCSS ယာဉ်တန်းကို SSPP တပ်များက ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ခိုက်ခဲ့ပြန်သည်။ မြန်မာစစ်တပ်က ယွက်စစ်တပ် ဖွဲ့များကိုကူညီရန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း RCSS က အတန်ကြာတိုက်ခိုက်ပြီးနောက် လက်နက်ချခဲ့သည်။


တစ်ချိန်တည်းမှာပင် ထိုင်းနယ်စပ်တွင်လည်း UWSA က နယ်ခြားစောင့်တပ်ဘက်သို့ ရွှေ့လျားပြီးထိန်းချုပ် နိုင်ခဲ့ သည်။ ဇန်နဝါရီ ၁၉ ရက် မှ ၂၂ ရက်အတွင်း UWSA တပ်မဟာ ၉ ခုအနက် ၅ ခုကို ဖြန့်ချထားရာ တောင်ပိုင်း နယ်မြေ (၁၇၁) မှ တပ်ဖွဲ့ဝင်များသည် ယခင်တစ်ခါမှ မပြုလုပ်ခဲ့ဖူးအောင်ကြီးမားလှသော စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီး ‘ဝ’ရုပ်သံလိုင်းနှင့် လူမှုမီဒီယာများတွင် လူသိရှင်ကြား ထုတ်လွှင့်ပြသခဲ့သည်။


၁၇၁ စစ်ဒေသကို တိုက်ခိုက်ရန် RCSS ကခြိမ်းခြောက်လာသောကြောင့် များပြားလှသော ၁၂၀ မမ မော်တာတပ် ဆင် ထားသည့် ‘ဝ’တပ်မဟာနှစ်ခု RCSS ၏ဌာနချုပ် လွယ်တိုင်းလျံနှင့် ကပ်လျက်မျက်နှာချင်းဆိုင် နယ်စပ်အ နောက်ဘက်တွင် တိုက်ပွဲဝင်ရန် အသင့်နေရာယူထားလိုက်ကြသည်။


လာမည့်ရက်သတ္တပတ်များအတွင်း ထိုင်းနယ်စပ်အတွင်း ပြင်းထန်သောစစ်ပွဲများ ဖြစ်လာဦးမည်လား ဆိုသည်ကို တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ၂၀၀၅ ခုနှစ်ကလည်း ရှမ်းသိမ်းပိုက်ထားသော တောင်ကုန်းများ ကိုသိမ်း ပိုက်ရန် အားထုတ်ခဲ့မှုတွင် ရာပေါင်းများစွာ သေဆုံးခဲ့ရသည်အထိ ‘ဝ’ကလူသားလှိုင်းများ သုံးစွဲခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။


၁၆ နှစ်ကြာခဲ့ပြီးနောက်ပိုင်း UWSA သည် အဆပေါင်းများစွာ ပိုမိုကောင်းမွန်သော လက်နက်များ တပ်ဆင်လာ နိုင်ခဲ့ပြီး နည်းဗျူဟာပိုင်းအရလည်း ပိုမိုတတ်မြောက်လာကြသောအခါ ယခုကရလဒ်များက တူညီတော့မည်တော့ မဟုတ်ပေ။ ၂၀၀၅ ခုနှစ်တွင် ‘ဝ’တို့ အသုံးပြုခြင်းမရှိခဲ့သော ကြီးမားသည့် အမြောက်များနှင့်ရင်ဆိုင်ရခြင်းက ရှမ်း ဌာနချုပ်ကို အောင်မြင်စွာထိုးစစ်ဆင်နိုင်ဖို့ အဖျက်စွမ်းအားကြီးမားသော ကြိုတင်ပစ်ခတ်မှုကို ပေးစွမ်းနိုင်သည်။


အခြားရွေးချယ်စရာဗျူဟာ တစ်ခုမှာ ချောင်ပိတ်မိနေသော ရန်သူကို အတွင်းပိုင်းထောက်ပံ့ရေး လမ်းကြောင်း များနှင့် အခွန်ကောက်ခံသော လမ်းကြောင်းများကိုဖြတ်တောက်ပြီး ယခုအချိန်တွင် အသက် ၆၅ နှစ်ရှိနေပြီ ဖြစ် သော ယွက်စစ်အား ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် သက်တောင့်သက်သာ အငြိမ်းစားယူသွားအောင် ဖန် တီးရန် ဖြစ်သည်။ ထိုင်းစစ်တပ်ဘက်ကလည်း ၎င်း၏တပ်များကို လက်နက်ပြန်လည်ထောက်ပံ့ပေးဖို့ အလား အ လာ အလွန် နည်းပါးနေပြီ ဖြစ်သည့်အတွက် ပျောက်ကွယ်သွားမည့်ပုံ ပေါ်နေသော စစ်ဘုရင်အဖို့တော့ ရွေး ချယ် စရာများ မရှိတော့ပုံပေါ်သည်။


‘ဝ’ပြည်နယ်ဆီသို့ ဦးတည်ခြင်း

 
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံမှုအားနည်းနေပြီဖြစ်သော မြန်မာစစ်ကောင်စီအတွက် ၂၀၂၂ ခုနှစ် ခြောက် သွေ့ ရာသီတွင် နိုင်ငံအရှေ့မြောက်ပိုင်း၌ UWSA က အဓိကလွှမ်းမိုးသော ဇာတ်ဆောင်အဖြစ် ရင်ဆိုင်ရမည်ကို အတည်ပြုပေးလိုက်တော့သည်။ ‘ဝ’ကထောက်ပံ့ပေးထားသော လက်နက်များပေါ်တွင် မှီခိုနေရသော မဟာမိတ် အဖွဲ့ငယ်များ၏ ထောက်ခံပေးမှုက ဤအာဏာတည်မြဲရေးမှာ အကျိုးဆက်များ ရှိလာပေလိမ့်မည်။


ပထမဦးစွာ ဈေးကွက်၏ထိပ်ဆုံးအဆင့်တွင် “ဝ”တို့၏ သန့်စင်မှုအဆင့်မြင့်မားသော စိတ်ကြွဆေးနှင့် အဆင့်မြင့်မူး ယစ်ဆေးသုံး ဓာတုပစ္စည်းများအပေါ် မှီခိုနေရသော ဒေါ်လာ ၁ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းတွင် “ဝ”တို့က ဩဇာလွှမ်းမိုးအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။


ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC က မကြုံဖူးသောပမာဏအဖြစ် သတ်မှတ်ထား သည့် ၂၀၂၁ ခုနှစ် မေလမှစတင်ပြီး ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတွင်းသို့ အလုံးအရင်းဖြင့် စီးဝင်လာသော မူးယစ် ဆေးများကို ကြည့်လျှင် ဈေးသက်သာသော ယာဘ(ယာမ) စိတ်ကြွဆေးထုတ်လုပ်မှုသည် “ဝ”တစ်ခုတည်းသာ မ ဟုတ်။ အခြား လက်နက်ကိုင် အဖွဲ့အစည်းအသစ်များနှင့် ပြည်သူ့စစ်များသည် အဓိကကုန်ကြမ်းရရှိသော နေရာ များအဖြစ်ဆက် လက် တည်ရှိနေဦးမည်ဖြစ်ကြောင်းကို ပြသနေသည်။


ဒုတိယအနေဖြင့် ရှမ်းပြည်နယ်စိုးမိုးထားသော UWSA သည် မြန်မာနိုင်ငံအလယ်ပိုင်းသို့ နိုင်ငံရေးနှင့်စစ်ရေးအရ ဩဇာလွှမ်းမိုးမှုတိုးချဲ့စေနိုင်မည့် လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်သည်။ ရှမ်းပြည်နယ်ပုံစံကို ပုံတူကူးခြင်းဖြင့် UWSA သည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ပြီး အိမ်နီးချင်းကယားပြည်နယ်ရှိ မြန်မာစစ်တပ်ဆန့်ကျင်ရေး တပ်ဖွဲ့များထံသို့ လက်နက်များ ပေးပို့ခဲ့သည်။


အဓိကအကျိုးခံစားခွင့် ရရှိထားသောအဖွဲ့မှာ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ဦး KNPLF ဖြစ်ပြီး ထိုအဖွဲ့ သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ထို့ကြောင့် “ဝ”နှင့်) သမိုင်းကြောင်းအရ အချိတ်အဆက်ရှိသော ကွန်မြူနစ် ဟောင်း များဖြစ်ပြီး ထိုင်းနယ်စပ်တစ်လျှောက်တွင် ၎င်းတို့ကို “ကြယ်နီ”ဟု ခေါ်ဆိုကြသည်။ ၂၀၀၉ ခုနှစ်တွင် KNPLF သည် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း၎င်းတို့ သေနတ် ပြောင်းများက မြန်မာစစ်တပ်ဘက်သို့ ပြန်လှည့်လာခဲ့သည်။


ကြယ်နီနှင့် ၎င်းတို့မဟာမိတ် ကရင်နီအဖွဲ့များထံ ရောက်ရှိသော UWSA လက်နက်များတွင် အနည်းဆုံးအားဖြင့် အော်တိုမစ်တစ် အပေါ့စားလက်နက်ငယ်များ၊ RPG လောင်ချာများ၊ UWSA က အသုံးပြုခဲ့သော ၁၉၈၀ ခုနှစ်များ အတွင်းက ခေတ်ဟောင်းတရုတ် သံမဏိခမောက်များ ပါဝင်သည်ကတော့ မှားနိုင်စရာမရှိပေ။


ထိုခေတ်မီလက်နက်များသည် ကယားပြည်နယ်အတွင်း ခုခံမှုတွင် သိသိသာသာ ထိရောက်မှုရှိပြီး စစ်ကောင်စီတပ် များ အကြီးအကျယ်အထိနာမှုကို ဖော်ပြနေသောကြောင့် ဇန်နဝါရီတစ်လတည်းတွင် လွိုင်ကော်မြို့ကို လေ ကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။


တတိယနှင့် အရေးအကြီးဆုံးမှာ ရှမ်းပြည်နယ်တစ်ဝန်း စစ်ရေးဗျူဟာအရ အင်အားကြီးမားလာသောကြောင့် အ ချိန် ကြာမြင့်စွာကတည်းက မအောင်မမြင်ဖြစ်ခဲ့ရသော “ဝ”တို့ရည်မှန်းချက်ဖြစ်သော မြောက်ပိုင်း ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းနှင့် တောင်ပိုင်းရှိ ၁၇၁ စစ်ဒေသကို ပေါင်းစည်းပြီး တစ်ဆက်တစ်စပ်တည်းသော “ဝ”ပြည်ထူထောင် ရေး အောင်မြင်ဖို့ ပိုပြီးနီးကပ်လာသည့်အချက် ဖြစ်သည်။


ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အထီးကျန်မြန်မာစစ်တပ် အားနည်းချက်ကြောင့် မဟာမိတ်များ ဖွဲ့စည်းခြင်းက သံလွင် မြစ် အရှေ့ခြမ်းတွင် “ဝ”အုပ်ချုပ်ရေး ဖြစ်ပေါ်လာမည့်သဘော ဆောင်နေသည်။ ပိုမိုသေးငယ်သော ဒေသများရှိ အုပ်ချပ်သူများ အထူးသဖြင့် ကိုးကန့်အခြေစိုက် MNDAA ၊ လာအိုနယ်စပ်ရှိ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် သို့မဟုတ် မိုင်းလားအဖွဲ့တို့ ထိုလမ်းကြောင်းအတိုင်း လိုက်လာမည်ဟု ခန့်မှန်းရသည်။


ယင်းကဲ့သို့ဖွံ့ဖြိုးတိုးတက်လာပါက ရှမ်းပြည်နယ်ရှိ တရုတ်အခြေခံ အဆောက်အဦစီမံကိန်းများ လုံခြုံရေးကို ယုံ မှား ဖွယ်မရှိ အထောက်အကူပြုမည်ဖြစ်သလို “ဝ”ဒေသမှတစ်ဆင့် တရုတ်နှင့်ထိုင်း ကုန်းလမ်းဆက်သွယ်မှု လွယ် ကူချောမွေ့လာပေမည်။


သို့သော် ပိုမိုဆိုးရွားသော မေးခွန်းတစ်ခုလည်း ပေါ်ပေါက်လာပြန်သေးသည်။ ထိုင်းနိုင်ငံသည် မြောက်ဘက်နယ် စပ်မှ အသစ်ပေါ်ပေါက်လာသော ငွေကြေးချမ်းသာသည့် ပြည်နယ်တစ်ပြည်နယ်၏ ထိပါးရိုက်ခတ်မှုများကို ကိုင် တွယ်နိုင်ရန် အသင့်ပြင်ထားပြီးပြီလား ဆိုသောမေးခွန်းဖြစ်သည်။


နောက်ဆုံးနှင့် အလိုအပ်ဆုံးအချက်က ဩဇာကြီးထွားလာကြသော တိုင်းရင်းသားအဖွဲ့အစည်းများသည် “ဝ”ပုံစံကို နမူနာယူပြီး ၎င်းတို့ပြည်နယ်တွင် လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုလာကြမည် ဖြစ်သောကြောင့် “ဝ” ကျစ် လစ်ခိုင်မာလာခြင်းက မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်ထက် ပိုပြီးလွတ်လပ်သော ကွန်ဖက်ဒရိတ်စနစ်သို့ တွန်း အား ပေးမည်ဖြစ်သည်။


မြန်မာနိုင်ငံအနောက်ဘက် ပင်လယ်ကမ်းရိုးတန်းရှိ ရခိုင်ပြည်နယ်မှ ဖြစ်ပေါ်တိုးတက်မှုများကလည်း ထိုလမ်း ကြောင်းသို့ပင် ဦးတည်နေသည်။ ရခိုင်ပြည်နယ်တွင် ဩဇာကြီးမားသော ရက္ခိုင့်တပ်တော်မှ ခေါင်းဆောင်က လည်း “ဝ”ပုံစံ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားကြောင်း ပြောဆိုထားသည်။


ယခုဖြစ်စဉ်သည်သာ အမျက်ဒေါသနှင့် မာန်စောင်မှုနွံတွင်း သက်ဆင်းသွားမည်ဆိုပါက နဂိုထိလွယ်ရှလွယ် နိုင်ငံ အဖို့ ဘော်လ်ကန်ပုံစံ အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားရန် နောက်ကျကျန်ခဲ့မည် မဟုတ်ပေ။


ကြည်ဖြူစံ


Asia Times တွင်ဖော်ပြထားသော ဆောင်းပါးရှင် အန်တိုနီဒေးဗစ် ရေးသားသည့် “Wa an early winner of Myanmar’s post-coup war” ကို ဆီလျော်အောင်ရေးသားပါသည်။


ပုံစာ ၁ - ‘ဝ’ ပြည် ပန်ဆန်းတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ကျင်းပသည့် မြန်မာစစ်တပ်နှင့် ‘ဝ’ အကြား အပစ်အခတ်ရပ်စဲရေး နှစ် ၃၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA ခေါင်းဆောင် ပေါက်ယိုချန်း။ (ဓာတ်ပုံ - AFP)


ပုံစာ ၂ - ၂၀၁၆ ခုနှစ်က လွယ်တိုင်းလျံဌာနချုပ်တွင် ကျင်းပသည့် ၆၉ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အထိမ်းအ မှတ်ပွဲ၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)


ပုံစာ ၃ - လိမ္မော်ရောင်ခြယ်ထားသော နေရာနှစ်ခုမှာ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၌ ‘ဝ’ တို့ ထိန်းချုပ်ထား သော ဒေသများဖြစ်သည်။ (ဓာတ်ပုံ - Twitter)


အပိုင်း (၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/dmgnewsagency/posts/2250844285067970



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */