" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 23, 2022

အဂတိလိုက်စားမှုဆိုးရွားနေသည့် နိုင်ငံသားကတ်ထုတ်ပေး မှု

ဧရာဝတီ
23 March 2022

စစ်ကောင်စီခန့် လဝက ဝန်ကြီး ဦးခင်ရီ
 

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များ ပြုလုပ်ပေးရာတွင် သတ်မှတ်ငွေကြေး ထက် ပိုမိုတောင်းခံ မှုများ ရှိနေကြောင်း သိရသည်။

ဌာနက သတ်မှတ်ထားသည့် တရားဝင် စာရွက်စာတမ်းကြေးမှာ ထောင်ဂဏန်းမျှသာ ရှိသော်လည်း တကယ်တမ်း သက်ဆိုင်ရာ ရုံးများသို့ သွားရောက်လုပ်ကိုင်သည့်အခါ ပိုက်ဆံပိုပေးမှသာ လုပ်ငန်းစဉ်များ ချောမွေ့စွာ ပြီးစီး ကြောင်း မန္တလေးမြို့မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဧရာဝတီသို့ ပြောသည်။ 

 

အမရပူရမြို့နယ်နေထိုင်သူ တဦးက “စီမံချက်နဲ့ ကွင်းဆင်းလုပ်ပေးတာက လုံး၀ မလုပ်ရသေးတဲ့ အသစ်တွေပဲ ဦး စားပေးတာ။ ပျောက်တာ၊ ပျက်တာတွေ လုပ်မပေးဘူး။ အဲဒါတွေကို ရုံးကို လာလုပ်ဖို့ပဲ ပြောတယ်။ လဝကရုံးကို သွားလုပ်တော့လည်း နားမလည်တာကို နား လည်အောင် ရှင်းမပြဘဲ ငေါက်ငမ်းခံရသေးတယ်။ သူတို့ကို ပိုက်ဆံ ပေးပြီး လုပ်ခိုင်းရင်တော့ အလွယ်တကူ ပြီးစီးတယ်။ အခုက လဝကအတွက် လုပ်စားဖို့ခွင်လို ဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များ ပြုလုပ်ပေးခြင်းကို စစ်တပ်က အာဏာ သိမ်း ပြီးနောက် ၂၀၂၁ မေ ၃ ရက်မှ စတင်ကာ ၂၀၂၂ နိုဝင်ဘာ ၃ ရက်ထိ နိုင်ငံတဝန်း နေ့စဉ် ဆောင်ရွက် ပေး နေကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပန်းခင်း စီမံ ချက် ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ် ၃ ဒသမ ၄ သန်းကျော်အထိ ပြုလုပ်ပေးနိုင်ရန် လျာထားဆောင် ရွက်နေကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူတဦးက “ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင်တွေ လုပ်ပေးနေတယ်ဆိုလို့ ကျနော့် မှတ်ပုံ တင် အပျောက်သွားလုပ်တာ။ သူတို့ သတ်မှတ်ထားတဲ့ စာရွက်စာတမ်း ပြည့်စုံအောင် ကိုယ့်ဘာသာပဲ အ ကုန် လုပ်ပေးရ တာတောင် ပိုက်ဆံတောင်းလို့ ပေးခဲ့ရတယ်။ လဝကက သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ပြည်စုံတော့ နေ့ချင်းပြီး အမြန်လိုချင်ရင် ၄ သောင်း ပေးရမယ်လို့ တောင်းတယ်။ ပိုက်ဆံမပေးရင် ၂ ပတ် စောင့်ရ မယ်တဲ့။ အဲဒါကြောင့် အမြန်လို ချင်တော့ ပေးခဲ့ရတယ်” ဟု ရှင်းပြသည်။ 

စစ်ကောင်စီ၏ ပန်းခင်းစီမံချက်ဆောင်ရွက်မှု

လဝက အနေဖြင့် ယခင်ကတည်းက ထိုသို့ စီမံချက်များဖြင့် လုပ်ပေးနေခြင်း ဖြစ်ကြောင်း၊ စီမံချက်ဖြင့် ဖြစ်စေ၊ ပုံ မှန် အချိန်၌ဖြစ်စေ သတ်မှတ်ထားသည့် နှုန်းထားမှလွဲ၍ အပိုကြေးမပေးရကြောင်း၊ ပွဲစားများဖြင့် လုပ်ပါက ၎င်း တို့ တောင်း သည့်အတိုင်း ပေးရခြင်းမျိုးများ ရှိကြောင်း ချမ်းမြသာစည်မြို့နယ်နေ အငြိမ်းစား လဝကမြို့နယ်ဦးစီး မှူး တဦးက ပြောသည်။

ကိုယ်တိုင်ကြုံခဲ့ရသူတဦးက “ကျနော့်သမီးလေးကို မွေးတိုး သွားလုပ်တာမှာ အသက် ၁၀ နှစ်ကျော်နေလို့ဆိုပြီး ၅ ဦးကော်မတီ တောင်းတယ်။ အဲဒီဟာ ကိုရဖို့နဲ့ မွေးတိုးအမြန်ရချင်ရင် ၈ သောင်း ပေးရမယ်ဆိုပြီး တောင်းတယ်။ ကျနော်က ဘယ်လိုတွေ လုပ်ရမယ်ဆိုတာ နား မလည်လို့ တောင်းတဲ့ပိုက်ဆံကို ပေးခဲ့ရတယ်။ ကျနော်က နေတာ က ပြည်ကြီးတံခွန်၊ သွားလုပ်ရတာက ဝက်လက်နယ် ဆိုတော့ အချိန်မရတာကြောင့်လည်း ပေးခဲ့ရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ 

စစ်ကောင်စီ၏ ပန်းခင်းစီမံချက်ဆောင်ရွက်မှု

တဖက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များ ပြုလုပ် ပေးနေသဖြင့် လာမည့် ဧပြီ ၁ ရက်မှစ၍ မှတ်ပုံတင်မပါဘဲ ရပ်ကွက်၊ ကျေးရွာထောက်ခံစာများ အသုံးပြု ပြီး ခရီးသွားလာ ခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများ အနေဖြင့် ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများအတွက် တရားဝင် ထုတ်ပေးထားသော မှတ်ပုံ တင်များ အား ပြသစစ်ဆေးခံရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင် မပါရှိဘဲ ခရီးသွားလာခြင်း၊ မှတ်ပုံတင်အတု ကိုင် ဆောင်ခြင်းနှင့် ကတ် အပို ထားရှိခြင်းများကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ပါရှိသည်။ 

စစ်ကောင်စီ၏ ပန်းခင်းစီမံချက်ဆောင်ရွက်မှု

မန္တလေးမြို့ခံတဦးက “သူတို့ ထုတ်ပြန်ချက်အရဆိုရင် အုပ်ကြီးထောက်ခံစာတွေ မလိုတော့ဘူးပေါ့။ အဲဒီလိုသာဆို ရင် စကစရဲ့ အောက်ခြေ ရပ်ကျေးအဆင့်တွေမှာ အုပ်ချုပ်ရေးယန္တရား ပျက်နေပါတယ်ဆိုတာကို တရားဝင် ကြေ ညာ တဲ့သဘောပဲ။ နောက်တခုက အရင်ကတည်းကမှ လဝကတော်တော်များများက ငွေကြေးတောင်းတဲ့ကိစ္စတွေ မှာ နာမည်ထွက်နေတာကို အခုက လဝကတွေ လုပ်စားဖို့ ခွင်ဖန်ပေးလိုက်သလိုပဲ။ အခုလို မှတ်ပုံတင်မပါဘဲ ခရီး သွားလာခွင့် မရှိဘူးဆိုတော့ မှတ်ပုံတင်က ဈေးကောင်းပြီးရင်းဈေးကောင်း ဖြစ်နေအုံးမှာပဲ” ဟု ပြောဆိုသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် မန္တလေးတိုင်းအတွင်း ၃၈၀,၀၁၆ ကတ် ထုတ် ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၈၉,၇၂၃ ကတ် ပြုလုပ်ပေးနိုင်ခဲ့သဖြင့် လျာထားချက်ထက် ကျော် လွန် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း မတ် ၁၂ ရက်က ပြုလုပ်ခဲ့သည့် ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတွင် စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */