" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 24, 2022

ရိုဟင်ဂျာအရေး မြန်မာအာဏာပိုင်တွေကို မပြတ်ဖိအားပေး သွားဖို့ OIC နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

B B C

ဘီဘီစီမြန်မာပိုင်း

2022-03-24

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေ အပေါ်မပြတ်ဖိအားပေးရာမှာ ဆက်လက် ပါဝင်ဆောင်ရွက်သွားကြဖို့ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မဆုဒ် ဘင် မိုမန်က တိုက်တွန်းလိုက်ပါတယ်။

မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က ပါကစ္စတန် အစ္စလာမာဘာ့ဒ်မြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို တိုက်တွန်းခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာအာဏာပိုင်တွေကို တရားစွဲဆိုဖို့အတွက် OIC က တည်ထောင်ထားတဲ့ ရန်ပုံငွေတွေ ကောက်ခံရာမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စေတနာ့ဝန်ထမ်း ပါဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေအပေါ် အဆက်မပြတ် ဖိအားပေးမှုတွေကို အရှိန်အဟုန်တိုး ဆက်လက် လုပ်ဆောင်သွားကြဖို့ အတွက် အဲဒီအစည်းအဝေးမှာ “မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်အသိုင်းအဝိုင်းရဲ့ အခြေအနေ” ဆိုတဲ့ ခေါင်း စဉ်နဲ့ ဆုံးဖြတ်ပြဌာန်းချက်တစ်ခုကို တစ်ညီတညွတ်တည်း အတည်ပြုခဲ့ကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */