လွတ်လပ်တဲ့အာရှအသံ
ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-08-31
Photo: RFA
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တစ်စုနီးပါးကြာ ထွက်ပြေး ခို လှုံနေကြရတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဒုက္ခ သည် စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲတွေအပြင် အလုပ်အကိုင် အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေ ကြရတယ် လို့ ဒုက္ခသည်တွေက RFA ကို ဒီနေ့ပြောပါတယ်။
အခုလက်ရှိ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးမောင်ကျော်စိန်က စခန်းထဲမှာ စားဝတ်နေရေး လည်း အဆင်မပြေလည်သလို အလုပ်အကိုင်တွေလည်း မရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ ပြောပါတယ်။