RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-31
RFA က ရရှိထားတဲ့ အဲဒီညွှန်ကြားချက်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ရိုဟင်ဂျာလူမျိုးမရှိဘဲ သူတို့ဟာ ဘင်္ဂါလီတွေသာဖြစ်တယ်လို့ သတ္တိရှိရှိထုတ်ဖော်ပြောဆိုကြဖို့၊ လက်နက်ကိုင်ဆောင်ပစ်ခတ်မှုတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို ထိထိရောက်ရောက်တားဆီးဖို့၊ ရပ်ကွက်အတွင်း လူစိမ်းအဝင်အထွက်ရှိ မရှိနဲ့ ဧည့် စာရင်းစစ်ဆေးဖို့၊ CDM လုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်သူတွေဟာ Non CDM တွေကို ခြိမ်းခြောက် ဖိနှိပ်တာတွေလုပ်နေလို့ ဖော်ထုတ်အရေးယူဖို့၊ ကိုယ်တိုင် CDM မလုပ်ပေမယ့် CDM ကိုလက်ခံပြီး လက် အောက်ငယ်သားတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ဖော်ထုတ်ဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၁၃ ချက်ပါဝင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဇွန်လ ၈ ရက်မှာ လုံခြုံရေး၊ တည်ငြိမ် အေး ချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးနဲ့ ပတ် သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာမရှိပါဘူး။
အစည်းအဝေးအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်တွေကို သြဂုတ်လ ၂၀ ရက်မှာ နယ်လုံဝန်ကြီးတွေကနေတဆင့် ဝန်ထမ်းတွေဆီ လျှို့ဝှက်ပေးပို့ခဲ့တာဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment