" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Thursday, December 31, 2020

သတင်းစာ ( ကြေးမုံ) ဒီဇင်္ဘာလ၊၂၀၂၀

 ရက်စွဲအလိုက် သတင်းစာများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေ နိုင်ပါ သည်။

31.12.2020

Wednesday, December 30, 2020

ရိုဟင်ဂျာဒုက္ခသည် ၁ ၈၀၀ ခန့်ကို ဒုတိယအသုတ်အဖြစ် ဘာရှန်ချာကျွန်းသို့ ပို့ဆောင်

မဇ္ဈိမ
AFP
ဒီဇင်ဘာ ၃၀

Photo: AFP
 

ဒီဇင်ဘာ ၂၉ ရက်က ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘောလေးစီးဟာ လူထူထပ်တဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင် ဂျာ မွတ်စလင် (မူရင်း) ၁ ၈၀၀ ခန့်ကို သုံးနာရီကြာမောင်းရတဲ့ ဘာရှန်ချာကျွန်းဆီ ဒုတိယအသုတ်အဖြစ် ပို့ ဆောင်ခဲ့ကြပါတယ်။

ကော့စ်ဘဇားဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို စစ်တကောင်းဆိပ်ကမ်းဆီ ဘတ်စ်ကားတွေနဲ့ ခေါ် လာပြီး အဲဒီကတစ်ဆင့် ကျွန်းဆီပို့ဆောင်ကြတာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ဒုတိယအသုတ် Bhasan Char ကျွန်း ကိုရောက်ရှိ

 ကိုရိုနာ ဗိုင်းရပ်စ် မျိးဗီဇဖွဲ့ စည်းပုံ ဆင့်ကဲပြောင်းလဲလာတဲ့နေရာမှာ မူလဗိုင်းရပ်စ်ထက် ပိုပြီးအစွမ်းထက် လာတဲ့ သဘောတွေ့ရကြောင်း ယူကေရောက် မြန်မာသမားတော်တဦးကပြောကြားလိုက်တာနဲ့အတူ လွှတ်တော်သစ် မတိုင်ခင် ရခိုင်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေး အလားအလာရှိမရှိ၊ တရားမဝင်မြန်မာလုပ်သားတချို့ ထိုင်းအ လုပ်ရှင်တွေရဲ့ စွန့်ပစ်ခံရတဲ့ သတင်းပေးပို့ချက်၊ အင်္ဂါနေ့ည ဆွေးနွေးခန်း၊ ကမ္ဘာတလွှား ခရီးသွား စတဲ့ အစီအ စဉ်တွေကို နားဆင်ရမှာပါ။ 

Monday, December 28, 2020

ICJ ဆုံးဖြတ်ချက်၊ ICC နှင့် အနာဂတ်အတွက် စိုးရိမ်စရာ ကောင်းသည့် မြန်မာနိုင်ငံ၏ သည်ဟိဂ်ခရီး

ELEVEN

စည်သူ၊ ဉာဏ်လင်းထွန်း
28 December 2020

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ICJ တရားရုံးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကြားနာမှုပြုလုပ်နေစဉ်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ရပ်ထွက်လာမှုနှင့် အပြည် ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကို တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုအဖြစ် ရခိုင် ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အဖမ်းခံခဲ့ရကာ ICC သို့ ရောက်ရှိနေသည်ဆိုသော မြန်မာ့တပ် မတော်မှ စစ်သည်နှစ်ဦးကိစ္စရပ်အား ၂၀၂၀ ပြည့်နှစ် ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

ရိုဟင်ဂျာ ဒုတိယအသုတ်ကို ဘာဆန်ချားကျွန်းဆီ ရွှေ့ရန် ဘင်္ဂလားဒေ့ရှ် အစိုးရ ပြင်ဆင်

28 December 2020

Photo - AFP


ဒီဇင်ဘာ ၂၈၊ ၂၀၂၀

လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်နေသော်လည်း မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ဒုတိယအသုတ်ကို ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ ဝေးလံသည့် ဘာဆန်ချားကျွန်းသို့ ပို့ဆောင်နေရာချထား ရန် ပြင်ဆင်နေကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြောသည်။  

လာမည့်ရက် အနည်းငယ်အတွင်း နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀ ခန့်ကို ဘာဆန်ချားကျွန်းသို့ ပို့မည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လက ဒုက္ခသည် ၁၆၀၀ ကျော်ကို နေရာချထားပေးပြီး ဖြစ်ကြောင်း သိရသည်။

ပြည်မြို့တွင် မွတ်ဆလင်များ တင်ဆောင်လာသည့်ကား ပုသိမ်မြို့ရှိ ဘုန်းကြီးကျောင်းမှ ဖြစ်

By မင်းထက် (ပုသိမ်)
28 December 2020

ဓာတ်ပုံ - ဟန်ထူးဇော်

ဒီဇင်ဘာ ၂၈၊ ၂၀၂၀

ပြည်မြို့တွင် ဒီဇင်ဘာ ၂၄ ရက်နေ့က မွတ်ဆလင်များ တင်ဆောင်လာသဖြင့် ဖမ်းဆီးရမိသောကားသည် ပုသိမ်မြို့ရှိ သာသနာ့ဓမ္မ ဂုဏ်ရည်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ ကားဖြစ်ကြောင်း ဧရာဝတီ တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောသည်။

၎င်းကျောင်းတိုက်သည် ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက်ရပ်ရှိ ၂၂ နှင့် ၂၃ လမ်းအကြားတွင် ရှိ သောကျောင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ဦးအိန္ဒကနှင့် ယာဉ်မောင်းဖြစ်သူ ဂိုးလေးတို့သည် ဖမ်းဆီးရမိစဉ် ပါရှိသော မော်တော်ယာဉ်ဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီကျော်က ၎င်းကျောင်းမှ ထွက်သွားခဲ့ သည် ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်က ပြောသည်။

မောင်တောမှာ မီးလောင်ဆုံးရှုံးခဲ့တဲ့နေအိမ်(၅၀၀) ဝန်းကျင် အတွက် အစိုးရကဒီလထဲပြန်ဆောက်ပေး

Omedia
Editor-
December 28, 2020

Photo : AFP ( ၂၀၁၈ ခုနှစ်ကမြင်ကွင်း )
ဒီဇင်ဘာ(၂၄)ရက်၊ ၂၀၂၀။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်ထဲ မီးလောင်ဆုံးရှုံးသွားတဲ့  ရိုဟင်ဂျာ တွေရဲ့ နေအိမ်တွေအတွက် အရင်နေရာမှာပဲ အစိုးရက နေအိမ် (၅၀၀) ဝန်းကျင်ကို ဒီလထဲ ဆောက်လုပ်ပေး နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်မှာ မီးလောင်ဆုံးရှုံးသွားတဲ့ မောင်တောမြို့က ရပ်ကွက် (၅)၊ သီဟိုကျွန်း၊ ကျောက်လှေ ကား၊ အလယ်သံကျော်၊ ပဒင်း၊ ကျားခေါင်းတောင်၊ သဲချောင်းပျေး၊ ကျွန်းပေါက်ပြုစုကျေးရွာတွေမှာ ဒီဇင်ဘာ လထဲ ပြန်ဆောက်ပေးနေတာလို့ သိရပါတယ်။

“တစ်ဖက်နိုင်ငံကို ထွက်ပြေးခြင်း မရှိတဲ့သူတွေ၊ ရွာလည်းတစ်ရွာလုံး မီးမလောင်သွားဘူး။ ရွာလည်း ပြန် တယ်။ နေတာလည်းမှန်ကန်ခဲ့ရင် အဲဒီလူတွေကို နိုင်ငံတော်အစီအစဉ်နဲ့ အိမ်ပြန်ဆောက်ပေးတာပေါ့။”လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က O Media ကို ပြောပါတယ်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း မောင်တောမြို့နယ်၊ ပဒင်းကျေးရွာက နေအိမ် (၅၈) အိမ်၊ ညောင် ချောင်းရွာက နေအိမ်(၃၂)အိမ်နဲ့ ကျောက်လှေကားရွာက နေအိမ်(၁၃၉)အိမ် စုစုပေါင်း နေအိမ်(၂၂၉)အိမ်ကို ပြန်ပြုပြင်နိုင်ဖို့ အစိုးရက နေအိမ်တစ်လုံးကို ထောက်ပံ့ငွေ(၂၅၂၅၀၀)ကျပ်နဲ့ ပျက်စီးမှုနည်းတဲ့ နေအိမ်တစ်လုံး ကို (၁၂၂၅၀၀)ကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ သိပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ကို O Media က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
 


လင့်၊ ဒီမွာ

နောက်ထပ်ရိုဟင်ဂျာ ၁၀၀၀ ကို ကျွန်းတစ်ကျွန်းဆီပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်နေ

SBS မြန်မာ
28.12.2020

Bangladesh is set to move a second batch of Rohingya refugees from neighbouring Myanmar to the remote island of Bhasan Char. Source: Anadolu


ဒီလ အစောပိုင်းတုန်းကပဲ ရိုဟင်ဂျာ အယောက်ပေါင်း ၁၆၀၀ ကို အဲဒီကျွန်းဆီပို့ဆောင်ခဲ့တာဖြစ်ပြီး နောက် ထပ် အယောက် ၁၀၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း ပို့ဆောင်ဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့မှာပဲ အမည်မဖော် လိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေကို စစ်တကောင်းကို အရင်ပို့ဆောင်ပြီးမှ ဒီရေအတက်အကျအပေါ် မူတည်ပြီး Bhasan Char ကျွန်း ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ထဲက ကျွန်းပေါ်သို့ ဒုတိယအသုတ်ပို့ဦးမယ်

VOM 
ဒါကာ၊ ဒီဇင်ဘာ ၂၇-၂၀၂၀
မျိုးဆက် (VOM)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ဘာဆန်ရှာ ကျွန်းပေါ်ကို ယခုလအတွင်းမှာ ဒုတိယအသုတ်အဖြစ် ပို့ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ရိုဟင်ဂျာတွေကို ဒီလိုရွှေ့ပြောင်းတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်မှုတွေရှိနေပါတယ်။ ယခုလအတွင်းကလည်း အဲ့ဒီကျွန်းပေါ်ကို ဒုက္ခသည် ၁၆၀၀ ကျော် ပို့ဆောင်ထားပြီးဖြစ်ပါတယ်။

ယနေ့ သတင်း( အမြန်ရှာရန် ) ဒီဇင်္ဘာလ၊၂၀၂၀

 ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။

31.12.2020

၂ဝ၂ဝ မြန်မာ့နိုင်ငံရေး ထူးခြားဖြစ်စဉ်- VOA

30.12.2020

 ၂၀၂၀ ပြည့်နှစ်အတွင်း ထူးခြားဖြစ်ရပ်များ- RFA

29.12.220 


Bhasan Char ကျွန်းကို ရိုဟင်ဂျာ ၁၅ဝဝ ထပ်ပြောင်းရွှေ့-VOA

 ၂၀၂၀ ရဲ့ ထူးခြားတဲ့ သတင်းဖြစ်ရပ်များ အပိုင်း( ၁)- BBC

၂၀၂၀ အတွင်း ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ( ၂ )-BBC

၂၀၂၀ ရဲ့ ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း -(၃)- BBC


28.12.2020

27.12.2020

26.12.2020

25.12.2020

24.12.2020

၂ဝ၁၇ ခုနှစ်အရေးအခင်းအတွင်း မီးထဲပါသွားသည့် မောင်တောမြို့နယ်မှ နေအိမ်အလုံး၅ဝဝကို UEHRD က ဆောက်ပေးမည်- နိရဉ္စရာ

ရခိုင်ဘက်မှလာသည့် မူဆလင်အမျိုးသမီး ၁၂ ဦး၊ အမျိုး သား တစ်ဦးတို့ကို ဘုန်းကြီးကျောင်းသုံး ယဉ်တစ် စီးနှင့် အတူ ပြည်မြို့တွင်ဖမ်းမိ- နိရဉ္စရာ

ပြည်မြို့ လူစည်ကားရာ မြို့လယ်၌ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် ( ရိုဟင်ဂျာ )မွတ်ဆလင် ၁၃ ဦးအား ဘုန်းတော်ကြီးကျောင်းအမည်တပ် ကားပေါ် တွင် ဖမ်းဆီး ရမိ- ELEVEN.

ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သိန်း ၂၀၀ လှူဒါန်း -VOM


23.12.2020

OIC အဖွဲ့ တရုတ်နဖားကြိုးထိုးခံနေရဟု ကန်မွတ်စလင် များ ဝေဖန်- M-Media

22.12.2020

ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ တရား ရုံး အမိန့်ဆိုင် ရာ အထူးစောင့်ကြည့်ရေးကော်မတီ ICJ ဖွဲ့စည်း- VOA
မြန်မာ အိုင်စီဂျေအမှု - မြန်မာကို စောင့်ကြည့်မယ့် တရား သူကြီး အဖွဲ့ ဘာကြောင့် ဖွဲ့တာလဲ- BBC

Thursday, December 24, 2020

၂ဝ၁၇ ခုနှစ်အရေးအခင်းအတွင်း မီးထဲပါသွားသည့် မောင်တောမြို့နယ်မှ နေအိမ်အလုံး၅ဝဝကို UEHRD က ဆောက်ပေးမည်

နိရဉ္စရာ၊
ဆောင်းဇာခြည်
ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၂ဝ၁၇ ခုနှစ် အရေးအခင်းအတွင်း မီးလောင်ပျက်စီးသွားသည့် ကျေး  ရွာနှင့် ရပ်ကွက်များမှ မူဆလင် ကျေးရွာသားများအတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူ အညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) က နေအိမ်များ ဆောက် လုပ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးရွာနှင့် ရပ်ကွက်များမှာ မောင်တောမြို့ရှိ မြို့မအရှေ့ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ငါးခူရ၊ ကျောက် လှေ ကား၊ သီဟိုကျွန်းကျေးရွာ၊ ပဒင်း၊ အလယ်သံကျော်၊ ကျားခေါင်းတောင်ကျေးရွာ တို့ဖြစ်ကြောင်း၊ တစ် ဖက်နိုင်ငံသို့ ထွက်မပြေးဘဲ ကျန်နေခဲ့သူများ၏ နေအိမ်များဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုး အောင်က ပြောသည်။

ရခိုင်ဘက်မှလာသည့် မူဆလင်အမျိုးသမီး ၁၂ ဦး၊ အမျိုး သား တစ်ဦးတို့ကို ဘုန်းကြီးကျောင်းသုံး ယဉ်တစ်စီးနှင့် အတူ ပြည်မြို့တွင်ဖမ်းမိ

နိရဉ္စရာ
အိမ်စိုးဖြူ
ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ပဲခူးတိုင်း၊ ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ဘက်မှလာသည့် ဘုန်းကြီး ကျောင်းသုံး ကားတစ်စီးပေါ်တွင် မူဆလင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့ အမျိုးသမီးများမှာ အသက် ၂ဝ ဝန်းကျင်များဖြစ်ကြပြီး ရခိုင်ပြည်နယ် မောင်တောဘက်မှ မူဆလင်များ ဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် ယာဉ်မောင်းနှင့် သံင်္ဃာတစ်ပါး ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်မြို့နယ် ရဲမှူး သန်းဇော်ဝင်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ပြည်မြို့ လူစည်ကားရာ မြို့လယ်၌ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် ( ရိုဟင်ဂျာ )မွတ်ဆလင် ၁၃ ဦးအား ဘုန်းတော်ကြီးကျောင်းအမည်တပ် ကားပေါ် တွင် ဖမ်းဆီး ရမိ

ELEVEN 
Published 24 December 2020
ဝလေင်း (ပြည်) 
 ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့ လူစည်ကားရာ မြို့လယ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ( ရိုဟင်ဂျာ )မွတ်ဆလင် ၁၃ ဦးအား ဘုန်းတော်ကြီးကျောင်းအမည်တပ် ကားပေါ် တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်နှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများကို ဒီဇင်ဘာ၂၄ ရက် မွန်းလွဲ ၁ နာရီခန့် က ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး COVID-19 သံသယ လူနာ များ နှင့် စောင့်ကြည့်များထားရှိရာ သူနာပြုစခန်းသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သိန်း ၂၀၀ လှူဒါန်း

VOM 

ဒီဇင်ဘာ ၂၄ . ၂၀၂၀
ယဉ်ပပထွန်း ( VOM)

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် အလယ်ဘလောက်မှာရှိတဲ့ သျှရီ သျှရီ စန္ဒီဘုရားကျောင်းကို ဒီကနေ့ ညနေ ၃ နာရီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်ပြီး ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်အတွက် ငွေကျပ်သိန်း ၂၀၀ လှူဒါန်းမူပြုလုပ်ခဲ့ပါတယ် ။

” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တပ်မတော်အရာရှိတွေက ဟိန္ဒိုဘာသာရေးဗဟိုအဖွဲ့ချုပ်ကို အလှူငွေေ တွနဲ့အတူ ကိုဗစ်ကာကွယ်တဲ့ပစ္စည်တွေလာရောက်လှူဒါန်းတာပါ ။ ငွေကတော့ ဒီနှစ်မှာ သိန်း ၂၀၀ လှူတာပါ။ မနှစ်က စက်တင်ဘာ ၁၇ ရက်ကလည်း အလှူငွေ ၇၇ သိန်းနဲ့အစားအသောက်တွေလှူပါတယ်။ 

AA နှင့်တပ်မတော်၊ တပ်မတော်နှင့် NLD ရိုဟင်ဂျာတို့အရေး

ရန်ကုန်ခေတ်သစ်
24 December 2020

 

 မြန်မာပြည်မှာ မျက်စိမှိတ်ပြီးတော့ အမှောင်ထဲမှာ ဗေဒင်ဟောရသလိုပဲ။ တပ်က AAနဲ့ တွေ့နေပြီ မူဆလင် ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို စကားလုံးကို စသုံးတယ်။ ဆိုတော့ တပ်ကဘယ်လိုသွားမလဲ။ NLD အစိုးရက ဘယ် လိုသွားမလဲ။ ဗန်းစကားနဲ့ပြောမယ်ဆိုရင် ရွှီးနေတာလား"


အပြည်ပြည်ဆိုင်ရာ တရားရုံးICJ က ၎င်းတို့ချမှတ်ထားသော ကြားဖြတ်အမိန့်များကို အကောင် အထည်ဖော် ခြင်းရှိ၊ မရှိစောင့်ကြည့်စိစစ်မည့် ကော်မတီတစ်ရပ် (ad Hoc committee) ကို ဖွဲ့စည်းလိုက်ကြောင်း ICJ က ဒီဇင်ဘာလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်သည်။

OIC အဖွဲ့ တရုတ်နဖားကြိုးထိုးခံနေရဟု ကန်မွတ်စလင် များ ဝေဖန်

M-Media
ဒီဇင်ဘာ ၂၃၊ ၂၀၂၀


ဝီဂါမွတ်စလင်တွေကို တရုတ်အစိုးရက ဖိနှိပ်ညှင်းပမ်းရာမှာ OIC အဖွဲ့က ပူးပေါင်းကူညီပေးနေတယ်လို့ အေ မရိ ကန်မှာရှိတဲ့ မွတ်စလင်အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ် ဘာ သာဝင်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုတွေအတွက် ဝေဖန်ထောက်ပြမှုတွေ လုပ်လေ့ရှိပါတယ်။

ဒါပေမယ့် တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်း မှုတွေနဲ့ပတ် သက်ပြီး OIC က လုံးဝ ဝေဖန်မှု မပြုပါဘူး။

Tuesday, December 22, 2020

ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ တရား ရုံး အမိန့်ဆိုင် ရာ အထူးစောင့်ကြည့်ရေးကော်မတီ ICJ ဖွဲ့စည်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဒီဇင်ဘာ၊ 2020

ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ တရားရုံးအမိန့်ဆိုင်ရာ အထူးစောင့်ကြည့်ရေးကော်မတီ ICJ ဖွဲ့စည်း ( REUTERS)



အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အကဲဖြတ်စောင့်ကြည့်ဖို့ သီးခြား အထူးကော်မတီတရပ်ကို ထူထောင်ခွင့် ပေးလိုက်ကြောင်း ဒီဇင် ဘာလ (၂၁) ရက်နေ့ ရက်စွဲနဲ့ ICJ တရားရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်အရ ရုံးတွင်းတရားရေးဆောင်ရွက်မှုဆိုင်ရာ ဆုံးဖြတ်ချက် အခန်း ၁၁ ကို အသစ်ထည့်သွင်း ပြဌာန်းလိုက်တာဖြစ်ပါတယ်။ အခန်း ၁၁ အရ တရားရုံးက ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထား တဲ့ ကိစ္စရပ်တခုအတွက် အဖွဲ့ဝင် ၃ ဦးပါတဲ့ သီးခြား အထူးကိစ္စရပ်ဆောင်ရွက်ရေးကော်မတီတရပ်ကိုထူထောင် ခွင့် ပေးလိုက်တာဖြစ်ပြီး ဒီချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ် စီမံ ဆောင်ရွက်ချက်အတွက်အကောင် ထည် ဖေါ်ရေးကို စောင့်ကြည့်ရာမှာ ဒီကော်မတီက ရုံးတော်ကို အကူအညီပေးရမှာပါ။

မြန်မာ အိုင်စီဂျေအမှု - မြန်မာကို စောင့်ကြည့်မယ့် တရား သူကြီး အဖွဲ့ ဘာကြောင့် ဖွဲ့တာလဲ

B B C

ဘီဘီစီ မြန်မာပိုင်း

22 Dec 2020

မြန်မာ-ဂမ်ဘီယာ အိုင်စီဂျေအမှုမှာ မြန်မာကလိုက်နာရမယ့် ကြားဖြတ်အစီအမံတွေကို ဆောင်ရွက်ခြင်းရှိမရှိ လေ့လာစောင့်ကြည့်ဖို့ တရားသူကြီး သုံးဦး ပါဝင်တဲ့ ကော်မတီ တစ်ခုကို နိုင်ငံတကာ တရားရုံး အိုင်စီဂျေက ဒီဇင်ဘာ ၂၁ ရက်က ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေရှိတယ်ဆိုပြီး ဂမ်ဘီယာက အိုင်စီဂျေမှာ တိုင်ကြားခဲ့တာနဲ့ ပတ် သတ်လို့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့ အပါအဝင် ကြားဖြတ် အစီအမံ လေး ချက်ကို ချမှတ်ထားခဲ့ပြီးဖြစ်ပြီး အခုလို နောက်ဆက်တွဲ လုပ်ဆောင်မှုကို အိုင်စီဂျေက လုပ်ဆောင်တာ ဖြစ်ပါ တယ်။

Monday, December 21, 2020

လူမျိုးတုန်းသတ်ဖြန်မှု စွပ်စွဲချက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
21 ဒီဇင်ဘာ၊ 2020 
 

 



ရိုဟင်ဂျာတွေကိုဂျီနိုဆိုက်လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲချက်အမှုနဲ့ဂမ်ဘီယာဘက်က စွပ်စွဲချက်တွေထဲမှာ မြန်မာစစ်တပ်ကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျုးလွန်တယ်ဆိုတဲ့ စွဲချက်ကအဓိကပါတယ်လို့ နယူးယောက် အခြေစိုက် Global Justice Center ဥက္ကဋ္ဌ Akila Radhakrishnanက ပြောပါတယ်။ မအင်ကြင်းနိုင်ဆက်သွယ်မေးမြန်းထားပါတယ်။

Link : Here

ရိုဟင်ဂျာ ကလေးငယ်တွေအတွက် Sesame Street ဇာတ် ကောင်များ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်
21 ဒီဇင်ဘာ၊ 2020

*

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့နဲ့ သူတို့ရဲ့ ပညာရေးမှာ အထောက်အကူ ဖြစ်စေဖို့ "Sesame Street" အမေရိကန် ရုပ်သံအစီအစဉ်က ရိုဟင်ဂျာဇာတ် ကောင်လေးတွေကို ဖန်တီး မိတ်ဆက်ပေးလိုက်တဲ့အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဉာဏ် ဝင်း အောင်က ပြောပြထားပါတယ်။

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */