By မင်းထက် (ပုသိမ်)
28 December 2020
ဓာတ်ပုံ - ဟန်ထူးဇော်
ဒီဇင်ဘာ ၂၈၊ ၂၀၂၀
ပြည်မြို့တွင် ဒီဇင်ဘာ ၂၄ ရက်နေ့က မွတ်ဆလင်များ တင်ဆောင်လာသဖြင့် ဖမ်းဆီးရမိသောကားသည် ပုသိမ်မြို့ရှိ သာသနာ့ဓမ္မ ဂုဏ်ရည်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ ကားဖြစ်ကြောင်း ဧရာဝတီ တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောသည်။

၎င်းကျောင်းတိုက်သည် ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက်ရပ်ရှိ ၂၂ နှင့် ၂၃ လမ်းအကြားတွင်ရှိသောကျောင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ဦးအိန္ဒကနှင့် ယာဉ်မောင်းဖြစ်သူ ဂိုးလေးတို့သည် ဖမ်းဆီးရမိစဉ် ပါရှိသော မော်တော်ယာဉ်ဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီကျော်က ၎င်းကျောင်းမှ ထွက်သွားခဲ့ သည် ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်က ပြောသည်။
“ကျောင်းတိုက်မှာရှိတဲ့ ကိုရင်တွေ၊ ဦးဇင်းတွေကို မေးကြည့်တော့ သူတို့ထွက်သွားတဲ့အချိန်ကို အတည်ပြုလို့ရ တယ်။ ဒီကျောင်းတိုက်ကို ဒီကိုယ်တော် ရောက်တာက ရှစ်နှစ်လောက်ရှိပြီလို့ ပြောတယ်။ ထွက်သွား တုန်းကေ တာ့ သူတို့နှစ်ဦးပဲ။ ရိုဟင်ဂျာတွေကို ဘယ်ကနေ တင်လာတယ်ဆိုတာတော့ မပြောတတ်ဘူး” ဟု ရဲမှူး တင်လှိုင် က ပြောသည်။
ဒီဇင်ဘာ ၂၄ နေ့လည်တစ်နာရီခွဲခန့်က ပြည်မြို့တွင် မော်တော်ယာဉ်တစ်စီး ရှေ့ဘီးကွဲ၍ လူအများ ဝိုင်းအုံ ကြည့် ခဲ့ကြသည်။ ထိုသို့ ဝိုင်းအုံကြည့်နေစဉ် ဆရာတော်နှင့် ယာဉ်မောင်းတို့ ထွက်ပြေးသွားခဲ့ပြီး ယခုအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်း ရဲမှူး တင်လှိုင်က ဆိုသည်။
ယာဉ်ပေါ်တွင် အသက် ၁၁ နှစ်မှ ၁၉ နှစ်အတွင်းရှိ ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေး ၁၂ ဦးအပါအဝင် မွတ်ဆလင် ၁၃ ဦးကို တွေ့ရှိခဲ့သည်။
ယခု လက်ရှိအချိန်တွင် ထိန်းသိမ်းထားသော မွတ်ဆလင်များအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရှိ၊ မရှိ စစ် ဆေးမှုများ ဆောင်ရွက်နေပြီး သီးခြားနေရာတွင် စစ်ဆေးမေးမြန်းလျှက်ရှိကြောင်း ပြည်မြို့ဒေသခံ တစ်ဦး ဖြစ်သူ ကိုပြည်သဲမောင်က ပြောသည်။
မွတ်ဆလင်များသည် ရခိုင်ပြည်နယ်တွင် ယခင်က ပျက်စီးသွားသည့် ကျေးရွာများတွင် နေထိုင်သူများ ပါ ဝင် ကြောင်း၊ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ပြည်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒု လဝကမှူး ဦးစိုးဝင်းက အခင်းဖြစ်ပွားစဉ်က မဇ္ဈိမသို့ ဖြေကြားခဲ့ဖူးသည်။
Link: Here

No comments:
Post a Comment