ELEVEN
Published 24 December 2020
ဝလေင်း (ပြည်)
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့ လူစည်ကားရာ မြို့လယ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ( ရိုဟင်ဂျာ )မွတ်ဆလင် ၁၃ ဦးအား ဘုန်းတော်ကြီးကျောင်းအမည်တပ် ကားပေါ် တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ မော်တော်ယာဉ်နှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများကို ဒီဇင်ဘာ၂၄ ရက် မွန်းလွဲ ၁ နာရီခန့် က ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး COVID-19 သံသယ လူနာ များ နှင့် စောင့်ကြည့်များထားရှိရာ သူနာပြုစခန်းသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
“( ရိုဟင်ဂျာ )မွတ်ဆလင် ၁၃ ဦးကတော့ တစ်နာရီခွဲလောက်က ကျောင်းကြီးအိုးတန်း ရပ်ကွက်ပေါ့။ ရွှေဘုန်း ပွင့်ဘုရားအနီးမှာ ဘုန်းကြီးကျောင်းတိုက် စာတန်းနဲ့ သာသနာယာဉ် အမှတ်တံဆိပ်နဲ့ ရှေ့မီးဖွင့်ပြီး ရပ်သွားတော့ မသင်္ကာတော့မှ အနီးနားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ယာဉ်ထိန်း၊ ရဲတပ်ဖွဲ့ကနေ စစ်ဆေးလိုက်တဲ့အခါ သံဃာတစ်ပါးနဲ့ ယာဉ် မောင်းကတော့ ထွက်ပြေးသွားတယ်ပေါ့။ အဲဒီထဲမှာ မသင်္ကာဖွယ်ရာလူတွေ တွေ့တယ် ပေါ့။ သူတို့ကို သူနာပြု ကျောင်း ကိုဗစ်စောင့်ကြည့်ရေးစခန်းကို ပို့လိုက်ပါတယ်။ သတင်း ကနဦးကတော့ မောင် တောဘက်က လာ တယ်လို့ သိရတယ်” ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက ပြောကြား သည်။
ဖမ်းဆီးရမိသူများတွင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား တစ်ဦး ပါဝင်ကာ COVID-19 စည်းမျဉ်းဥပဒေများအတိုင်း စောင့်ကြည့်ပြီးမှ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မှုကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကာ ထွက်ပြေးသွားသော ယာဉ်မောင်းနှင့် သံဃာတစ်ပါးအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက် လျက် ရှိေ ကြာင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Link : Here

No comments:
Post a Comment