M-Media
ဒီဇင်ဘာ ၂၃၊ ၂၀၂၀
အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ် ဘာ သာဝင်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုတွေအတွက် ဝေဖန်ထောက်ပြမှုတွေ လုပ်လေ့ရှိပါတယ်။
ဒါပေမယ့် တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်း မှုတွေနဲ့ပတ် သက်ပြီး OIC က လုံး၀ ဝေဖန်မှု မပြုပါဘူး။
လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့မီဒီယာတွေက ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာ သာဝင်လူမျိုးစု အနည်းဆုံး ၁ သန်းလောက် အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးခံထားရပြီး တရုတ်အစိုးရရဲ့ ဘာ သာရေးအကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြော ထားပါတယ်။
တရုတ်နိုင်ငံကို OIC ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လက ထုတ်ပြန် တဲ့ကြေငြာ ချက်မှာ ‘တရုတ်အစိုးရက နိုင်ငံသားမွတ်စလင်တွေအပေါ် စောင့်ရှောက်မှုအတွက် ချီးကျူးတယ်’ လို့ ဖော်ပြ ထားပါတယ်။
Council on American-Islamic Relations အပါအဝင် အမေရိကန်မွတ်စလင်အဖွဲ့အစည်းများအဖွဲ့က OIC ဟာ တရုတ်ရဲ့ နဖားကြိုးထိုးမှုကို ခံနေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဝေဖန်ပြောကြားခဲ့ပါတယ်။
“မွတ်စလင်ကမ္ဘာရဲ့ စီးပွားရေးချက်ကောင်းကို တရုတ်က ကိုင်ထားပြီး ဝီဂါအရေး နည်းနည်းလေးဟလိုက်တာနဲ့ အကျဉ်ခံရမှာကို မွတ်စလင်နိုင်ငံတွေက ကြောက်နေတယ်ဆိုတာ သိပ်ကို ထင်ရှားပါတယ်” လို့ အမေရိကန် မွတ်စလင် စာရေးဆရာနဲ့ တက်ကြွလှုပ်ရှားသူဖြစ်တဲ့ အိုမာရ် ဆူလိုင်မန်က ပြောကြားခဲ့ပါတယ်။
တစ်ချို့မွတ်စလင်နိုင်ငံတွေဟာ ပါလက်စတိုင်းကိစ္စမျိုးမှာ အသံထွက်ပေးပေမယ့်လည်း ဝီဂါကိစ္စဆိုရင်တော့ ခိုလှုံလာတဲ့သူတွေကိုပါ ပြန်ပို့ပြီး ဖိနှိပ်မှုကို အားပေးအားမြှောက်ပြုနေတယ်လို့လည်း ဆူလိုင်မာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
တရုတ်ဟာ Belt and Road စီမံကိန်းနဲ့အတူ မွတ်စလင်ဖိနှိပ်ရေး ပေါ်လစီကိုလည်း နိုင်ငံရပ်ခြားကို တင်သွင်း လာ လိမ့်မယ်လို့ အမေရိကန်က ဝီဂါအရေးတက်ကြွလှုပ်ရှားသူ ရုစ်ဟန် အဘတ်စ်က ပြောကြားခဲ့ပါတယ်။
“တရုတ်ဟာ ငွေနဲ့ပေါက်ပြီး မတရားလုပ်တဲ့မှတ်တမ်း တော်တော်များများ ရှိပါတယ်။ ဝီဂါတွေကို လူမျိုးတုန်း အောင် လုပ်နေတာဟာ ပြည်တွင်းရေးမဟုတ်ပါဘူး။ ဒါဟာ လူသားထုအရေးပါ”
Ref: Aljazeera
Tags: OIC, Uyghur
Link : Here

No comments:
Post a Comment