Thursday, December 24, 2020

ရခိုင်ဘက်မှလာသည့် မူဆလင်အမျိုးသမီး ၁၂ ဦး၊ အမျိုး သား တစ်ဦးတို့ကို ဘုန်းကြီးကျောင်းသုံး ယဉ်တစ်စီးနှင့် အတူ ပြည်မြို့တွင်ဖမ်းမိ

နိရဉ္စရာ
အိမ်စိုးဖြူ
ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ
ပဲခူးတိုင်း၊ ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ဘက်မှလာသည့် ဘုန်းကြီး ကျောင်းသုံး ကားတစ်စီးပေါ်တွင် မူဆလင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့ အမျိုးသမီးများမှာ အသက် ၂ဝ ဝန်းကျင်များဖြစ်ကြပြီး ရခိုင်ပြည်နယ် မောင်တောဘက်မှ မူဆလင်များ ဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် ယာဉ်မောင်းနှင့် သံင်္ဃာတစ်ပါး ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်မြို့နယ် ရဲမှူး သန်းဇော်ဝင်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ကားက ရှေ့ဘီးပွင့်ထွက်သွားပြီး ရပ်တန့်သွားတာ။ အဲဒီမှာ မသင်္ကာလို့ သွားကြည့်တော့ ယဉ်မောင်းတစ်ဦးနဲ့ သံင်္ဃာလို့ပြောရမလား သင်္ကန်းဝတ်ထားတဲ့ သူတို့ ထွက်ပြေးကြတယ်။ ဒေသခံတွေနဲ့ ရဲတွေသွားကြည့်တော့ ကားပေါ်မှာ မသင်္ကာဖွယ်ရာလူတွေကို တွေ့ရှိတာပါ။ အကုန်အရွယ်ကောင်းတွေပါ။ ကလေးတွေတော့ မပါ ဘူး” ဟုပြော သည်။

လက်ရှိတွင် ဖမ်းဆီးမိသူများအား ကွာရန်တင်းစင်တာကို ပို့ထားကြောင်း မြို့နယ်ရဲမှူးက ပြောကြားသည်။

“ အခုက သူတို့ကို သေချာစစ်ဆေးရေးများ မပြုလုပ်နိုင်သေးဘူး။ ကွာရန်တင်းစင်တာကို ပို့ဆောင် ထားတယ်။ ဒါကြောင့် ဘယ်ဒေသက မူလင်တွေ၊ ဘယ်ကိုသွားကြတာလဲ သေချာ သိရသေးဘူး။”

ဖမ်းမိသည့် ဘုန်းကြီးကျောင်းသုံးကားပေါ်တွင် သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်ဟု ရေးသားပါရှိကြောင်း ကားနံပတ်မှာ YNG RLG-7015 အဖြူရောင်မှန်လုံကားဖြစ်ကြောင်း မြို့နယ်ရဲမှူးက ဆက်ပြောသည်။

မောင်တောမြို့ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းမှာ သိရှိခြင်း မရှိသေးကြောင်း ပြောသည်။

“ ဒီကိစ္စကျွန်တော်မကြားမိသေးဘူး။ အဲဒီဘုန်းကြီးကျောင်းနာမည်လည်း မကြားဖူးဘူး။ ကျွန်တော်ကလည်း ဘုန်း ကြီးကျောင်းတွေ အကုန်လုံးကို မသိနိုင်ဘူး။ သာသနာရေးကို မေးကြည့်မှ ရပါမယ်။ ကျွန်တော် မသိသေး ပါဘူး” ဟုပြောသည်။

၎င်းမူဆလင်များအား ပြည်မြို့ကွာရန်တင်းစင်တာတွင် ပို့ဆောင်ထားပြီး သက်ဆိုင်ရာမှ ညွှန်ကြားချက် အတိုင်း ဆက်လက် ဆောင်ရွက်သွာမည်ဟု ရဲမှူးသန်းဇော်ဝင်းက ပြောသည်။

( Photo by BBC)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */