Wednesday, December 30, 2020

ရိုဟင်ဂျာဒုက္ခသည် ၁ ၈၀၀ ခန့်ကို ဒုတိယအသုတ်အဖြစ် ဘာရှန်ချာကျွန်းသို့ ပို့ဆောင်

မဇ္ဈိမ
AFP
ဒီဇင်ဘာ ၃၀

Photo: AFP

ဒီဇင်ဘာ ၂၉ ရက်က ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘောလေးစီးဟာ လူထူထပ်တဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင် ဂျာ မွတ်စလင် (မူရင်း) ၁ ၈၀၀ ခန့်ကို သုံးနာရီကြာမောင်းရတဲ့ ဘာရှန်ချာကျွန်းဆီ ဒုတိယအသုတ်အဖြစ် ပို့ ဆောင်ခဲ့ကြပါတယ်။
ကော့စ်ဘဇားဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို စစ်တကောင်းဆိပ်ကမ်းဆီ ဘတ်စ်ကားတွေနဲ့ခေါ် လာပြီး အဲဒီကတစ်ဆင့် ကျွန်းဆီပို့ဆောင်ကြတာဖြစ်ပါတယ်။

အင်္ဂါနေ့က သင်္ဘောတွေနဲ့တင်ဆောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ၈၀၀ လောက်ဟာ ဘာရှန်ချာကျွန်းမှာ ဘဝသစ်စချင်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကပြောပါတယ်။ ဒီလအစောပိုင်းကလည်း ရိုဟင်ဂျာ ၁ ၆၀၀ လောက်ကို ပထမအသုတ်အဖြစ် ပို့ဆောင်ပြီးဖြစ်ပါတယ်။

နေရာရွှေ့ပြောင်းမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပေမယ့် ရိုဟင်ဂျာတွေက နယ်  စပ်က သူတို့ရဲ့ဒုက္ခသည်စခန်းတွေက ယာယီအိမ်တွေက အဆင်မပြေတဲ့အတွက် ရွေးချယ်စရာမရှိဘူးလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာ တစ်သန်းခန့်ရှိတဲ့အနက် တစ်သိန်းလောက်ကို ဘာ ရှန်ချာကျွန်းမှာ တဖြည်းဖြည်း နေရာချထားပေးချင်နေတာဖြစ်ပါတယ်။

ကျွန်းပေါ်မှာလည်း ဒုက္ခသည်တွေနေဖို့ အိမ်ယာတွေ ဆောက်လုပ်ပေးထားပြီး နိုင်ငံခြားရေးဝန်ကြီး အေကေ အက်ဘဒူမိုမန်ကတော့ လှပတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာတွေအတွက် ရေရှည်ဖြေရှင်းနည်းတစ်ခုကို ရှာဖွေဖို့ ကြိုးစားလျက်ရှိပြီး ဘာရှန် ချာကျွန်းဟာ ဒုက္ခသည်တွေရဲ့ နေထိုင်မှုနဲ့လုံခြုံရေးအတွက် ပိုမိုကောင်းမွန်တဲ့အခြေအနေတွေရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဘာရှန်ချာကျွန်းဆီရောက်နှင့်ပြီးသားဆွေမျိုးတွေက အရမ်းကောင်းတဲ့နေရာဖြစ်တယ်လို့ ကြားထားတဲ့အတွက် ဒုက္ခသည်တွေက သွားဖို့ စိတ်အားထက်သန်နေကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးမိုမန်က AFP ကို ပြောပါ တယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */