ဗွီအိုအေ (မြန်မာပိုင်း)
22 ဒီဇင်ဘာ၊ 2020
ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ တရားရုံးအမိန့်ဆိုင်ရာ အထူးစောင့်ကြည့်ရေးကော်မတီ ICJ ဖွဲ့စည်း ( REUTERS)
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အကဲဖြတ်စောင့်ကြည့်ဖို့ သီးခြား အထူးကော်မတီတရပ်ကို ထူထောင်ခွင့် ပေးလိုက်ကြောင်း ဒီဇင် ဘာလ (၂၁) ရက်နေ့ ရက်စွဲနဲ့ ICJ တရားရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက်အရ ရုံးတွင်းတရားရေးဆောင်ရွက်မှုဆိုင်ရာ ဆုံးဖြတ်ချက် အခန်း ၁၁ ကို အသစ်ထည့်သွင်း ပြဌာန်းလိုက်တာဖြစ်ပါတယ်။ အခန်း ၁၁ အရ တရားရုံးက ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထား တဲ့ ကိစ္စရပ်တခုအတွက် အဖွဲ့ဝင် ၃ ဦးပါတဲ့ သီးခြား အထူးကိစ္စရပ်ဆောင်ရွက်ရေးကော်မတီတရပ်ကိုထူထောင် ခွင့် ပေးလိုက်တာဖြစ်ပြီး ဒီချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ် စီမံ ဆောင်ရွက်ချက်အတွက်အကောင် ထည် ဖေါ်ရေးကို စောင့်ကြည့်ရာမှာ ဒီကော်မတီက ရုံးတော်ကို အကူအညီပေးရမှာပါ။
ဒီကော်မတီအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက တင်သွင်းတဲ့ အချက်အလက်တွေကို စစ်ဆေးပြီး ရုံးတော်ကို ပုံမှန်တင်ပြရမှာ ဖြစ်သလို ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်ခွင့်တွေကိုလည်း အကြံပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ကော်မ တီရဲ့ ဆုံးဖြတ်မှုကို ရုံးတော်က လိုအပ်ရင် လက်ခံဖို့ ရှိကြောင်းလည်း ဖေါ်ပြထားပါတယ်။
၁၉၄၅ ခုနှစ်က ကုလသမဂ္ဂပဋိဉာဉ်စာတမ်းအရ ထူထောင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးဟာ ၁၉၄၆ ဧပြီ လမှာ စတင်အသက်ဝင်ခဲ့တာပါ။ Netherlands နိုင်ငံ The Hague က ငြိမ်းချမ်းရေးနန်းတော်မှာရှိတဲ့ ဒီတရားရုံး ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ၉ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမယ့် တရားသူကြီး ၁၅ ဦးကို ကုလ သမဂ္ဂလုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံကနေရွေးချယ်ပေးရပါတယ်။
ICJ နိုင်ငံတကာ တရားရုံးက ဒီနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင်တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ မြန်မာဘက်က ကြားဖြတ် လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ချမှတ်ခဲ့တာပါ။
မြန်မာနဲ့ ဂမ်ဘီယာ အပေါ် ချမှတ်ခဲ့တဲ့ အမိန့်စီရင်ချက်တွေအရ ဂမ်ဘီယာဘက်က လျှောက်လဲချက်ကို အောက် တိုဘာလ ၂၃ ရက်နေ့မှာ ဂမ်ဘီယာက တင်သွင်းခဲ့ပြီး မြန်မာဘက်ကလည်း ဂျီနိုဆိုက်မကျူး လွန် ပါ ဘူးဆိုတဲ့ ပြန် လည်ခုခံချေပချက်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှာ ICJ ကိုတင်သွင်းရမှာဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ICJ က မြန်မာအပေါ်ချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ်စီမံဆောင်ရွက်ချက်တွေနဲ့ ပတ် သက်လို့ မြန်မာအစိုးရက လိုက်နာအကောင်အထည်ဖေါ်ခြင်းမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စွပ်စွဲပြောဆိုထားပါတယ်။
Link : Here

No comments:
Post a Comment