" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 28, 2020

နောက်ထပ်ရိုဟင်ဂျာ ၁၀၀၀ ကို ကျွန်းတစ်ကျွန်းဆီပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်နေ

SBS မြန်မာ
28.12.2020

Bangladesh is set to move a second batch of Rohingya refugees from neighbouring Myanmar to the remote island of Bhasan Char. Source: Anadolu


ဒီလ အစောပိုင်းတုန်းကပဲ ရိုဟင်ဂျာ အယောက်ပေါင်း ၁၆၀၀ ကို အဲဒီကျွန်းဆီပို့ဆောင်ခဲ့တာဖြစ်ပြီး နောက် ထပ် အယောက် ၁၀၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း ပို့ဆောင်ဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့မှာပဲ အမည်မဖော် လိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေကို စစ်တကောင်းကို အရင်ပို့ဆောင်ပြီးမှ ဒီရေအတက်အကျအပေါ် မူတည်ပြီး Bhasan Char ကျွန်း ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။

ဒုက္ခသည်ရေးရာဆိုင်ရာ ဒုဝန်ကြီး Mohammed Shamsud Douza ကတော့ ဒီဒုက္ခ သည် တွေဟာ မိမိသဘော အရ ရွှေ့ပြောင်းကြသူတွေ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

ကုလသမဂ္ဂရဲ့ အဆိုအရ အဲဒီကျွန်းမှာ လုံခြုံဘေးကင်းမှု ရှိမရှိ ကြိုတင်စစ်ဆေးခွင့်မရှိသလို ဒုက္ခသည် ရွှေ့ ပြောင်းရေးမှာ ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

အဲဒီကျွန်းဟာ ရေကြီးမှု ဖြစ်တတ်တဲ့ကျွန်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ လောက်မှ ပင်လယ်ကနေ ပေါ်ထွက် လာတဲ့ ကျွန်း ဖြစ်ပါတယ်။ 


ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ကျွန်းမှာ သွားနေမယ်လို့ သဘောတူတဲ့လူတွေကိုသာ ပို့ဆောင်တာ ဖြစ်တယ် လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒုက္ခသည် တချို့နဲ့ လူသားခြင်းစာနာထောက်ထားရေးအမှုထမ်း တချို့ရဲ့ ပြောဆိုချက်အရရိုဟင်ဂျာတွေ ဟာ အဲဒီကျွန်းဆီကို ရွှေ့ပြောင်းဖို့ အကျပ်ကိုင်တာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdul Momen က ကုလသမဂ္ဂအနေနဲ့ Bhasan Char ကျွန်းရဲ့ အနေအထား ကို လေ့လာမယ့်အစား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ အနေအထားကို လေ့လာသင့်တယ်လို့ ရိုက်တာသတင်းကို ပြောဆိုထားပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဆီ ပြန်ပို့ဖို့ စီစဉ်တာတွေရှိသလို မြန်မာဖက်ကလည်း တချို့ကို လက်ခံဖို့ရှိပေမယ့် ဒုက္ခသည်တွေက မြန်မာနိုင်ငံကို ပြန်သွားဖို့ ကြောက်လွန်းနေသေးတာ ဖြစ်ပါတယ်။ 

Source Reuters - SBS

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */