" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 28, 2020

ICJ ဆုံးဖြတ်ချက်၊ ICC နှင့် အနာဂတ်အတွက် စိုးရိမ်စရာ ကောင်းသည့် မြန်မာနိုင်ငံ၏ သည်ဟိဂ်ခရီး

ELEVEN

စည်သူ၊ ဉာဏ်လင်းထွန်း
28 December 2020

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ICJ တရားရုံးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကြားနာမှုပြုလုပ်နေစဉ်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ရပ်ထွက်လာမှုနှင့် အပြည် ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကို တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုအဖြစ် ရခိုင် ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အဖမ်းခံခဲ့ရကာ ICC သို့ ရောက်ရှိနေသည်ဆိုသော မြန်မာ့တပ် မတော်မှ စစ်သည်နှစ်ဦးကိစ္စရပ်အား ၂၀၂၀ ပြည့်နှစ် ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

ICJ ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက်သည် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ချမှတ်ခဲ့ခြင်းဖြစ် သော်လည်း အမှုဖြစ်စဉ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက်ပိုင်း နယ်ေ မြေရှင်းလင်းလုပ်ဆောင်ရာတွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံ အား ဂမ်ဘီယာနိုင်ငံက နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သော အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ကျော ထောက်နောက်ခံပြုပေးမှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တရား စွဲဆိုခဲ့ခြင်းဖြစ်သည်။

စွပ်စွဲချက်များနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ လျှောက်လဲချက်ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကြားနာမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင် ငံဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်၍ သွားရောက် ဖြေရှင်းမှု များ ပြုလုပ်ခဲ့သည်။

ထို့နောက် ICJ တရားရုံး၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၃ ရက်တွင်ပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံဘက်မှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ခဲ့ပြီး ICJ အမိန့်ချမှတ်ရာတွင် မြန်မာနိုင်ငံက လျှောက်လဲချက်များ အရေးနိမ့်ခဲ့သည်။

ICJ သည် ဂမ်ဘီယာနိုင်ငံက တောင်း ဆိုခဲ့သည့် ကြားဖြတ်အစီအစဉ်များအားလုံးကို မြန်မာနိုင်ငံက ဆောင် ရွက် ရန် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအောက်၌ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်ကရခိုင် ပြည်နယ်တွင် ပြုလုပ်ခဲ့သော တပ်မတော်နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးပြီးနောက် မြန်မာနိုင်ငံ အေနဖြင့် ပထမဆုံးရင်ဆိုင်ရသည့် တရားရုံးအမိန့်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် ICJ က ချမှတ်ခဲ့သည့် ကြားဖြတ်အစီအစဉ်များမှာ (၁) လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးဆိုင် ရာ နိုင်ငံတကာ သဘောတူညီချက်တွင် ဖော်ပြထားသော ကျူးလွန်မှုများ ဖြစ်မလာစေရေး မြန်မာနိုင်ငံအနေဖြင့် အကာအကွယ်ပေးသည့်အစီအမံများ ဆောင်ရွက်ရန်၊ (၂) မြန်မာတပ်မတော် ဖြစ်စေ အခြားလက်နက်ကိုင်အဖွဲ့ အစည်း တစ်ခုခုမှဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များ မကျူးလွန်စေရန်နှင့် ကျူးလွန် အောင် လှုံ့ဆော်မှုများမဖြစ်စေရန် မြန်မာနိုင်ငံအနေဖြင့် ထိန်းချုပ်မှုများပြုလုပ်ရန်၊ (၃) မြန်မာနိုင်ငံအေ နဖြင့် သက်သေ အထောက်အထားများကို ဖျက်စီးခြင်းမပြုရန်၊ (၄) လူမျိုးတုံးသတ်ဖြတ်မှု ရှိ မရှိ တရားရုံးက စစ်ဆေး နေစဉ် ကာ လအတွင်း မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်မည့်အစီအစဉ်များကို လေးလအတွင်း တရားရုံး သို့ အစီရင်ခံ စာတင် ရန်နှင့် ခြောက်လတစ်ကြိမ် ပုံမှန်အစီရင်ခံစာတင်ရန်တို့ဖြစ်သည်။

ICJ ကို ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် နိုင်ငံများအကြား အငြင်းပွားမှုကို ဆုံးဖြတ်ပေးရန်အတွက် ကုလသ မဂ္ဂ၏ ထိပ်တန်းတရား စီရင်ရေးအဖွဲ့အဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ICJ ၌ မြန်မာနိုင်ငံအနေဖြင့် တရားရင်ဆိုင်နေရချိန်တွင် ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် ခဲ့ သော တပ်မတော်သားနှစ်ဦးသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် သက်သေထွက်ဆိုဖွယ် ရှိ သည် ဆိုသည့်သတင်းက မြန်မာအတွက် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တပ်မတော်၏နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက်သတ်ဖြတ် မှု တွင် ၎င်းတို့ ပါဝင်ခဲ့သည်ဟုဆိုကာ တပ်သားနှစ်ဦးက ဝန်ခံထားသည့် ဗီဒီယိုဖိုင်တစ်ခုလည်း ထွက်ပေါ်ခဲ့သည်။

အဆိုပါ တပ်မတော်သားနှစ်ဦး ICC တွင် ရှိ မရှိကို တပ်မတော်ဘက်က အတည်ပြုခြင်းမရှိသော်လည်း ၎င်းတို့နှစ် ဦးမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ ဖမ်းဆီးခြင်းခံရသူများဖြစ်ကြောင်း တပ်မတော်ဘက်က စက်တင်ဘာလ တွင် အတည်ပြုထားသည်။

တပ်မတော်သားနှစ်ဦးသည် ရိုဟင်ဂျာ မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များအတွက် ICC တွင် သက်သေထွက်ဆိုနိုင်ကြောင်း Forty Rights လူ့အခွင့်အရေးအဖွဲ့က စက်တင်ဘာ၌ ထုတ်ပြန်ခဲ့သည်။

Forty Rights အဖွဲ့၏ ထုတ်ပြန်ချက်တွင် တပ်မတော်သားနှစ်ဦးသည် ICC ရှိရာ နယ်သာလန်နိုင်ငံ သည် ဟိတ်ဂ် မြို့တွင် ရောက်ရှိနေသည်ဟု ယုံကြည်ရပြီး အရေးကြီးသည့် မျက်မြင်သက်သေများဖြစ်၍ အကာ အကွယ်ပေးရန် ဖော်ပြခဲ့သည်။

ထိုအချိန်က တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုး ဖောက်သည်ဆိုသော စွပ်စွဲမှုများနှင့်ပတ်သက်၍ အစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သောစုံစမ်းစစ် ဆေး ရေး ကော်မရှင် (ICOE) အစီရင်ခံစာပါ အချက်များအတိုင်း ဆောင်ရွက်လျက်ရှိသလို ပြစ်မှုကျူးလွန်သူများကို လည်း အရေးယူထားပြီးဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ယင်းကဲ့သို့ မြန်မာအစိုးရနှင့် တပ်မတော်ဘက်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိခြင်း ကြောင့် တပ်မတော်သား နှစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင်လည်း သက်သေထွက်ဆိုနိုင်ပြီး တပ်မတော် သားနှစ် ဦးကို မြန်မာအစိုးရအား လွှဲပြောင်းပေးသင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

တပ်မတော်သားနှစ်ဦးသည် ၎င်းတို့ လက်အောက်တွင်မဟုတ်ကြောင်း ICC ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထား မှု ကို နိုင်ငံတကာသတင်းမီဒီယာအချို့၌ ဖော်ပြခဲ့ပြီး အဆိုပါဖြစ်ရပ်၏နောက်ကွယ်တွင် ရှုပ်ထွေးမှုများ ရှိနေ သည့် သဘောဖြစ်သည်။

AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်သည့် သက်သေ အေ ထာက်အထားများကို နိုင်ငံတကာအဖွဲ့အစည်းများထံ လွှဲပြောင်းပေးလိုက်သည်ဟုသာ မီဒီယာအချို့ကို ဖြေ ကြားမှုများရှိခဲ့သည်။

ရိုဟင်ဂျာမွတ်စလင်များအပေါ် လူအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး မြန်မာကို စုံစမ်းစစ်ဆေးရန် ICC က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ယင်းအပေါ် မြန်မာအစိုးရက မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် စုံစမ်းစစ်ဆေးမှု ပြု လုပ် ခြင်း သည် နိုင်ငံတကာဥပဒေနှင့် မလျော်ညီကြောင်းတုံ့ပြန်ကာ စုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်းပြီး ပူးပေါင်း ဆောင် ရွက်ခြင်း မရှိခဲ့ပေ။

သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများ ထွက်ပြေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့သည် ရော မသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပြီး ICC တရားသူကြီးများကလည်း ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံအား ICC က စုံစမ်းစစ်ဆေးခွင့်မရချိန်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည် ဆိုင် ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာမွတ်စလင်များနှင့်ပတ်သက်၍ တရားစွဲဆိုမှုများသည် ချိတ်ဆက်မှုများ ရှိနေသည်။

အလားတူ ရိုဟင်ဂျာမွတ်စလင်များနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာနိုင်ငံမှ စစ်ဘက်နှင့် နိုင်ငံ ရေးဘက်မှ ခေါင်းဆောင်များအား ရိုဟင်ဂျယနှင့် လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက အာဂျင် တီး နားနိုင်ငံတွင် နိုင်ငံပေါင်းများစွာတို့၏ ဥပဒေ၌ ထည့်သွင်းထားသည့် ဥပဒေသဘောတရားအရ အပြည်ပြည် ဆိုင် ရာ တရားစီရင်ရေးစည်းမျဉ်းအောက်၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာအတွင်းက တရားစွဲဆိုထားသည့် အမှု တစ် ခုလည်း ရှိနေပြန်သည်။

မြန်မာအစိုးရအနေဖြင့် ICJ ၌ တရားရင်ဆိုင်ဖြေရှင်းရန်အတွက် ကျွမ်းကျင်ရှေ့နေများငှားရမ်းခြင်း၊သီးသန့်တရား သူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်းများအပါအဝင် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်းစ သည့် ကုန်ကျရန်ရှိသည့် အသုံး စရိတ်များအတွက် လိုငွေ ကျပ်သန်း ၆၈၀ အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ပြည်ထောင်စုလွှတ်တော်၌ ၂၀၂၀ ပြည့်နှစ်အတွင်း တင်ပြတောင်းခံခဲ့ပြီး ယင်းသို့ တောင်း ခံမှုသည် ဥပဒေနှင့်ညီ မညီကို လွှတ်တော်တွင်း၌ အတိုက်အခံပါတီအချို့၏ စောင့်ကြည့်မေး မြန်းမှုများ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

ထို့အတူ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဖြည့် စွက် တောင်းခံငွေတွင် ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များအတွက် ခေါင်းစဉ်ဖြင့် တောင်းခံ ထားသည့် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းအပါအဝင် ICJ ၌ မြန်မာအစိုးရ တရားရင်ဆိုင်ရာတွင် ကုန် ကျစရိတ်များ ကို အသေးစိတ်ရှင်းလင်းပေးရန် မေးခွန်းမေးမြန်းမှုနှင့်လည်း ကြုံတွေ့ရခဲ့သည်။

အဆိုပါမေးမြန်းမှုအပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင်က ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းသည် ICJ ကိစ္စနှင့် မသက်ဆိုင်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း များ ပြောင်းရွှေ့ခြင်း၊ တာဝန်အရ ခရီးထွက်ခွာခြင်း၊ လေးလံပစ္စည်းများအပါအဝင် ပို့ဆောင်ရေး ဆိုင်ရာအသုံးစရိတ် များနှင့်သာ သက်ဆိုင်ကြောင်း၊ ICJ ၌ ရင်ဆိုင်နေရသည့်အမှုအတွက် ငှားရမ်းထားသည့် နိုင်ငံတကာ ရှေ့နေ များ၏ အသုံးစရိတ်များကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမပြုရန် ကျင့်ဝတ်ကို လိုက်နာရကြောင်း၊ ICJ တွင် တရားရင်ဆိုင်ရာ၌ ကုန်ကျသည့် အသုံးစရိတ် ရှင်းတမ်းကို ဘဏ္ဍာစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စာရင်းစစ်အဖွဲ့တွင် အစစ်ဆေးခံမည်ဖြစ်သဖြင့် ပြည်သူ့လွှတ်တော်တွင် သီးခြားရှင်းလင်းတင်ပြရန် အစီ အ စဉ်မရှိကြောင်း တုံ့ပြန်ရှင်းလင်းခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံအပေါ်ရိုဟင်ဂျာမွတ်စလင်အရေး ကိစ္စနှင့်ပတ်သက်ပြီး တရားစွဲဆိုထားမှုများနှင့် အခြားလှုပ်ရှားမှုများမှာ ခေတ္တတိတ်ဆိတ်နေသည့် သ ဘောသာ ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စ ခရီးရှည်ကိုမည်မျှ လျှောက်လှမ်းရမည်မှာ မည်သူ မှမသိနိုင် သည့် အခြေအနေဖြစ်သည်။


Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */