" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ARSA. Show all posts
Showing posts with label ARSA. Show all posts

Friday, September 29, 2023

ရခိုင်မှာ ARSA အဖွဲ့ဝင်တွေကို AA ရှာဖွေ ဖမ်းဆီး

VOA
ရန်နိုင်
၂၉ စက်တင်ဘာ၊ ၂၀၂၃ 

ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ် နယ်စပ်ဒေသတွေမှာ ARSA လက်နက် ကိုင် အကြမ်းဖက်တွေရဲ့ လှုပ်ရှားမှုတွေရှိလာနေချိန်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်က ဖမ်းဆီး နှိမ်နှင်း မှုတွေလုပ်နေတယ်လို့ AA ဘက်က ပြောပါတယ်။ ဒီအခြေအနေအကြောင်း ရခိုင်ကလာတဲ့ သတင်းကို ကိုရန်နိုင်က တင်ပြပေးပါမယ်။

Thursday, September 28, 2023

AA၏ ဘူးသီးတောင်မြို့နယ် နယ်မြေရှင်းလင်းရေးအတွင်း အာဆာသံသယရှိသူ ၈ ဦးခန့် ဖမ်းဆီးခံထားရ

Narinjara
ရေးသူ: Web Master (NN 16)
| ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃ 

ရက္ခိုင့်တပ်တော်(AA)က ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များကိုနယ်မြေရှင်းလင်းရေး လုပ်စဉ် အာဆာ(ARSA) အဖွဲ့ဝင်များဟု သံသယရှိသူ၈ဦးခန့်ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့မှာ စက်တင်ဘာလ ၁၉ ရက်ခန့်မှစတင်ပြီး အေအေမှ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်း လင်းရေး လုပ်စဉ် ဘူးသီးတောင်မြို့နယ်ရှိ ဦးလှဖေ၊ အတွင်းငှက်သေ၊ ဆေးအိုးကျနှင့် ဝရကျွန်းဒိုးတန်း စသည့် ကျေးရွာများမှ ဖြစ်ကြသည်ဟု သိရသည်။

Wednesday, September 27, 2023

AA is conducting operation to clean up terrorists in Buthidaung

Narinjara
Date: 27 September 2023 

Arakan Army is hunting down terrorist organizations in Buthidaung township on Myanmar-Bangladesh border areas, said ULA/AA spokesperson U Khaing Thukha.

Speaking to Narinjara News, he added that those terrorists have been committing crimes like kidnapping, extortion, murdering in many localities and hence the AA is conducting the clean up operation.

Tuesday, September 26, 2023

ဘူးသီးတောင်မြို့နယ်မှာ အာဆာလှုပ်ရှားမှု ရှိလို့ စိုးရိမ် ကြောင်း ဒေသခံတွေပြော

RFA
RFA Burmese
2023.09.26 

ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံအချို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ နာမည် ပေးထားတဲ့ (ARSA) အဖွဲ့ရဲ့ လှုပ်ရှားမှုရှိနေတာကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

Saturday, September 23, 2023

စိတ်ကြွဆေး ကုန်သွယ်မှု၊ ရိုဟင်ဂျာ အကြပ်အတည်းနဲ့ ကိုယ်ကျိုးစီးပွား ဆက်နွယ်မှုတွေ

Frontier Myanmar
May 11, 2018

Aidan JONES၊ Sam JAHAN နှင့် လှလှဌေး/ အေအက်ဖ်ပီ ရေးသားသည်။


ဘင်္ဂလားဒေရှ့်နဲ့ ရခိုင်ပြည်နယ် နယ်စပ်ဒေသမှာ စိတ်ကြွဆေးပြား ကုန်သွယ်မှုတွေ မြင့်တက် လာ နေ သလို ငွေရလွယ်တဲ့ ဒီလိုတရားမဝင်လုပ်ငန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ မူးယစ်ဆေးဂိုဏ်း တွေနဲ့ မြန်မာလက်နက်ကိုင်တွေလည်း ပါဝင်ပတ်သက် ဆက်နွယ်နေပါတယ်။

မြောက်များလှတဲ့ ‘မက်တာ ဖက်တမင်း’ (ယာဘ) စိတ်ကြွဆေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည် စခန်းတွေမှာ မတည်မငြိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အလုပ်အကိုင်မရှိတဲ့ ရိုဟင်ဂျာတွေဟာ တရားမဝင် မူးယစ် ဆေး ကုန်ကူးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အသုံးချမှုကို ခံနေကြရပြီး ဒီဂိုဏ်းကွင်းဆက်တွေဟာ မြန်မာနိုင်ငံထဲ အထိ ရောက်သွားကာ ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်သားတွေထံအထိ ကွင်းဆက်မိသွားကြပါ တယ်။

Thursday, September 21, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

ဧရာဝတီ
21 September 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အူကီယာမြို့ရှိ ဘာလုခါလီဒုက္ခသည်စခန်းတာဝန်ခံ မွတ်စလင် ခေါင်းဆောင်တဦး စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက သတ်ဖြတ်ခံရမှုမှာ ARSA အဖွဲ့၏ လက် ချက်ဖြစ်ကြောင်း မွတ်စလင်အသိုင်း အဝန်းက ဆိုသည်။

Thursday, September 14, 2023

ရခိုင်မြောက်ပိုင်းအရေး သက်သေအထောက်အထားများ မဖျက်ဆီးရန် သမ္မတရုံး ညွှန်ကြားထား

ဧရာဝတီ
12 April 2020

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း ကင်းကျနေသော ရဲတပ်ဖွဲ့ဝင်တဦး / Reuters

အစိုးရ၏ ကော်မရှင်တခုက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆ လင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထား များ ကို ထိန်းသိမ်းထားရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့အား ဧပြီလ ၉ ရက် နေ့တွင် သမ္မတရုံးက အမိန့်ထုတ်ပြန်ခဲ့သည်။

တကျော့ပြန် ရခိုင်စစ်ပွဲနှင့် နယ်စပ်ပဋိပက္ခ ဘာလဲ၊ ဘယ်လဲ ?

DMG
2022 September 3
by Myo Myart Zaw Hein
(Analysis Report)

၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ အထိ နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် ရခိုင်ဒေသ သည် နိုဝင်ဘာလ ၂၀၂၀ ရွေးကောက်ပွဲမှစတင်ပြီး နှစ်ဘက်တပ်များ၏ Gentleman agreement ဖြင့် အပစ်အခတ် ရပ်နိုင်ခဲ့သော်လည်း ဒုတိယအကျော့အနေဖြင့် နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်း ထန်လာ နေသည်။

Friday, September 8, 2023

ARSA's Increasingly Brazen Presence in Maungdaw District

BNI
Wednesday, September 06, 2023

Residents of the villages within Buthidaung and Maungdaw townships, located near the border between Bangladesh and Rakhine State, have reported a significant increase in the activities of the Arakan Rohingya Salvation Army (ARSA) in recent days.

ARSA Spreading Through Western Myanmar

The Irrawaddy
September 4, 2023

The Arakan Rohingya Salvation Army (ARSA) has infiltrated Maungdaw Township in Rakhine State, intimidating and kidnapping residents.

Faced with a government crackdown in neighboring Bangladesh over refugee camp crime, ARSA members have been appearing in Maungdaw, said residents.

Monday, September 4, 2023

စစ်တပ်က ARSA ကို စစ်ရေးထောက်ပံ့နေတယ်ဆိုတာ ကြောင့် ဒေသခံရိုဟင်ဂျာတွေစိုးရိမ်နေ

dna
Delta News
September 4, 2023

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနဲ့ဘူးသီးတောင်မြို့နယ်တွေထဲက စစ်ကောင်စီတပ်ထိန်းချုပ် နယ်မြေထဲ ARSA အဖွဲ့တွေလှုပ်ရှားနေပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတယ်ဆိုတဲ့ သ တင်းတွေလည်း ထွက် နေတာကြောင့် ပဋိပက္ခတွေ ထပ်ပြီးဆိုးရွားလာမှာစိုးရိမ်နေရတယ်လို့ ဒေသခံ တွေက DNA ကိုပြောပါတယ်။

Saturday, September 2, 2023

AA monitors actions by military council and ARSA in Rakhine

Narinjara
Date: 30 August 2023 

The United League of Arakan /Arakan Army (ULA/AA) asserts that its members always monitor various actions by the military council while using the Arakan Rohingya Salvation Army (ARSA) terror group in Buthidaung and Maungdaw areas of Rakhine State.

"As far as we are concerned, I would like to inform that we always keep a watchful eye on the situation of Buthidaung and Maungdaw areas and all kinds of activities by the junta forces and ARSA rebels," said U Khaing Thukha, the spokesman of ULA/AA.

အာဆာအဖွဲ့ ခြေရှုပ်နေသည့် မောင်တောတွင် စစ်ကောင်စီ က ရှောင်တခင် ဧည့်စာရင်းဝင်

Narinjara
ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃

အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားမှုများရှိနေသည့် ရခိုင်ပြည်နယ် အနောက် ဘက်နယ်စပ် မောင်တောမြို့တွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်း ဝင်စစ်မှုများကို ပြုလုပ်နေ သည်ဟု မြို့ခံများက ပြောသည်။

မောင်တောမြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ လဝကဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အင်အား ၅ဝ ခန့်က ပြီးခဲ့ သည့် သြဂုတ်လ ၂၈ ရက်မှစတင်ကာ ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ရှောင်တခင် စစ်ဆေးနေ ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

Tuesday, August 29, 2023

ရခိုင်မြောက်ပိုင်းတွင် ARSA နှင့် စစ်ကောင်စီတို့ ပူးပေါင်း သည် ဟု သတင်းထွက်ပေါ်နေသော်လည်း စိုးရိမ်စရာမရှိဟု ရခိုင့်နိုင်ငံရေးလေ့လာသူများ သုံးသပ်

Myanmar Pressphoto Agency
by MPA CJ012
30 Aug 2023 

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် စစ်ကောင်စီတပ်နှင့် အာရ ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တို့ ပူးပေါင်းကာ နယ်မြေ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စိုးရိမ်စရာမရှိကြောင်း ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူများက MPA သို့ ပြောသည်။

ရှစ်လအတွင်း ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ ရိုဟင်ဂျာ ၄ဝ ကျော်သတ်ဖြတ်ခံရ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.08.29

လူမျိုးတုံး သတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်အဖြစ် ကျင်းပသည့် ဆုတောင်းပွဲတက်ရောက်လာသည့် ရိုဟင်ဂျာကလေးငယ်များအား ၂ဝ၁၈ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ AFP

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ အခုဩဂုတ်လကုန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားကရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အသက် ၁၈ နှစ်အောက် ယောကျ်ားလေးနှစ်ဦးနဲ့ မိန်းကလေးတစ်ဦး အပါအ ဝင် ရိုဟင်ဂျာ ၄၃ ဦးကို လက်နက်ကိုင်အဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ စခန်းအတွင်း နေထိုင်နေ သူ တွေက ပြောပါတယ်။

Monday, August 28, 2023

အကြမ်းဖက်ဝါဒဆန့်ကျင်ကြ

DVB
September 24, 2017

ယခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေနှင့် လူထု အလေးထားဆုံးသော ပြဿနာမှာ ရခိုင်ပြဿနာ ဖြစ်၏။ ရခိုင်ပြဿနာကို ပြည်ထောင်စုအစိုးရကရော ပြည်နယ်အစိုးရကပါ ဖိဖိစီးစီး ကိုင်တွယ်နေသလို ပြတ်ပြတ် သားသားလည်း ဆောင်ရွက်နေသဖြင့် ကမ္ဘာ့ထိပ်တန်း အလေးအထားရဆုံးသော သတင်းလည်း ဖြစ်နေပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရခိုင်ပြဿနာ တင်မည်၊ မတင်မည်ဟု အမျိုးမျိုး ယူဆနေသလိုရခိုင်ပြဿ နာကြောင့် ထိုပြဿနာကို မီးခွက်ထွန်းရှာသူများ၊ ပြဿနာ၏ ဇာစ်မြစ်ကို မသိ၊ လေးနက်မှု မရှိသူများက ပုံကြီးချဲ့ ပြီး သူခိုးက လူဟစ်သည့် ချဲ့ကားမှုများဖြင့် မြန်မာနိုင်ငံကို သိက္ခာကျအောင်နှင့် အထင်အမြင်လွဲအောင် ဖန်တီးမှု များ ရှိလာပါတော့သည်။ 

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ ၆ နှစ်ပြည့်ကာလမှာ ဘယ်အ ခြေအနေ ရောက်နေပြီလဲ

MoeMaKa
(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၃
 

သြဂုတ် ၂၅ မြင်ကွင်း

၂၀၁၇ ခုနှစ်ရဲ့ မုတ်သုန်မိုးရာသီ သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA လို့ခေါ်ဆိုတဲ့ ရိုဟင်ဂျာကယ် တင် လွတ်မြောက်ရေး တပ် လို့အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့က နယ်စပ်ကင်းစခန်း၊ ရဲစခန်းတွေ ကို တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့၊ လူမျိုးသုဥ်းသတ်ဖြတ် မှု လို့ သမိုင်းတင်ခံရမယ့် လက်တုံ့ပြန်နှိမ်နှင်းမှု စစ်ဆင်ရေးကို စတင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန် ကာလဟာ အန်အယ်လ်ဒီပါတီက အစိုးရအဖြစ်နဲ့ တာဝန်ယူချိန်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ AA လက် နက် ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲတွေ မဖြစ်ပွားမီ ၁ နှစ်အလိုကာ လ လည်း ဖြစ်ပါတယ်။

Saturday, August 26, 2023

186 Rohingyas killed in internecine ARSA-RSO feuds in camps

dailyobserver
Mamunur Rashid
Saturday, 26 August, 2023

At least 186 people were killed in the Rohingya camps in Bangladesh, which can be linked to the criminal activities of different separatist groups.

Rohingya leaders said Myanmar-based armed groups Arakan Rohingya Salvation Army (ARSA) and Arakan Solidarity Organisation (RSO) are mainly responsible for those killings. The murders were carried out in order to gain control of the narcotics and arms trade inside the camps.

Monday, August 21, 2023

မြန်မာနိုင်ငံ၏ အနောက်တံခါးဒေသတွင် ARSA များ ပြန် လည် ခြေကုပ်လာ၍ ဒေသလုံခြုံရေး စိုးရိမ်စရာ ဖြစ်လာနေ ဟုဆို

BNI
Monday, August 21, 2023

Photo - ARSA


မြန်မာနိုင်ငံ၏ အနောက်တံခါးဖြစ်သော မောင်တောဒေသတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ဟု ခေါ်သည့် လက်နက်ကိုင်အဖွဲ့သည် ပြန်လည်ခြေကုပ်လာနေ၍ ဒေသလုံခြုံ ရေး အထူးစိုးရိမ်စရာ ဖြစ်လာနေသည်ဟု ဒေသခံများက ပြောသည်။

Wednesday, August 16, 2023

အာဆာခေါင်းဆောင်ဟောင်းတစ်ဦး ဒုက္ခသည်စခန်းအ တွင်း သတ်ဖြတ်ခံရ

BBC
၁၅ သြဂုတ် ၂၀၂၃,

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခု
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇား ဒုက္ခသည်စခန်း အမှတ် ၁၁ မှာ သြဂုတ် ၁၀ ရက် မနက်ပိုင်းမှာ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ စခန်းမှာနေထိုင်သူအချို့က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */