" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 28, 2023

အကြမ်းဖက်ဝါဒဆန့်ကျင်ကြ

DVB
September 24, 2017

ယခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေနှင့် လူထု အလေးထားဆုံးသော ပြဿနာမှာ ရခိုင်ပြဿနာ ဖြစ်၏။ ရခိုင်ပြဿနာကို ပြည်ထောင်စုအစိုးရကရော ပြည်နယ်အစိုးရကပါ ဖိဖိစီးစီး ကိုင်တွယ်နေသလို ပြတ်ပြတ် သားသားလည်း ဆောင်ရွက်နေသဖြင့် ကမ္ဘာ့ထိပ်တန်း အလေးအထားရဆုံးသော သတင်းလည်း ဖြစ်နေပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရခိုင်ပြဿနာ တင်မည်၊ မတင်မည်ဟု အမျိုးမျိုး ယူဆနေသလိုရခိုင်ပြဿ နာကြောင့် ထိုပြဿနာကို မီးခွက်ထွန်းရှာသူများ၊ ပြဿနာ၏ ဇာစ်မြစ်ကို မသိ၊ လေးနက်မှု မရှိသူများက ပုံကြီးချဲ့ ပြီး သူခိုးက လူဟစ်သည့် ချဲ့ကားမှုများဖြင့် မြန်မာနိုင်ငံကို သိက္ခာကျအောင်နှင့် အထင်အမြင်လွဲအောင် ဖန်တီးမှု များ ရှိလာပါတော့သည်။ 

 

မြန်မာနိုင်ငံ အနောက်ဘက်တံခါးဖြစ်သော ရခိုင်ပြည်နယ်တွင်းသို့ ဘူးသီးတောင် မောင်းတောဘက်မှ ကျိုးပျက် ကာ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများ ဝင်လာသည်ကစပြီး ပြဿနာများ တနှစ်ပြီးတနှစ် အမျိုးမျိုး ဖြစ်လာကြသည်။ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ ဘေးပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်စပ်နေမှုမှာ ကုန်းတွင်းပိုင်းက အများစု ဖြစ် လေ သည်။ တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသည့် အိမ်နီးချင်းနိုင်ငံ အားလုံးလိုလိုမှာ မြေပြင်ချင်း ဆက်စပ်နေသော နိုင်ငံများ ဖြစ်လေသည်။ တဖက်နိုင်ငံများမှ မြန်မာနိုင်ငံထဲသို့ လာရောက် အလုပ်လုပ်ကိုင်ခြင်း၊ အခြေချခြင်းတို့သည် ကိုလိုနီခေတ်ကတည်းက ရှိသော်လည်း ယခုကာလလို ထိပ်တိုက်တွေ့ခြင်းများ မဖြစ်ပေါ်ခဲ့ ပေ။ အိန္ဒိယကလည်း လာသည်။ တရုတ်ကလည်း လာသည်။ 

ထိုအချိန်က ပါကစ္စတန် ဖြစ်နေသေးသော ဘင်္ဂလား ဒေ့ရှ်ဘက်ကလည်း လာလေသည်။ မြန်မာဘုရင် လက်ထက် ကတည်းက ထိုတရုတ်၊ ကုလားများ နေထိုင်လာ ခဲ့ကြ သလို အောက်ခြေလုပ်ငန်းများကို ခိုင်းဖို့လည်း ထိုတရုတ်၊ ကုလားများ ခေါ်ယူထားလေသည်။ ကိုလိုနီနိုင်ငံချင်း အတူတူတွင်ပင် မြန်မာနိုင်ငံမှာ သယံဇာတပေါ၊ စိုက်ပျိုးမြေ ပေါများသဖြင့် အခြေအနေကောင်းလေသည်။ ထိုအခါ အိမ်နီးချင်းနိုင်ငံများက လာရောက်အလုပ်လုပ်ကိုင်ကြလေ သည်။ သို့သော် ပြည်တွင်းစစ်ကြီး ရှည်ကြာခြင်းနှင့် စစ်အာဏာရှင်စနစ် လွှမ်းမိုးမှုရှည်ကြာလာခြင်းတို့ကြောင့်နိုင်ငံ မှာ ဆင်းရဲလာသလို တိုင်းပြည်အနေဖြင့် အားထားစရာဆို၍ သယံဇာတကိုသာ အမှီပြုလာရသောကြောင့် မြန်မာ နိုင်ငံတွင်းသို့ မက်မက်မောမောနှင့် လာရောက်အခြေစိုက်သော နိုင်ငံများမှာ မြန်မာနိုင်ငံထက် ပို၍ ဆင်းရဲသောနိုင် ငံများမှသာ လာရောက်အခြေချကြလေသည်။ တရုတ်ဆိုလျှင်လည်း သူတို့ စီးပွားရေးကြောင့် မြန်မာနိုင်ငံကို အ လေးထားစရာ အကြောင်းမရှိတော့သလို အိန္ဒိယမှာလည်း ယခင်လို မဟုတ်တော့ဘဲ ကုလားအလုပ်သမားများမှာ မြန်မာနိုင်ငံသို့ လာမနေကြတော့ပေ။ မြန်မာနိုင်ငံမှသာ ထိုင်းနိုင်ငံသို့ အလုပ်သမားများအဖြစ် အောက်ခြေသိမ်း အလုပ်များ လုပ်ကြရလေသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးမှာမူ မြန်မာနိုင်ငံထက်လည်း ဆင်းရဲ၊ လူဦးရေ ဖောင်းပွမှုလည်း များ၊ ငတ်လည်း ငတ်ပြတ်ကြသဖြင့် မြန်မာနိုင်ငံထဲသို့ အစုအပြုံလိုက် ဗြောင်ကျကျနှင့် ရောက် လာသလို ခိုးဝင်၍လည်း တမျိုး ရောက်လာကြသဖြင့် ယခုလို မကြုံဖူးလောက်သော အကြမ်းဖက် တိုက်ခိုက်မှု မြန် မာ နိုင်ငံတွင် ဖြစ်ပေါ်လာခဲ့ရပါတော့သည်။ ယခုလို ရခိုင်ပြည်နယ် မြောက်ဘက်ဒေသ၌ ARSA လို အကြမ်းဖက် သမားများက ရွာလုံးကျွတ် မီးရှို့ခြင်း၊ နယ်ခြားစောင့်စခန်းများကို ဝင်စီးခြင်း၊ ရခိုင်ပြည်သူများကို ရက်ရက်စက်စက် သတ်ပစ်ခြင်းဖြင့် ဘူးသီးတောင်၊ မောင်းတောဒေသကို သူတို့ဒေသအဖြစ် သတ်မှတ်ယူရအောင်၊ ရခိုင်နယ်နိမိတ် ကိုပဲ ထွက်သွားအောင် လုပ်နေသော လုပ်ရပ်မှာ မြန်မာနိုင်ငံ ပြည်သူများအဖို့ သည်းမခံနိုင်စရာ ဖြစ်လေသည်။ ရခိုင်ပြည်နယ် သမိုင်းကို သိနေသော ပြည်သူများအဖို့ ယခုလို ဖန်တီးနေခြင်းကို လုံးဝ လက်မခံနိုင်ကြပေ။ 

ရိုဟင်ဂျာဟု မိမိဘာသာ အမည်ပေးထားပြီး ရခိုင်လူမျိုးတခုအဖြစ် ထိုဘင်္ဂါလီမူဆလင်များက အတင်းဖန်တီး လာ ခြင်းသည် အလွန်စက်ဆုပ်ဖို့ကောင်းသလို ကုလသမဂ္ဂ အပါအဝင် တခြားဥရောပနိုင်ငံများ၊ အထူးသဖြင့် အရှေ့ အလယ်ပိုင်း အစ္စလာမ်ဘာသာဝင် နိုင်ငံများက လက်ခံလာသည်မှာ အလွန်ပင် အံ့ဩစရာလည်းကောင်း၊ စိတ်ပျက် စရာလည်း ကောင်းလှပေသည်။ မိမိတို့ သိမှီသမျှ ရိုဟင်ဂျာဆိုသည့် လူမျိုး မရှိသလို သုတေသနလုပ် မြန်မာနိုင်ငံ ၏ သမိုင်းကို ပြုစုခဲ့သည်များတွင်လည်း လူမျိုးပေါင်း ၁၃၅ မျိုးတွင် ရိုဟင်ဂျာ ဆိုသည်မှာ ဘယ် ချောင်ဂလောင် တွင်မှ မပါဝင်ခဲ့ပေ။ မြန်မာနိုင်ငံရေးတွင် ပထမ ပါလီမန်ခေတ် နောက်ဆုံးကာလများက မိမိတို့ ပါတီ အနိုင်ရရှိရေး အတွက် ဘူးသီးတောင် မောင်းတောဘက်မှ ဘင်္ဂါလီများ၏ မဲကို အောက်လမ်းနည်းဖြင့် မိမိတို့ကို ထောက်ခံ စေချင် သော ပါတီများက သူတို့ပေးသော ရိုဟင်ဂျာ ဆိုသည်ကို မျက်စိမှိတ်လက်ခံလိုက်ကြသည်။ ထိုရိုဟင်ဂျာ ဆိုသည်မှာ ကုန်းဘောင်ခေတ်တွင်လည်း မရှိ၊ ကိုလိုနီခေတ်တွင်လည်း မရှိ၊ လွတ်လပ်ရေး ရပြီးခေတ်တွင်လည်း မရှိပေ။ 

မည်သည့်အစိုးရက မည်သည့်နိုင်ငံ ခေါင်းဆောင်က ထိုနာမည်ကို လက်ခံခဲ့သည်ပင် ဖြစ်စေ ထိုနာမည်နှင့် ထိုလူ မျိုး မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မရှိခဲ့ကြောင်း သမိုင်းကို သက်သေထူပြီး ရဲရဲရင့်ရင့် ပြောဆိုနိုင်စွမ်း ရှိကြပါ သည်။ အရေးကြီးသည်မှာ အုပ်စိုးသူ အစိုးရကရော၊ ပြည်သူများကရော မိမိတို့၏ တည်ရှိမှုနှင့်ပကတိအခြေအနေ ကို နားလည်သဘောပေါက်ဖို့လို၏။ ပြတ်သားရဲရင့်ဖို့လည်း လို၏။ တကမ္ဘာလုံးသာမက စကြာဝဠာတခုလုံးကပါ မိမိနိုင်ငံသား မဟုတ်သည့်လူမျိုးကို ဘယ်တော့မှ လက်မခံနိုင်ကြောင်း ပြတ်သားဖို့ လို၏။ တချိန်တည်းတွင် ရဲရဲရင့် ရင့် ရင်ဆိုင်နိုင်ဖို့လည်း လိုပါသည်။ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးသည်ပင်လျှင် ပါကစ္စတန်မှ အရှေ့ပါကစ္စတန်ခွဲထွက် ပြီး မိမိတို့ အရှေ့ဘက်ခြမ်းပေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာခဲ့သည်။ ယခင်က အရှေ့ပါကစ္စတန် ဖြစ်၏။ 

၁၉၄၇ခုနှစ်၊ အိန္ဒိယ လွတ်လပ်ရေး မရခင်အထိ ကိုလိုနီနယ်ချဲ့သမားအောက် ရှင်သန်ခဲ့ရသော ဒေသနှင့် ဘင်္ဂါလီ လူမျိုးများသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ထိုဘင်္ဂါလီများ ပြည်တွင်း ရောက်လာပြီးမှသာလျှင် အ တင်းအဓမ္မ လူမျိုးတမျိုးအဖြစ် အမည်တွင်စေသည်ကို တကမ္ဘာလုံးက နားလည်သိရှိစေလို၏။ ထိုအခြေအနေကို နားလည်မှုမရှိ၊ သမိုင်းကို မသိဘဲ အတင်းအဓမ္မ လူမျိုးတမျိုးအဖြစ် သတ်မှတ်နေသည်ကို လုံးဝ လက်ခံနိုင်ခြင်း မရှိပေ။ ယခုဆိုလျှင် ပို၍ ပက်စက်လှသည်။ ဘင်္ဂါလီများသည် သူတပါးအိမ်ပေါ်လည်း အတင်းအဓမ္မ ဖောက်ထွင်း ပြီး တက်လာ၊ ထိုအိမ်ပေါ်ရှိ အိမ်ရှင်များကိုလည်း အကြမ်းဖက်ပြီး မောင်းချ၊ နောက် သူတို့ကပင် အကြမ်းဖက်ခံရ၊ မောင်းထုတ်ခံရသယောင်ယောင် လုပ်ကြံလာသည်ကို အိမ်ရှင်များအနေဖြင့် မည်မျှ မခံချိမခံသာဖြစ်မည်ကို စာနာ ကြည့်ဖို့ လိုပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အခြေချလာခဲ့သောဘင်္ဂါလီများသည်တဖြည်းဖြည်းပေါက် ဖွားလာသလို လူဦးရေကလည်း များလာ၏။ လူအင်အား များလာသလို သူတို့ နေထိုင်သော ဒေသကိုလည်း သူတို့ ပိုင် နေရာလိုလို၊ သူတို့ပိုင် တိုင်းပြည်လိုလို လုပ်ချင်လာကြ၏။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း မလေးရှားကို အ ခြေခံသော မူဆလင်ဘာသာဝင်များသည် ထိုင်းအစိုးရကို အကြမ်းဖက် တိုက်ခိုက်ခြင်းမျိုး၊ တိုင်းပြည်သူများကို အကြမ်းဖက်ခြင်းမျိုး ပြုလုပ်ကြ၏။ သို့သော် ထိုင်းတပ်မတော်က ပြတ်ပြတ်သားသားပင် အရေးယူခဲ့သည်။ 

တရုတ်တွင်လည်း ဝီဂါလို လူမျိုးများက အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်သည်ကို တရုတ်အစိုးရက ချေမှုန်းခဲ့ သည်။ ရုရှားတွင် ချေချင်ညာ၊ ဖိလစ်ပိုင်တွင်လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပေါင်းကာတိုင်းပြည်အချုပ်အ ခြာ အာဏာကို ထိပါးလာသောကြောင့် ဖိလစ်ပိုင်အစိုးရက အရေးယူ သုတ်သင်ခဲ့၏။ မြန်မာနိုင်ငံတွင်လည်း မည် သည့်အကြောင်းနှင့်ပင်ဖြစ်စေ ယခုလို အနိုင်ကျင့်လွန်း၊ စော်ကားလွန်းခြင်းကို သည်းခံနေ၍ မဖြစ်တော့ပေ။ မြန် မာနိုင်ငံ၏ အချုပ်အခြာကို လက်ခံမည်။ တရားဥပဒေအတိုင်း လိုက်နာမည်။ အာဏာပိုင်များက လက်ခံ မည်ဆို လျှင် ဥပဒေစည်းကမ်းအတိုင်း နေထိုင်ခွင့်ရကောင်းရပေမည်။ နေထိုင်ခွင့် မရလျှင်လည်း ထိုပြဿနာကို မည်သို့မျှ တတ်နိုင်မည်မဟုတ်။ အကြမ်းဖက်တိုက်ခိုက်ပြီး “တို့ပြည်၊ တို့မြေ” လုပ်လာလျှင်ကား သူတို့သည် ကျူးကျော်သူ များ ဖြစ်လာပေမည်။ လူသတ်မီးရှို့သူများကို အကြမ်းဖက်သမားဟု မသတ်မှတ်လျှင် မည်သို့သတ်မှတ်မည်ကိုကမ္ဘာ က သိရပေမည်။ ထိုသို့ ဘင်္ဂါလီ အကြမ်းဖက်သမားများ သောင်းကျန်းလာသည်မှာ ယခင့်ယခင့်က အစိုးရများနှင့် လုံခြုံရေးအတွက် တာဝန်ယူထားသူများတွင် တာဝန် ရှိလေသည်။ ပထစအစိုးရ၊ ဗိုလ်နေဝင်းစစ်အစိုးရ၊ ဗိုလ်သန်း ရွှေအစိုးရတို့မှာ ခိုးဝင်လာသူ ဘင်္ဂါလီများကို မသိကျိုးကျွန်ပြုထားသည်မှစပြီး ပြဿနာမှာ ပုဆိန်ဖြင့် ထွင်းရသည် အထိ ဖြစ်လာပါတော့သည်။ ယခုလို အခြေအနေမျိုးတွင် မည်သည့်အကြမ်းဖက်အဖွဲ့ပင်ဖြစ်စေ၊ ARSAရောအိုက် အက်စ်ရော မြန်မာပြည်သူများက ခေါင်းငုံ့ခံနေလိမ့်မည် မဟုတ်ပေ။ ယခု အခြေအနေသည် ကမ္ဘာက မြန်မာနိုင်ငံ ကို တဖက်သတ် လက်ညှိုးထိုးလာသည့် အခြေအနေမျိုး၊ အဖြစ်မှန်ကို နားမလည်၊ မလေ့လာမသုံးသပ်ဘဲ စွပ်စွဲ ပုတ်ခတ်ခြင်းတို့ကြောင့် အကြမ်းဖက်သမားများကို နေရာပေးကာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာမည် ဆိုလျှင် လုံးဝ လက်ခံနိုင်စရာမရှိပေ။ ထို့ကြောင့် “အရေးကြီးပြီ သွေးစည်းကြစို့”ဟု နှိုးဆော်လိုက်ရပါသည်။
အကြမ်းဖက်ဝါဒဆန့်ကျင်ကြ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */