" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 21, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

ဧရာဝတီ
21 September 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အူကီယာမြို့ရှိ ဘာလုခါလီဒုက္ခသည်စခန်းတာဝန်ခံ မွတ်စလင် ခေါင်းဆောင်တဦး စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက သတ်ဖြတ်ခံရမှုမှာ ARSA အဖွဲ့၏ လက် ချက်ဖြစ်ကြောင်း မွတ်စလင်အသိုင်း အဝန်းက ဆိုသည်။

အသတ်ခံရသူမှာ ဘာလုခါလီဒုက္ခသည်စခန်း အမှတ် B -H / 56 ၏ တာဝန်ခံ မိုဟာမက် အာယုဒ် (၄၀ နှစ်) ဖြစ်ပြီး မွတ်စလင်အုပ်စုတစုမှ ဓါးဖြင့်ခုတ်သတ်သွားခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ARSA အဖွဲ့၏ လုပ်ရပ်များကို လက်မခံသူ ဖြစ်ပြီး စခန်းအတွင်း ARSA အဖွဲ့အား ဝေဖန်ပြောဆိုမှုများကြောင့် ARSA အဖွဲ့၏ ခြိမ်းခြောက်ခြင်းကို ခံရကြောင်း ယင်းဒုက္ခသည် စခန်းမှ အမည်မဖော်လိုသည့် မွတ်ဆလင်ဒုက္ခ သည်တဦးက ပြောသည်။

ဒုက္ခသည်စခန်းမှာ ညဘက် အလှည့်ကျ ကင်းစောင့်ရတာရှိတယ်။ မနေ့က နေ့လယ်ပိုင်းမှာ ညကင်း စောင့် ရမယ့် သူတွေ ကို သွားပြောဖို့ အဆောင်ကနေ ထွက်သွားတဲ့အချိန် အသတ်ခံလိုက်ရတာ။ သူ့ကို လူ ၄ /၅ ယောက်က ဓါးနဲ့ ခုတ်သတ် သွားတာ။ ဘယ်သူတွေလုပ်တာလည်းဆိုတော့ အားလုံးသိတဲ့အ တိုင်း ၄ လုံးအဖွဲ့က လူတွေပဲ ဖြစ်တယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင်ဒုက္ခသည်စခန်းတွင် ဒုစရိုက်သမားများ ခိုအောင်းနေထိုင်လျက်ရှိပြီး မကြာခဏဆိုသလို ပြန်ပေးဆွဲခြင်း ၊ လူမှောင်ခိုကူးခြင်း ၊ အချင်းချင်းသတ်ဖြတ်ခြင်းစသည့် ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်လျက်ရှိပြီး လူသတ်မှုဖြစ်စဉ် အများစုမှာ ၄ လုံးအဖွဲ့ဟုခေါ်သည့်ARSAအဖွဲ့လက် ချက် ဖြစ်သည်ဟုလည်း ဒုက္ခသည်စခန်းမှ မွတ်စလင်များက ဖွင့်ဟကြသည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တဦးက “စခန်းမှာနေရတာက လုံခြုံမှုလုံးဝမရှိ ဘူးလက် နက် ကိုင်အဖွဲ့တေ အချင်းချင်း အများကြီးကွဲပြီးတော့ လူတိုင်းမှာ သေနတ်တွေရှိနေကြတယ်။ အဆိုး ဆုံးကတော့ ARSA ပဲ ၊ လူသတ်တဲ့ အမှုတိုင်းက သူတို့လက်ချက်ပဲ၊ လူတွေကို လိုက်သတ်နေတာလည်း သူတို့ပဲ၊ စခန်းက လူတွေကို မသတ်ရင် ၊ အချင်းချင်း အဖွဲ့ကွဲပြီးတော့ သတ်ဖြတ်နေကြတာ။ ဒါကို ဘင်္ဂ လား အစိုးရကလည်း ရှာဖွေဖမ်းဆီးတာပဲ ၊ ဒါပေမယ့် သူတို့က ဒီဘက်က ဖမ်းဖို့ လိုက်ရင် ဟိုဘက် နယ် စပ် ကို ဝင်ပြေးတယ်။ ပြီးရင် ဒီဘက်ကို ပြန်လာပြီး လူသတ်တယ်။ အဲဒီလိုကို လုပ်နေတာ ”ဟုဧရာဝတီ သို့ ပြောသည်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ( ARSA )နှင့် ပတ်သက်၍ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ဘက်က လိုက်လံ ရှာဖွေ ဖမ်းဆီးမှုများရှိကာ တချို့ အေးချမ်းစွာနေလိုသောARSAအဖွဲ့ဝင်များကိုလည်း အလင်းဝင်မည်ဆိုပါက မည်သည့် ပြစ်ဒဏ်မှ မပေးဘဲ အေးချမ်းစွာနေခွင့်ပေးမည်ဟု ဖိတ်ခေါ် ထား ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်များထံမှ သိရသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုတုပါလောင် ဒုက္ခသည်စခန်း တွင် ARSA အဖွဲ့မှ ခွဲထွက်လာသော မွတ်ဆလင် လက်နက်ကိုင် အဖွဲ့ ဝင် ၃ ဦးကို ARSA အဖွဲ့ဝင်များက လာရောက် လုပ်ကြံ သတ်ဖြတ်ခဲ့ ကြောင်း အဆိုပါဒုက္ခသည်စခန်းမှမွတ်ဆလင်ဒုက္ခသည်တဦးကပြော သည်။

၎င်းက “ အဲဒီနေ့က သတ်သွားတဲ့ ဖြစ်စဉ်ကတော့ ပထမ စခန်းအပြင်ဘက်ကနေ သေနတ်သံတွေ တ ချက် ၊ နှစ်ချက် လောက် ကြားတယ်။ သေနတ်သံကြားလို့ ARSA အဖွဲ့က ခွဲထွက်လာတဲ့ လူ ၃ ယောက် က သေနတ်သံ ကြားတဲ့နေရာကို ဘယ်လို ဖြစ်တာလဲဆိုပြီး သွားကြည့်တဲ့အချိန် အဲဒီမှာ တခါတည်းကို ပစ်သတ်သွားတာ ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့နယ်အတွင်း အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ထိပ်ပိုင်းခေါင်းဆောင်တဦးနှင့်အတူ အဖွဲ့ဝင် ၅ ဦးကို ဘင်္ဂလား ဒေ့ရှ်အစိုးရ၏ ရာဇဝတ်မှု အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင် များက သတင်း ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က ဖမ်းမိသည့် ဟာဗေ့စ် နုရ်မူဟာမတ်သည်ကော့ဘဇားခရိုင်အတွင်းလှုပ် ရှားသည့် ARSA အဖွဲ့တွင် ရန်ပုံငွေခွဲဝေကောက်ခံရေးကို တာဝန်ခံတဦးဖြစ်သလို ကူတုပါလောင် ဒုက္ခ သည်စခန်းတခုလုံး၏ စစ်ရေးတာဝန်ခံ လည်း ဖြစ်ကြောင်း၊ ဖောက်ခွဲရေး ပညာရပ်ကို ကျွင်းကျင်သူ တ ဦးဖြစ်သလို ARSA အဖွဲ့တွင် နာမည်ကျော်ကြားသူတဦး လည်းဖြစ်ကြောင်းလေ့လာစောင့်ကြည်သူများ က သုံးသပ်ပြောသည်။

ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ( ARSA ) အဖွဲ့ကို အဓိက ၃ ဖွဲ့ ခွဲပြီး ဖွဲ့စည်းထားရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇား ခရိုင်တွင် တဖွဲ့ ၊ မောင်တောမြို့ နယ်တွင် တဖွဲ့ ၊ ဘူးသီးတောင်မြို့နယ်တွင် တဖွဲ့ စ သည်ဖြင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် မြို့နယ် ၃ ခုအတွင်း မူးယစ်ဆေးဝါးမှု ၊ ပြန်ပေးဆွဲမှု ၊ လူသတ်မှု ၊ လူ မှောင်ခိုကူးမှု စသည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိ ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်လည်း ရာဇဝတ်မှုများနှင့်သက်ဆိုင်သည့် မှုခင်းများကို ကျူးလွန်လျက်ရှိကာ အချင်းချင်း ဂိုဏ်များခွဲကာ သတ်ဖြတ်ခြင်းများ ၊ လူမှောင်ခိုကူးခြင်း၊ ပြန်ပေးဆွဲ ခြင်း ၊ ၎င်းတို့အား မထောက်ခံသူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိ သည့် အတွက် ARSA အဖွဲ့သည် အားလုံး၏ ဘုံရန်သူ ဖြစ်လာခဲ့ ကြောင်း ရိုဟင်ဂျာများက ဆိုသည်။

ယင်းအပြင် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် မေယုတော ကြော တွင် ARSA အဖွဲ့နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ARSA လက်နက်ကိုင်အဖွဲ့မှ အ နည်းဆုံး ၅ ဦးထက်မနည်း သေဆုံးကာ AA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်း မြစ်များက ပြောသည်။

ARSA အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်အတွင်းက ရိုဟင်ဂျာကျေးရွာသားများကို ငွေညှစ်ခြင်း၊ အနိုင်ကျင့်ဗိုလ်ကျ ကာ ညှဉ်းပန်းနှိပ်စက်ခြင်း ၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကျူးလွန်သည့်အတွက် ကျူးလွန်သောတရားခံများကို ရှာဖွေ ဖမ်းဆီးစဉ် ARSA နှင့် AA တို့ကြား ထိပ်တိုက်တွေ့ကာ တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။

ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ( ARSA ) ဟု နာမည်ပေးထာသော လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့ သော ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းများကို စတင် တိုက်ခိုက် ပြီး ပေါ် ပေါက်လာသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းကာလ စစ်တပ်၏ နယ်မြေရှင်းလင်းမှုများကြောင့်ရိုဟင်ဂျာကျေး ရွာသားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ဝင်ရောက်ခိုလှုံနေကြသည့် နောက်ပိုင်း ကတည်းက အဆိုပါ ARSA အဖွဲ့သည် နှစ်နိုင်ငံနယ်စပ်အား ခြေကုပ်ယူပြီး ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

You may also like these stories:
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */