" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 16, 2023

အာဆာခေါင်းဆောင်ဟောင်းတစ်ဦး ဒုက္ခသည်စခန်းအ တွင်း သတ်ဖြတ်ခံရ

BBC
၁၅ သြဂုတ် ၂၀၂၃,

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခု
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇား ဒုက္ခသည်စခန်း အမှတ် ၁၁ မှာ သြဂုတ် ၁၀ ရက် မနက်ပိုင်းမှာ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ စခန်းမှာနေထိုင်သူအချို့က ပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရသူဟာ အသက် ၅၃ နှစ်အရွယ် ဦးဂျာမာလ် ဆိုသူဖြစ်ပြီး သူဟာ အရင် ARSA ရဲ့ အကြီးအကဲနေရာမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

သေဆုံးတဲ့နေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဦးဂျာမာလ်ဟာ ဘာလုခါလီဈေးအတွင်း ဈေးဝယ်နေချိန် အာဆာတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က ဓါးနဲ့ထိုးသတ်ခဲ့ကြတာလို့ မျက်မြင်တွေ့သူတချို့ ကပြောပါ တယ်။

ဦးဂျာမာလ် နဲ့ နီးစပ်သူတချို့ရဲ့ အပြောအရ ဦးဂျာမာလ် နဲ့ အာဆာရဲ့ ဒုတိယခေါင်းဆောင်တစ်ဦးအပါ အ ဝင် တပ်ဖွဲ့ဝင် ၃၀ လောက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က အာဆာအဖွဲ့ထဲမှာ အငြင်းပွားမှု တွေ ဖြစ် ပွားခဲ့ပြီး နုတ်ထွက်လာခဲ့ကြတာပါ။

သူတို့အဖွဲ့ဟာ နုတ်ထွက်လာပြီးနောက်ပိုင်း နော်ဘီဟူဆောန် ဦးဆောင်တဲ့ Arakan Rohingya Army – ARA အဖွဲ့ထဲ ခိုလှုံနေခဲ့ကြတာ ဖြစ်ပါတယ်။

အာဆာအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ဝင်ရောက်ခြေရာဖျောက် နေ ပြီး ဒုက္ခသည်တွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေရှိလို့ အသက်အန္တရာယ် စိုးရိမ်ကြတဲ့အကြောင်း စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေက ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။

“သူကတော့ အာဆာအဖွဲ့ဝင်ဟောင်းတစ်ဦးပါ။ သူ့ကိုသတ်တာလည်း အာဆာအဖွဲ့ဝင်တွေက သတ် သွား တာပါ။ သူက စခန်း ၁၁ မှာပဲနေပါတယ်။ ဘာကြောင့်သတ်တယ်ဆိုတာတော့မသိဘူး။ ”လို့ ဘင်္ဂ လားဒေ့ရှ်ဒုက္ခသည်စန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဦးဂျာမာလ်ကို အာဆာတပ်ဖွဲ့ဝင်တွေဘာကြောင့် သတ်ဖြတ်လိုက်တာဆိုတာ မသိရပေမဲ့အာဆာတပ်ဖွဲ့ ဝင်တွေကတော့ အခုလိုမျိုး သူတို့ကိုမထောက်ခံတဲ့ မွတ်ဆလင်တွေကို အချင်းချင်းသတ်ဖြတ်မှုတွေ က ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာလည်း မကြာ ခဏဖော်ပြကြပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေထိုင်ခဲ့ကြတာအခုဆို ရင် ၆ နှစ်ထဲ ဝင်လာပြီဖြစ်ပါတယ်။

ဒီလို ၆ နှစ်အတွင်းမှာ အခုလို သတ်ဖြတ်ခံရတာ ၁၈၅ ယောက်ရှိပြီလို့ ဒုက္ခသည်စခန်းထဲ သေဆုံးသူ တွေ အ ကြောင်း မှတ်တမ်းပြုစုထားသူတစ်ဦးကပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ဒီလို သေဆုံးမှုတွေအပြင် မြန်မာဘက်က ပြန်လည်ခေါ်ဆောင်ရေးအစီအစဥ်တွေ နှောင့်နှေးခဲ့တာနဲ့ ဒုက္ခသည်စခန်းအတွင်း ကန့်သတ်ချက်တွေကြောင့် ပင်လယ်ရေကြောင်းကိုသုံးပြီး ထွက်ပြေးဖို့ကြိုးစားကြရာက ပင်လယ်ထဲမျောပြီးသေဆုံးကြတဲ့ အရေအတွက်ကလည်း ကုလသမဂ္ဂ စာရင်းတွေအရ ရာနဲ့ချီ ရှိထားပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ်လောက်ကနေ ဒီနေ့အချိန်ထိ သတ်ဖြတ်ခံလိုက်ရတဲ့ ဒုက္ခသည်ပေါင်း ၁၈၅ ဦးအနက် ၉၀ ရာခိုင်နှုန်းလောက်ဟာ အာဆာအဖွဲ့က သတ်ဖြတ်တာဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကတော့ တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေက သတ်ဖြတ်တာဖြစ်တယ်လို့ နယ်မြေခံ ရိုဟင်ဂျာအချို့က အတည် ပြု ထားပါတယ်။

အခုသတ်ဖြတ်ခံလိုက်ရတဲ့ ဦးဂျာမာလ်ဟာ မောင်တောမြို့နယ်မြောက်ပိုင်း နံ့သာတောင်ကျေးရွာမှာ နေထိုင်ခဲ့သူဖြစ်ကာ မွဖ်သိဂျာမာလ်၊ အာတိတ် စတဲ့ နာမည်တွေနဲ့ အာဆာရဲ့ အူလာမာအဖွဲ့မှာ ဓမ္မ သတ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

မြန်မာဘက်ခြမ်း မောင်တောမြို့နယ်အတွင်းမှာရှိခဲ့တဲ့အချိန်ကတည်းက အာဆာရဲ့ နယ်မြေ ၃ နယ် မြေမှူး တစ်ဦးဖြစ်သလို သူ့ရဲ့ကျူးလွန်မှုတွေလည်း အများအပြားရှိခဲ့ပြီး အာဆာအဖွဲ့ရဲ့ ကြီးပွားရေး အ တွက်ကိုလည်း အဓိကဆောင်ရွက်ခဲ့သူလို့ ပြောဆိုကြပါတယ်။
 
အမေရိကန်သမ္မတအိမ်တော်ကို သွားရောက်ခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟစ်အူလာ 
 
အမေရိကန်သမ္မတအိမ်တော်ကို သွားရောက်ခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟစ်အူလာ အသတ်ခံခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကစပြီး ကော့ဆက်ဘဇားက ဒုက္ခ သည်စခန်းတွေမှာ ညပိုင်းအစောင့်တွေ ထားရှိကြတဲ့အထိ လုံခြုံရေးကို စိုးရိမ်စွာနေထိုင် နေကြရ တာပါ။

မိုဟစ်အူလာဟာ ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင်ဖြစ်ပြီး သူ့ကိုလည်း ARSA အဖွဲ့ခေါင်းဆောင် အ ဘူဟာမာဂျူနိုနီက သတ်ခိုင်းတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဇွန်လထဲမှာထုတ် ဖော်ပြောဆိုခဲ့ပါတယ်။

ဒီနောက်ပိုင်း ၂၀၂၃ ခုနှစ် ဇူလိုင်မှာတော့ ကော့ဆက်ဘဇားခရိုင်မှာ ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့တွေ က ညလုံးပေါက်စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (အာဆာ) အဖွဲ့က တပ်မှူးတစ်ဦးအပါအဝင် ခြောက်ဦးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (RAB) ရဲ့ စစ်ဆင်ရေးအတွင်း အာဆာအဖွဲ့ရဲ့ ထိပ် တန်းတပ်မှူးတစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် ဟာဖစ်ဇ် နျူးမိုဟာမက်ကို ဖမ်းမိခဲ့တာလို့ RAB သတင်းအချက်အလက်ဌာနညွှန်မှူးက ပြောခဲ့တာပါ။

ဒီလို စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးရတဲ့ အာဆာအဖွဲ့ဟာ ပြန်ပေးဆွဲတာ၊ လူသတ်တာနဲ့ ရာဇဝတ်မကင်း တဲ့ အလုပ်တွေကို လုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောထားပါတယ်။

ဟာဖစ်ဇ်ဟာ အဖွဲ့ဝင် ၃၀ နဲ့ ၃၅ ဦးအထိရှိတဲ့ ရာဇဝတ်ဂိုဏ်းကို ဦးစီးနေပြီး မြန်မာပြည်တွင်းစစ်တပ် က နယ်မြေရှင်းလင်းရေးလုပ်ချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီရှိရာ ကူတူးပါလောင်ဒုက္ခသည် စခန်းနဲ့ အဲဒီစခန်းကပ်လျက်အရပ်တွေမှာ လူသတ်မှု၊ ပြန်ပေး မှု၊ ငွေညှစ်မှုတွေကို ပြုလုပ်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့က ပြောထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အပြောအရဆိုရင် ၂၀၂၂ ခုနှစ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့ တွေကြောင့် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ ၄၀ ဦး သတ်ဖြတ်ခံခဲ့ရသလို အခုနှစ် ပထမ ၆ လ ပတ် မှာတင် သတ်ဖြတ်ခံရတဲ့ဒုက္ခသည် ၅၀ နီးပါးရှိလာပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */