" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 29, 2023

ရခိုင်မြောက်ပိုင်းတွင် ARSA နှင့် စစ်ကောင်စီတို့ ပူးပေါင်း သည် ဟု သတင်းထွက်ပေါ်နေသော်လည်း စိုးရိမ်စရာမရှိဟု ရခိုင့်နိုင်ငံရေးလေ့လာသူများ သုံးသပ်

Myanmar Pressphoto Agency
by MPA CJ012
30 Aug 2023 

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် စစ်ကောင်စီတပ်နှင့် အာရ ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တို့ ပူးပေါင်းကာ နယ်မြေ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စိုးရိမ်စရာမရှိကြောင်း ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူများက MPA သို့ ပြောသည်။


“ သတင်းတွေမှာတော့ ဖော်ပြနေတာတွေရှိပေမယ့် ကျတော်တို့သိသလောက် လက်တွေ့မြေပြင်မှာ တော့ တိုက်ပွဲရှိတာတို့၊ ပြည်သူတွေကို အင်နဲ့အားနဲ့ အကြမ်းဖက်တာတို့ကို မတွေ့ရသေးဘူးနောက် ပြီး စစ်ကောင်စီက လက်နက်ထောက်ပံ့ပေးတာတို့ ၊ ဘာတို့ရှိတယ် ဆိုပေမယ့်လည်း တိကျတဲ့ အ ထောက်အထားတွေတော့ ကျတော်တို့လည်း မသိရသေးဘူး။ဒီသတင်းတွေကတော့ဆက်ပြီးစောင့် ကြည့်ရမှာပေါ့။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့ နည်းပါတယ်။ အာဆာဆိုတာက စစ်တပ်ကိုယ်တိုင် က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတာပဲလေ” ဟု ရခိုင်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက MPA သို့ ပြောသည်။

အာဏာသိမ်း စစ်တပ်အနေဖြင့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)အားအကြမ်း ဖက်အဖွဲ့အစည်းအဖြစ် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် သတ်မှတ်ထားခဲ့ပြီးနောက်၊ အာဆာ အဖွဲ့သည် ရိုဟင်ဂျာများ၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်ဖွဲ့စည်းထားခြင်းဖြစ်သည် ဟု ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က တန်ပြန် ကြေညာချက်ထုတ်ပြန်ထားခဲ့သည်။

“ စစ်ကောင်စီက ULA/AA ကို တိုက်ချင်ရင်တောင် သူတို့ကိုယ်တိုင် အကြမ်းဖက်အဖွဲ့ပါလို့ကြေညာ ထားတဲ့ အာဆာလို အဖွဲ့ကို သုံးပြီးတော့ သမိုင်းအမဲစက် ထင်အောင်တော့ လုပ်ပါ့မလားဆိုတာသိပ် တော့ မသေချာဘူးပေါ့။ စောင့်တော့ ကြည့်ရမှာပေါ့။ တစ်ခုတော့ ရှိတာက ULA/AA ရဲ့ အနေအ ထားက အဲ့ဒီဘက်မှာ အာဆာကို ထိန်းနိုင်တဲ့ အနေအထားရှိတယ်။ နယ်စပ်ဒေသကို ULA/AA က ထိန်းချုပ်ထားနိုင်တဲ့အတွက် သိပ်တော့ စိုးရိမ်ရမယ့် အခြေအနေမဟုတ်ပေမယ့် သတိတော့ ထား ရမှာပေါ့” ဟု ရခိုင်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်း MPA သို့ ထပ်မံ ပြောသည်။

အာဆာအဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် နယ်မြေလှုပ်ရှားမှုများရှိနေပြီး ရခိုင် ဒေသခံများဖြစ်သည့် ဒိုင်နက်လူမျိုးစုများ၊ ချင်း၊ ခမီလူမျိုးစုများနှင့် မရမာလူမျိုးစုများအားခြိမ်းခြောက် မှုများ ပြုလုပ်နေကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။

“ ရခိုင်မှာကတော့ မွတ်စလင်တွေက ရခိုင်လူမျိုးတွေပြီးရင် ဒုတိယအင်အားအများဆုံးလူမျိုးတစ် မျိုးပေါ့။ အဲ့ဒီထဲမှာ တချို့ မွတ်စလင်အမျိုးသားတွေဆို အေးအေးချမ်းချမ်း နေချင်ကြတယ်ငြိမ်း ချမ်းရေးကိုလိုလားတဲ့ အေးချမ်းမှုကို လိုလားတဲ့ မွတ်စလင်တွေရှိပေမယ့် အကြောင်းအမျိုးမျိုး ပြ ပြီး ပြည်သူတွေကို နှောင့်ယှက်ဖျက်ဆီး နေတာတွေရှိနေတယ်။ ရခိုင်ပြည်နယ်ထဲမှာ အေးအေး ချမ်းချမ်း နေချင်တယ်ဆိုရင် နယ်မချဲ့နဲ့ အကြမ်းမဖက်နဲ့ မဟုတ်တဲ့ နာမည်တွေကို ယူပြီး ကမ္ဘာ ကျော် အောင် မလုပ်ပါနဲ့။ ဒါတွေကို ချင့်ချိန်နေမယ်ဆိုရင်တော့ ကျတော်တို့ ရခိုင်တွေနဲ့ မွတ်စလင် တွေနဲ့က အေးအေးချမ်းချမ်းနေလို့ရပါတယ်။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျတော်တို့က လည်း အေးအေးချမ်းချမ်းတော့ ဖြစ်လာမှာမဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ပြီးတော့ မလုပ်ပါနဲ့လို့ပဲ ပြောချင်တယ် “ ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူ များ အဖွဲ့၏ ဒါရိုက်တာ ဦးမြထွန်းက MPA သို့ ပြောသည်။

အာဆာအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်နေသည်မှာ အချိန်ကာ လအားဖြင့် ဆယ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး ၎င်းတို့အဖွဲ့အစည်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း လိုလား မှုမရှိသလို မလေးရှားနိုင်ငံမှလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

“ ပြီးခဲ့တဲ့ ၂၀၁၇ အတွင်းမှာ ကိုဖီအာနန်ရဲ့ ထုတ်ပြန်ချက်ထွက်ပြီးပြီးချင်း ရက်ပိုင်းအတွင်းကို အာ ဆာက နယ်ခြားစောင့်စခန်း ၃၀ လောက်ကို ဝင်တိုက်ခဲ့ရာကနေ ပိုပြီး နာမည်ကြီးလာတာပေါ့။အဲ့ဒီ မှာ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်တာ၊ နယ်မြေမလုံခြုံတာ စတာတွေကို အကြောင်းပြပြီး စစ်ကောင်စီက ရိုဟင်ဂျာတွေကို အင်အားသုံးပြီး မောင်းထုတ်ခဲ့တာပေါ့။ တကယ်တော့ အာဆာကို မွေးထုတ်ပေးတာက အကြမ်းဖက်စစ်အုပ်စုပဲ။ သူတို့ရဲ့ လက်ကိုင်တုတ်ပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ ဟာက ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် မွတ်စလင်တွေဖြစ်တယ်။အကြမ်းဖက်တွေဖြစ်တယ် ဆိုပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ ပုံရိပ်တွေကိုပါ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ချက်ခုတ် ရင် သုံးလေးချက်လောက်ပြတ်အောင် လုပ်ကြံဖန်တီးတာပါ။ ဒီလုပ်ရပ်တွေဆိုတာဟာ အစ္စလာမ် တွေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေပေါ့နော်။ ဒီလိုလုပ်ရပ်တွေနဲ့ ဆန့်ကျင်ပြီးလုပ်နေတဲ့ အာဆာအဖွဲ့ ကိုလည်း ကန့်ကွက်ရှုတ်ချပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မ တီ ဝင် ဦးထွန်းကြည်က MPA သို့ ပြောသည်။

ARSA အဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းနေသည်ဟု သတင်းများထွက်ပေါ်နေခြင်းသည် ဝါဒဖြန့်ချိ မှု တစ်ခုဖြစ်ပြီး၊ ရခိုင်လူမျိုးများနှင့် ပြဿနာတက်ရန် သွေးထိုး လှုံဆော်ပေးနေခြင်းဖြစ်သည်ဟု ARSA အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ ဒါက လုပ်ကြံတာ၊ စစ်အစိုးရက အာဆာကို လက်နက်တွေ ပေးတယ်ဆိုတော့ မဖြစ်နိုင်တဲ့စကား၊ ကျ တော့်အမြင်မှာ အဲ့ဒီလိုပဲ မြင်တယ်။ သူတို့ တစ်ခုခု ပလိုစီသုံးပြီးတော့ ဝါဒတွေဖြန့်နေတာ၊ ဧရာ၀တီ မှာ ရေးထားတာတွေ့တယ်။ မောင်တောမှာ သာသာယာယာပဲ၊ ခက်ခက်ခဲခဲ လောလောဆယ် မရှိ သေးဘူး” ဟု ၎င်းက ဆိုသည်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်အတွင်း ရိုဟင်ဂျာပဋိပက္ခဖြစ်ပြီးနောက်ပိုင်း အာရကန် ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် ARSA အဖွဲ့ပေါ်ပေါက်လာခဲ့ကာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံနယ် ခြားစောင့်ကင်းစခန်းပေါင်း ၃၀ အား တိုက်ခိုက်ခဲ့ရာမှ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းထိ စစ်ကောင်စီတပ် နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနောက်တွင် စစ်ကောင်စီသည် အာဆာအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခဲ့ သော်လည်း ယခုလက်ရှိတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့အား စစ် ကောင်စီမှ လက်နက်များ ထောက်ပံ့နေကာ ရခိုင်ပြည်နယ်အတွင်း နယ်မြေမငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းများ၌ ဖော်ပြမှုများရှိနေသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်အေအေ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ MPA မှ ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */