" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မောင်တော. Show all posts
Showing posts with label မောင်တော. Show all posts

Sunday, January 20, 2019

ARSA တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက် ဒဏ်ရာရ

အာဆာအကြမ်းဖက်အဖွဲ့က နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ယာဉ်ကို တိုက်ခိုက်ခဲ့တဲ့ နေရာပြမြေပုံကို တွေ့ရစဉ်

ရဲကွပ်ကဲမှုဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ယာဉ်ကို မောင်တောမြို့နယ် ဝက်ကျိန်းရွာနား တံတား အနီး အရောက်မှာ အာဆာအကြမ်းဖက်အဖွဲ့က အင်အား ၁၀ ယောက်ခန့်က ချောင်းမြောင်းပစ်ခတ်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ ဒဏ်ရာရခဲ့ကြတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ် မေယုတောင်တန်းရဲ့ အနောက်ဘက်ခြမ်းမှာ အာဆာအကြမ်းဖက်အဖွဲ့နဲ့ မေယုတောင်တန်း ရဲ့ အရှေ့ဘက်ခြမ်းမှာ AA သောင်းကျန်းသူအဖွဲ့တို့က နှစ်ဖွဲ့ညှိနှိုင်းကာ နယ်မြေပိုင်းခြား လှုပ်ရှားနေတာဖြ စ်နိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သုံးသပ်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

Friday, January 18, 2019

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် ဖြစ် အောင် မြန်မာ စစ်တပ် ဆွဲခေါ်နေတာလို့ AA စွပ်စွဲ

AA ရခိုင့်တပ်မတော်ကိုစစ်ဆင်ရေးအကြောင်း တပ်မတော်ပြန်ကြားရေးရဲ့ နေပြည်တော်တပ်ကုန်းက သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေတဲ့ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့အ ကြား အခု နှစ်ရက်အတွင်း တိုက်ပွဲငြိမ်သက်နေတယ်လို့ AA ဘက်က ပြော ပါတယ်။ ဒီကနေ့သောကြာနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်မှာကျင်းပပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ AA တပ်ဖွဲ့ တည် နေရာနဲ့ပေါ်ပေါက်လာမှုနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ရှင်းလင်းချက်နဲ့ ပတ်သက်လို့လည်း AA ဘက်က လက်မခံဘဲ တုံ့ပြန်ပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Thursday, January 17, 2019

မောင်တော ရန်အောင်မြင်ရွာထဲကို လက်နက်ကြီး ကျလို့ လူ၂ ဦး ဒဏ်ရာရ

မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ရန်အောင်မြင်ကျေးရွာထဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကို တွေ့ရစဉ်

အစိုးရတပ်နဲ့ ရခိုင်အဖွဲ့ AA တို့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့  ရန် အောင်မြင်ကျေးရွာထဲကို  ဒီနေ့ နေ့လယ်က လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက RFA ကို ပြော ပါ တယ်။ လက်နက်ငယ်သံတွေကို ဦးဆုံးကြားရပြီးနောက် ကျေးရွာထဲက နေအိမ်တစ်လုံးပေါ်ကို လက်နက် ကြီးကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Wednesday, January 16, 2019

ရခိုင်စစ်ရေး တပ်မတော်နဲ့ AA ပြောဆိုချက်ကွဲလွဲ

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA တို့ရဲ့ ပြောဆိုချက်တွေထဲမှာ ကွဲလွဲတာတွေ အတော်များများ ရှိနေပါတယ်။ အထူးသဖြင့်တော့ ဇန်န ဝါရီ လ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာဖြစ်တဲ့ တိုက်ပွဲမှာ AA တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် နိုင် ငံ ဘက်ခြမ်းထဲ ထွက်ပြေး သွားတယ်လို့ တပ်မတော်ဘက်ကပြောပြီး AA ကတော့ ဒါကိုငြင်းပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ AA နှစ် ဘက်လုံးကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သ တင်းထောက် နိုင်ကွန်းအိန်က သတင်းပေး ပို့ထားပါတယ်။

မောင်​​တောမြောက်​ပိုင်းတွင် လက်​နက်​ကြီးကျပြီး လူငယ် ၂ ဦးဒဏ်ရာရ


ရခိုင်ပြည်နယ်၊ မောင်​​တောမြို့နယ်​​မြောက်​ပိုင်း ရန်​​အောင်​မြင်​​ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်း က လက်​နက်​ကြီးကျပြီး ​နေအိမ်​တလုံး မီး​လောင်ကာ ဒိုင်း​နက်​လူမျိုး​ ရွာသား ၂ ဦး ဒဏ်​ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Saturday, August 11, 2018

( 11.08.2018 ) မောင်တောမြို့နယ်မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန်

မောင်တောမြို့နယ်မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် နှစ်လအတွက် ထပ်မံ သက်တမ်းတိုးမောင်တောမြို့ နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ၆ နှစ်ကျော်ပြီ





Tuesday, July 17, 2018

( 17.07.2018) မောင်တောမြို့နယ်၌ နယ်စပ်ခြံ စည်းရိုး ကျော်တက် ဝင်ရောက် လာသူ ၂ ဦး ဖမ်းဆီးရမိ



          မောင်တောမြို့နယ်၌ နယ်စပ်ခြံစည်းရိုး ကျော်တက်ဝင်ရောက်လာသူ ၂ ဦး ဖမ်းဆီးရမိ

ဇူလိုင် ၁၇၊ ၂၀၁၈

မောင်တောမြို့နယ်၊ပေါင်းဇားချောင်းဝကင်းစခန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၅၂၀ ၌ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၄ နာရီချိန် ခန့်တွင် ပေါင်းဇားကျေးရွာနေထိုင် သူများ ဖြစ် သည့် ဒီလူး(ခ) ဒိလ်မာမတ် (၅၅) နှစ် နှင့် မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်(၃၅) နှစ်တို့ နှစ်ဦးသည် နတ်မြစ် အား ဖြတ်ကူးပြီး နယ်စပ်ခြံစည်းရိုးအား ကျော်တက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

Tuesday, April 24, 2018

( 24.04.2018 ) တစ်ဖက်နိုင်ငံ သို့သွား ရောက် မည့် နေ ရပ် စွန့် ခွာ သူ များ ဒုက္ခ သည်စခန်းမှ အဆင် မပြေမှုများ ကြား သိရ၍ ၎င်းတို့၏ ဆန္ဒ အရ မူလနေ ရပ်သို့ ပြန် လည်ပို့ဆောင်



တစ်ဖက်နိုင်ငံသို့သွားရောက်မည့် နေရပ်စွန့်ခွာသူများ ဒုက္ခသည်စခန်းမှ အဆင်မပြေမှုများ ကြားသိရ၍
၎င်းတို့၏ ဆန္ဒအရ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်

ဧပြီ ၂၄၊ ၂၀၁၈

တစ်ဖက်နိုင်ငံသို့သွားရောက်မည့် နေရပ်စွန့်ခွာသူများ ဒုက္ခသည်စခန်းမှ အဆင်မပြေမှုများ ကြားသိရ၍ ၎င်းတို့၏ ဆန္ဒအရ မူလနေရပ်သို့ ပြန်လည်နေထိုင်လျက်ရှိကြောင်းသိရသည်။

Thursday, April 5, 2018

( 05.04.2018 ) မောင်တောဒေသ စိုက်ပျိုးရေး လုပ်ငန်းများ အချိန်မီ စိုက်ပျိုးနိုင်ရေး အစိုးရက ကူညီပေးမည် ( အင်္ဂလိပ် - မြန်မာ )


      မောင်တောဒေသ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီစိုက်ပျိုးနိုင်ရေး အစိုးရက ကူညီပေးမည်

မောင်တော ဧပြီ ၎

ရခိုင်ပြည်နယ် မောင်တောဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ရခိုင်ပြည် နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် မောင် တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ အစ္စ လာမ် ဘာသာဝင်ခေါင်းဆောင် များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများအား တွေ့ဆုံ သည်။

Wednesday, April 4, 2018

(04.04.2018 ) ဟင်းစားရှာ ထွက်သော မြိုတိုင်း ရင်းသူ အမျိုးသမီး တစ်ဦး အသတ်ခံရ ( အင်္ဂလိပ် - မြန်မာ )

ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အသတ်ခံရ

ဧပြီ ၄၊ ၂၀၁၈

ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

Monday, March 26, 2018

( 26.03.2018 ) Is Facebook contributing to genocide in Myanmar? ( Asia Times )

Social media giant under scrutiny for spreading hate speech that has fueled persecution of nation's Rohingya Muslim minority 

By Lee Short Yangon, March 26, 2018

 
A Rohingya man looking at Facebook onn his cell phone at a temporary makeshift camp after crossing over from Myanmar into the Bangladesh side of the border, near Cox's Bazar's Palangkhali, September 8, 2017. Photo: Nurphoto via AFP/ Ahmed Salahuddin.

It’s not every day that a country of over 51 million people goes online virtually overnight.

But that’s been the case in Myanmar, which until recently had one of the world’s lowest internet penetration rates but is now largely plugged into the digital age. And as many will attest, Facebook is the internet in Myanmar.

Tuesday, November 22, 2016

( 22.11.2016 ) မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီး ယာယီတဲဖြင့်နေထိုင်လျက်ရှိသည့် ထွက်ပြေးတိမ်းရှောင်လာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်၊ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ရန်စီစဉ်


မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီး ယာယီတဲဖြင့်နေထိုင်လျက်ရှိသည့် ထွက်ပြေးတိမ်းရှောင် လာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်၊ မူလနေရပ်သို့ ပြန် လည်ပို့ဆောင်ရန်စီစဉ်

မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီးတွင် အခြားကျေးရွာများမှ ထွက်ပြေးလာသူများသည် ယာယီ တဲများဖြင့် နေထိုင်လျက်ရှိကြောင်း မြေပြင်သတင်းများအရနယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝ င်များ ကနိုဝင်ဘာ၂၀ ရက်နံနက်၁၁နာရီခွဲတွင်သွားရောက်စိစစ်ရာဒါးကြီးစား ကျေးရွာနှင့် မျောတောင် ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်လာသူ ၁,၂၁၃ ဦး အား ယာယီတဲများဖြင့် နေထိုင် လျက်ရှိကြောင်းတွေ့ရှိရသည်။ အဆိုပါ ကျေးရွာသူကျေးရွာသားများကို ရခိုင်ပြည်နယ်အစိုးရက ဆန်အိတ် (၁၀၀) ၊ ငါးခြောက် ပိဿာ (၁၀၀) နှင့် ခေါက်ဆွဲခြောက် ဖာ (၁၀၀) စသည့် လူသားချင်းစာနာထော က်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မူလနေရပ်သို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရှိရ သည်။
--------------------------

--------------------------


Monday, November 21, 2016

( 21.11.2016 ) စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်နေရ တဲ့ မြန်မာ့တပ်မတော်

21 နိုဝင်ဘာ၊ 2016 
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ မောင်တောမြို့နယ် ကျီးကန်ပြင်ကျေးရွာအနီး တံတားမှာ လက်လုပ်ဗုံး ပေါက်ကွဲမှုကို စစ်ဆေးနေစဉ် (နိုဝင်ဘာလ ၂၀၁၆ ခုနှစ်) ဓါတ်ပုံ- MOI
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က အစိုးရ ဟာ နိုင် ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော် မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတော် သမ္မတရုံး ရဲ့ အဲဒီ ကော်မတီ ဖွဲ့စည်းကြောင်း သ တင်းထုတ်ပြန် ချက်ထဲမှာ “ရခိုင်ပြည်နယ်အ တွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်း များ ဆောင်ရွက်နိုင်ရန်အတွက်” ဆိုပြီး ဖော်ပြထား ပါတယ်။

Sunday, November 20, 2016

( 20.11.2016 ) (၂၀-၁၂-၂၀၁၆ ) မောင်တောဒေသ သတင်းများ

  ၂၀-၁၂-၂၀၁၆ မောင်တောဒေသ သတင်းများ

မီးဘေးသင့် အိမ်ထောင်စုများအား စားသောက်ကုန် အဝတ်အထည်နှ င့် လူသုံးကုန်ပစ္စည်းများ ထောက် ပံ့ပေးအပ်

ဒီဇင်ဘာ ၂၀၊ ၂၀၁၆

ဒီဇင်ဘာ ၁၅ ရက်နံနက် ၂ နာရီတွင် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ ၁၃ ရပ်ကွက်နေ ကော်ဘီ ရာမောက်၏ နေအိမ် မီးသွေးမီးပူမှစတင်၍ မီးလောင်ကျွမ်းခဲ့ရာ နေအိမ် (၈) လုံး ဈေးဆိုင်ခန်း (၉)ခန်း လောင်ကျွမ်းခဲ့ပြီး ၎င်း၏သား ၂ ဦး မီးလောင်သေဆုံးခဲ့သည်။

( 20.11.2016 ) အကြမ်းဖက်မှုရှိနေဆဲ ရခိုင်ပြည် အတွက် လုံခြုံရေးမြှင့်ဖို့လို ( VOA Burmese )


ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်များ စစ်တွေ ဒေသခံများ နဲ့တွေ့ဆုံ ( 15 Nov 2016 )

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ လုံခြုံရေးက အခုအချိန် အထိ စိုးရိမ် စရာ အနေအထား ဖြစ်နေလို့ ဒီဒေသကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကို အထူးတင်းကျပ်ထား တာသာ ဖြစ်တယ်လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင် တဦးက ပြောဆိုလိုက်ပါ တယ်။ သီတင်းခြောက်ပတ်လောက် အဝင်အထွက် ပိတ် ထားတာ လက် ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ်ယမ်ဟီးလီးက ကြေညာချက်ထုတ်ပြန်ချိန်မှာ အခု လို တုံ့ပြန်ပြောဆိုလိုက်တာပါ။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါ တယ်။

( 20.11.2016 ) မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး ၀ိုင်းဝန်းဆောင်ရွက်ဖို့ တိုက်တွန်း ( RFA Burmese )

RFA
လွတ်လပ်တဲ့ အာရှအသံ
2016-11-20

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နိုဝင်ဘာလ ၂၀ ရက်နေ့က မောင်တောမြို့နယ်က မွတ်ဆ လင်ကျေးရွာတွေကို သွားရောက်စဉ်

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မွတ်ဆလင်တွေပါ ဝိုင်းဝန်း ဆောင်ရွက် ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

( 20.11.2016 ) မောင်တော ဒေသကို ကယ်ဆယ်ရေး ဝန်ကြီး သွားရောက် ( BBC Burmese )

ဘီဘီစီ မြန်မာပိုင်း 
19 နိုဝင်္ဘာလ 2016



နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတက်ရေး ဗဟိုကော်မတီထဲမှာရှိတဲ့ ဒေသတွင်းပြန်လည် နေရာချထားရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကယ်ဆယ်ရေးနဲ့ နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဟာ နိုင်ဝင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် မြို့တော်စစ်တွေကို ရောက်ရှိလာခဲ့ပါတယ်။
-

( 20.11.2016 ) အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၆၀ ဦးထပ်မံဖမ်းဆီးရမိ



အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၆၀ ဦးထပ်မံဖမ်းဆီးရမိ

မောင်တောမြို့နယ်အတွင်း ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနှင့် ပြောင်ပိုက်ကျေးရွာများ အနီးပတ် ၀န်းကျင်၌ အောက်တိုဘာ၁၁ရက်နေ့လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းဆောင်ရွ က် စဉ် အကြမ်း ဖက်တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ရမှုသတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။

အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲကွပ်ကဲမှုအောက်ရှိ ငါးခူရနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ၀င်များသည် နိုဝင် ဘာ ၁၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ကြက်ရိုးပြင်ကျေးရွာအတွင်း နယ်မြေ ရှင်းလင်းဆောင်ရွက်ရာ အောက်တိုဘာ ၁၁ ရက်နေ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်တိုက်ခို က်ခံရမှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ၆၀ ဦးအားထပ်မံဖမ်းဆီးရမိခဲ့သည်။


Friday, November 18, 2016

( 18.11.2016 ) ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား


ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား


မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု အနောက်ရွာနေကျေးရွာရပ်မိရပ်ဖနှင့် ရာအိမ်မှုး တာဝန် ထမ်းဆောင်သူ ဂျာမာလ် (၄၂)နှစ်သည်ယမန်နေ့ညနေပိုင်းတွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု တောင်ရွာနေ ဟာဘီအုလ္လာ (၄၀) နှစ် ကနေအိမ်သို့ ညနေစာ စားရန် ဖိတ်ကြားသဖြင့် ညနေ ၆ နာရီတွင် သွားရောက်ပြီး ညနေစာ စားခဲ့သည်။

( 18.11.2016 ) မောင်တောမြို့နယ်၌ မသင်္ကာဖွယ် ရွာသား (၁၄) ဦး ဖမ်းဆီးရမိ


                  
မောင်တောမြို့နယ်၌ မသင်္ကာဖွယ် ရွာသား (၁၄) ဦး ဖမ်းဆီးရမိ

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် များ သည် သက်ကိုင်ညာကျေးရွာသို့ဝင်ရောက်ရှင်းလင်းရာ မသင်္ကာဖွယ် ရွာသားများ ဖြစ်သော ဒီမိုဟာမတ် (၃၃) နှစ် (ဘ) မိုဆာအာလီ ပါ (၅) ဦးအား ဖမ်းဆီးရမိခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */