Sunday, January 20, 2019

ARSA တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက် ဒဏ်ရာရ

RFA
လွတ်လပ်တဲ့အာရှအသံ 
2019.01.20
 အာဆာအကြမ်းဖက်အဖွဲ့က နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ယာဉ်ကို တိုက်ခိုက်ခဲ့တဲ့ နေရာပြမြေပုံကို တွေ့ရစဉ်
 
ရဲကွပ်ကဲမှုဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ယာဉ်ကို မောင်တောမြို့နယ် ဝက်ကျိန်းရွာနား တံတား အနီး အရောက်မှာ အာဆာအကြမ်းဖက်အဖွဲ့က အင်အား ၁၀ ယောက်ခန့်က ချောင်းမြောင်းပစ်ခတ်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ ဒဏ်ရာရခဲ့ကြတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ် မေယုတောင်တန်းရဲ့ အနောက်ဘက်ခြမ်းမှာ အာဆာအကြမ်းဖက်အဖွဲ့နဲ့ မေယုတောင်တန်း ရဲ့အရှေ့ဘက်ခြမ်းမှာ AA သောင်းကျန်းသူအဖွဲ့တို့က နှစ်ဖွဲ့ညှိနှိုင်းကာ နယ်မြေပိုင်းခြား လှုပ်ရှားနေတာဖြ စ်နိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သုံးသပ်ထားကြောင်းလည်း ဖော်ပြထားပါတယ်။
 
AA နဲ့ ARSA က မေယုတောင်တန်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ ညှိနှိုင်းလှုပ်ရှားနေတာ ဖြစ်နိုင်တယ် ဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သုံးသပ်ချက်နဲ့ပတ်သက်လို့ AA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်း ရာမှာ ဒါဟာ သူတို့ကို စွပ်စွဲချက်တာသာဖြစ်ကြောင်း RFA ကို ပြောပါတယ်။ ဒီအခြေ အနေတွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ ARSA အဖွဲ့ကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */