Friday, November 18, 2016

( 18.11.2016 ) မောင်တောမြို့နယ်၌ မသင်္ကာဖွယ် ရွာသား (၁၄) ဦး ဖမ်းဆီးရမိ


                  
မောင်တောမြို့နယ်၌ မသင်္ကာဖွယ် ရွာသား (၁၄) ဦး ဖမ်းဆီးရမိ

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် များ သည် သက်ကိုင်ညာကျေးရွာသို့ဝင်ရောက်ရှင်းလင်းရာ မသင်္ကာဖွယ် ရွာသားများ ဖြစ်သော ဒီမိုဟာမတ် (၃၃) နှစ် (ဘ) မိုဆာအာလီ ပါ (၅) ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖားဝပ်ချောင်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ် အချိန် တွင် မောင်တောမြို့နယ် ဝက်ပြင်ကျေးရွာသို့ဝင်ရောက်ရှင်းလင်းရာ မသင်္ကာဖွယ် ရွာသားများ ဖြစ်သော ဆွေယော့ကာဆင် (၃၆) နှစ် (ဘ) မာမတ်ကော်ရိပ် ပါ (၃) ဦးအား ဖမ်းဆီးရမိခဲ့သည်။

မောင်တောမြို့နယ် ပွင့်ဖြူချောင်းရွာသို့ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင် ဘာ ၁၇ ရက်နေ့ နံနက် ၁၁နာရီခွဲချိန်တွင်ဝင်ရောက် ရှင်းလင်းရာ ပွင့်ဖြူချောင်းကျေးရွာနေ မသင်္ကာသူ မိုဟာမတ် အယ်ကရုန် (၃၅) နှစ် (ဘ) ဆာဘစ်ဟူဆိန်း ပါ (၆) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */