" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 5, 2018

( 05.04.2018 ) မောင်တောဒေသ စိုက်ပျိုးရေး လုပ်ငန်းများ အချိန်မီ စိုက်ပျိုးနိုင်ရေး အစိုးရက ကူညီပေးမည် ( အင်္ဂလိပ် - မြန်မာ )


      မောင်တောဒေသ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီစိုက်ပျိုးနိုင်ရေး အစိုးရက ကူညီပေးမည်

မောင်တော ဧပြီ ၎

ရခိုင်ပြည်နယ် မောင်တောဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ရခိုင်ပြည် နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် မောင် တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ အစ္စ လာမ် ဘာသာဝင်ခေါင်းဆောင် များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများအား တွေ့ဆုံ သည်။



အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးများက တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာ မတိမ်းရှောင်ဘဲ ကျန်ရှိနေသည့် အစ္စလာမ်ဘာသာဝင်များအတွက် အလုပ်အကိုင်များ ဖန်တီးဖော်ဆောင်ပေးရန် ဖြစ်ကြောင်း၊ ယခုရာသီ သည် မိုးကျတော့မည်ဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ငါးပုစွန်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ကူညီ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း ကူ ညီပေးမည်ဖြစ်ကြောင်း၊ မောင်တောဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အ တွက် အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာ ဝင်များနှင့် ရခိုင်တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မောင်တောနှင့် ဘူးသီးတောင် ဒေသများတွင် အကြမ်းဖက်ဖြစ်စဉ် ဖြစ် ပြီးနောက်ပိုင်းတွင် စားဝတ်နေရေး အခက်အခဲများ ဖြစ်ခဲ့သည့်အတွက် နိုင်ငံတော်အစိုးရ၊ UEHRD နှင့် အဖွဲ့ အစည်းများက ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ရန် လှုံ့ဆော် ပေးမှုများ ရှိနေသောကြောင့် နေရပ်စွန့်ခွာမသွားကြရန် ဘာသာရေးခေါင်းဆောင်များ အနေဖြင့် အသိပညာ များပေးရန်လိုကြောင်း ပြောကြားကြသည်။

ထို့နောက် ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ ဘာသာရေး ခေါင်းဆောင်များက ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး တို့နှင့် စပ်လျဉ်း၍ တင်ပြရာ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးနှင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများနှင့် အဖွဲ့သည် မောင်တောမြို့နယ် လှဖိုးခေါင် ယာယီပြန်လည် လက်ခံရေးစ ခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ လှဖိုးခေါင်စခန်း တည်ဆောက်ရေးတာဝန်ခံနှင့် ခရိုင်အုပ်ချုပ်ရေး မှူးတို့က စခန်းတည်ဆောက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါ ယာယီလက်ခံရေးစခန်းကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အဆောက်အအုံ တည်ဆောက်မှု အရေအတွက် ၆၂၅ လုံး လျာထားချက်ဖြင့် တည်ဆောက်လျက်ရှိပြီး တည်ဆောက်မှုပြီးစီး ပါက လူဦးရေ ၃ဝဝဝဝ ခန့် ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် အဖွဲ့သည် မောင်တောမြို့နယ် ကိုင်းကြီး ကျေးရွာ၊ ကိုင်းကြီး ရွာဟောင်း၊ မောရဝတီ၊ ဥဒေါင်း၊ သရေကုန်းဘောင်၊ ရွှေဗဟို ကျေးရွာများရှိ ရခိုင်တိုင်းရင်းသား များနှင့် မြိုတိုင်းရင်းသား များအား တွေ့ဆုံပြီး ယခု စိုက်ပျိုးရာသီတွင် တိုင်းရင်းသားများအတွက် လယ်ယာမြေများတွင် စိုက်ပျိုးနိုင်ရန် မျိုးစေ့၊ မြေသြဇာ၊ လယ်ထွန်စက် စသည်တို့ကို ကူညီပံ့ပိုးပေး မည်ဖြစ်ကြောင်း၊ စားဝတ်နေရေးအတွက် အခက်အခဲရှိနေသည့် တိုင်းရင်းသားများအတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများ ကူညီပံ့ပိုးပေး မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားများက ၎င်းတို့၏လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းပြောကြားပြီး မြိုတိုင်းရင်းသားများအတွက် တည်ဆောက် ထားသော အိမ်ရာအ ဆောက် အအုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာရှိ မြိုတိုင်းရင်းသားများအတွက် အိမ်ရာဆောက်လုပ်မှုကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ၅၆ လုံး တည်ဆောက်ပေးထားပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၆၄ လုံး တည်ဆောက်ပေးထားကြောင်း သိရသည်။
--------------------------------------------------------------------------------------------------------------------------
Maungtaw residents to begin farming with gov’t help

April 4, 2018

Authorities pledged to assist in improving the livelihoods of people in Maungtaw and Buthidaung townships, Rakhine State, who have not left for a neighbouring country.


The remark came at the meeting among locals from Maungtaw and Buthidaung and the Deputy Minister for the Office of the State Counsellor U Khin Maung Tin, the Deputy Minister for Social Welfare, Relief and Resettlement U Soe Aung, and Rakhine State Transport and Electricity Minister U Aung Kyaw Zan at the Maungtaw District General Administration Department yesterday.

At the meeting, the deputy ministers said the government would provide assistance to the local people in the form of job creation in fields such as agriculture and fish and prawn farming.

The authorities requested all communities of Muslims, Hindus and Rakhine to cooperate with the government for the development, security and peace of the Maungtaw District.
The deputy ministers also requested religious leaders in the area to advise their followers not to leave for the neighbouring country, as there are provocations occurring that may be resulting in people leaving their homes.

The religious leaders from Buthidaung and Maungtaw townships also urged authorities to create opportunities for them for their education, health, and economic welfare.

Following the meeting, the delegation led by the two deputy ministers visited Hla Phoe Khaung Transit Centre, which can accommodate about 30,000 people.

The centre is comprised of 525 buildings, and work on construction of the buildings started on 13 January.

Afterwards, the delegation met with Rakhine and Mro ethnic people from Kaigyi, Mawrawady, Udaung, Tharaykonbaung, Shwebaho and pledged to provide seeds, inputs and machinery to them in time for the coming rainfed farming season. Authorities are also planning to assist in livestock farming for the villagers.

Following the meeting, they toured the buildings constructed for the Mro ethnic people.

The Yangon Region Government constructed 56 houses and Bago Region Government 64 houses for local Mro ethnic people.



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */