Friday, November 18, 2016

( 18.11.2016 ) ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား


 ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား
 
မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု အနောက်ရွာနေကျေးရွာရပ်မိရပ်ဖနှင့် ရာအိမ်မှုး တာဝန် ထမ်း ဆောင်သူ ဂျာမာလ် (၄၂)နှစ်သည်ယမန်နေ့ညနေပိုင်းတွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု တောင်ရွာနေ ဟာဘီအုလ္လာ (၄၀) နှစ် ကနေအိမ်သို့ ညနေစာ စားရန် ဖိတ်ကြားသဖြင့် ညနေ ၆ နာရီတွင် သွားရောက်ပြီး ညနေစာ စားခဲ့သည်။

ယင်းနောက်အိမ်ပြန်ရန်အတွက်လာခေါ်ပါရန် ၎င်းမိသားစုဝင်များထံသို့ဖုန်းဆက် အကြောင်းကြားရာ ဆက် သွယ်မှု မရရှိ၍ ည ၇ နာရီ ၂၅ မိနစ်တွင် အိမ်ရှင်ဟာဘီအုလ္လာက ကိုယ်တိုင် လိုက်ပို့ခဲ့သည်။ သို့သော် ရာ အိမ်မှူးဂျာမာလ်မှာ မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိမှု မရှိသဖြင့် ည ၇ နာရီခွဲတွင်မိသားစုဝင်များက လိုက် လံရှာဖွေရာဂေါ်ဒူသာရ ကျေးရွာအုပ်စု တောင်ရွာနှင့်အနောက်ရွာကြားလယ်ကွင်းနှင့် ပုစွန်ကန်အစပ်နေရာ တွင်ဂျာမာလ်မှာလည် ပင်း ဓါးလှီးဒဏ်ရာ၊ ဦးခေါင်းဓါးခုတ်ဒဏ်ရာ၊ ရင်အုံ ဓါးထိုးဒဏ်ရာ များဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသည်။

သေဆုံးသူ အလောင်းတွေ့ရှိမှုအား မိသားစုဝင် များက ကျေးရွာတာဝန်ခံနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်သတင်းပေးပို့ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက မကျီးချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ဖုန်းဆက် သွယ်တင်ပြခဲ့ရာလုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိ မလာမီ ကျေးရွာသားများက လူသတ်မှုကျူးလွန်သူဟု ယူဆရ သူ ဟာဘီအုလ္လာအားဝိုင်းဝန်းဖမ်းဆီးထားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ မကျီးချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၆ နာရီတွင် ရောက်ရှိကြပြီး ဖြစ်စဉ်အား စိစစ်ခဲ့ ရာ လူသတ်မှုကျူးလွန်သူဟု ယူဆရသူ ဟာဘီအုလ္လာအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */