မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီး ယာယီတဲဖြင့်နေထိုင်လျက်ရှိသည့် ထွက်ပြေးတိမ်းရှောင် လာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်၊ မူလနေရပ်သို့ ပြန် လည်ပို့ဆောင်ရန်စီစဉ်
မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီးတွင် အခြားကျေးရွာများမှ ထွက်ပြေးလာသူများသည် ယာယီ တဲများဖြင့် နေထိုင်လျက်ရှိကြောင်း မြေပြင်သတင်းများအရနယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝ င်များ ကနိုဝင်ဘာ၂၀ ရက်နံနက်၁၁နာရီခွဲတွင်သွားရောက်စိစစ်ရာဒါးကြီးစား ကျေးရွာနှင့် မျောတောင် ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်လာသူ ၁,၂၁၃ ဦး အား ယာယီတဲများဖြင့် နေထိုင် လျက်ရှိကြောင်းတေ့ွရှိရသည်။ အဆိုပါ ကျေးရွာသူကျေးရွာသားများကို ရခိုင်ပြည်နယ်အစိုးရက ဆန်အိတ် (၁၀၀) ၊ ငါးခြောက် ပိဿာ (၁၀၀) နှင့် ခေါက်ဆွဲခြောက် ဖာ (၁၀၀) စသည့် လူသားချင်းစာနာထော က်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မူလနေရပ်သို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရှိရ သည်။
No comments:
Post a Comment