Tuesday, April 24, 2018

( 24.04.2018 ) တစ်ဖက်နိုင်ငံ သို့သွား ရောက် မည့် နေ ရပ် စွန့် ခွာ သူ များ ဒုက္ခ သည်စခန်းမှ အဆင် မပြေမှုများ ကြား သိရ၍ ၎င်းတို့၏ ဆန္ဒ အရ မူလနေ ရပ်သို့ ပြန် လည်ပို့ဆောင်



 တစ်ဖက်နိုင်ငံသို့သွားရောက်မည့် နေရပ်စွန့်ခွာသူများ ဒုက္ခသည်စခန်းမှ အဆင်မပြေမှုများ ကြားသိရ၍
၎င်းတို့၏ ဆန္ဒအရ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်

ဧပြီ ၂၄၊ ၂၀၁၈

တစ်ဖက်နိုင်ငံသို့သွားရောက်မည့် နေရပ်စွန့်ခွာသူများ ဒုက္ခသည်စခန်းမှ အဆင်မပြေမှုများ ကြားသိရ၍ ၎င်းတို့၏ ဆန္ဒအရ မူလနေရပ်သို့ ပြန်လည်နေထိုင်လျက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာအုပ်စု၊ လွမ်းတောင်ကျေးရွာတွင် နေထိုင်သော အစ္စ လာမ် ဘာသာဝင် အိမ်ထောင်စု ၇ စုမှ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၄၆ ဦးသည် တစ် ဖက်နိုင်ငံသို့ သွားရောက်ရန် မောင်တောမြို့နယ်၊ မှိုဝင်ချောင်းဝကင်းစခန်း နှင့်ဂေါ်ဒူသာရချောင်းဝ ကင်းစ ခန်းကြားရှိ ပင်လယ်ကမ်းခြေ၌ ၂၀၁၈ ခုနှစ် မတ်လ ၁၃ ရက် မွန်းတည့်ချိန်ကတည်းက ရောက်ရှိနေခဲ့ကြ သည်။

ထိုသို့ရောက်ရှိနေချိန်အတောအတွင်း တစ်ဖက်နိုင်ငံရှိဒုက္ခသည်စခန်းတွင် နေထိုင်စားသောက်ရေး အပါ အဝင် အဆင်မပြေမှုများရှိကြောင်း ကြားသိရ၍ လည်းကောင်း၊ အစိုးရတာဝန်ရှိသူများက လုံခြုံ အေးချမ်း စွာနေနိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေများကြောင့် လည်းကောင်း၊ နေရပ်စွန့်ခွာသူများသည် မူလ နေရပ်သို့ ပြန်လည်နေထိုင်လိုကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြား သတင်းပို့ခဲ့ ကြ သည်။

ယင်းတို့၏သတင်းပို့မှုအရ ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၊ မောင်တော ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် မောင်တောမြို့နယ် မြင်းလွတ်မြို့ အုပ်ချုပ်ရေး မှူး တို့က ၎င်းတို့အား သွားရောက်တွေ့ဆုံခဲ့ပြီး အိမ်ထောင်စုအလိုက် ရိက္ခာဆန်များကို လတ်တလော ထောက်ပံ့ပေးအပ်ခဲ့ပြီး နေရပ်စွန့်ခွာသူများအား မောင်တော-ဘူးသီးတောင် ကားလမ်း အတိုင်း ပြန် လည် ခေါ်ဆောင်ကာ ညနေပိုင်းတွင် ရသေ့တောင်မြို့နယ်မှ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက စောင့် ကြို၍ လွှဲပြောင်းလက်ခံဆောင်ရွက်ပြီး စက်လှေဖြင့် ၎င်းတို့၏နေရပ်သို့ ချောမောစွာ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

















No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */