အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၆၀ ဦးထပ်မံဖမ်းဆီးရမိ
မောင်တောမြို့နယ်အတွင်း ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနှင့် ပြောင်ပိုက်ကျေးရွာများ အနီးပတ် ဝန်းကျင်၌ အောက်တိုဘာ၁၁ရက်နေ့လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းဆောင်ရွ က် စဉ် အကြမ်း ဖက်တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ရမှုသတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။
အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲကွပ်ကဲမှုအောက်ရှိ ငါးခူရနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များသည် နိုဝင် ဘာ ၁၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ကြက်ရိုးပြင်ကျေးရွာအတွင်း နယ်မြေ ရှင်းလင်းဆောင်ရွက်ရာ အောက်တိုဘာ ၁၁ ရက်နေ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်တိုက်ခို က်ခံရမှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ၆၀ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
No comments:
Post a Comment