" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကျောက်တော်မြို့. Show all posts
Showing posts with label ကျောက်တော်မြို့. Show all posts

Friday, February 8, 2019

ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ

ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)

ရခိုင်ပြည်နယ်တွင်းမှာ စစ်ရေးအခြေအနေ ဆက်ပြီးတင်းမာနေသလို စစ်ရှောင်ထွက်ပြေးနေကြရတဲ့ ဒုက္ခ သည် တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီး ရင်ဆိုင်နေကြရပါတယ်။ သွားလာရခက်ခဲတဲ့ဒေသတွေဘက်က စစ်ရှောင်တွေဆီ အကူအညီတွေ မရောက်နိုင် ရုံသာမက သွားလာရေးလွယ်ကူတဲ့ စစ်ရှောင်စခန်းတွေမှာပါ အကူအညီတွေ လျော့နည်းလာနေတာပါ။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထာက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

Monday, February 4, 2019

အထောက်အထားမဲ့ မွတ်ဆလင် ၁၀ ဦးကို မင်းတုန်းမှာ ဖမ်းဆီး

ပူးပေါင်းပိတ်ဆို့ရှာဖွေရေးအဖွဲ့က ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ မွတ်ဆလင်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ အထောက်အထားမဲ့ မွတ်ဆလင် ၁၀ ဦး အပါအ၀င် ၁၂ ဦးကို ဒီနေ့ မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာလမ်းမကြီးမှာ ဖမ်းဆီးရမိ
ခဲ့ တယ်လို့ မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒုက္ခသည် ၂၄ ဦးကို ဖမ်းဆီးအမှုဖွင့်

ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ် 

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ထွက်ပြေး တိမ်းရှောင် လာသူ ၂၄ ဦး အပါအဝင် သူတို့ကို တည်းခိုခွင့်ပြုခဲ့သူ ကျောက်တော်ဒေသခံ ၂ ဦး ကို ဒီနေ့ မနက်ပိုင်းက ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

စစ်ပြေးဒုက္ခသည်တချို့ ကျောက်တော်မှာ ဖမ်းဆီး ခံရ

စစ်ပြေးဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်က ရွာသားတွေဟာ သူတို့ဒေသမှာ စစ်ရေးတင်းမာနေတဲ့ အ
ခြေအနေ ကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ဘေးတိမ်းရှောင်ရာကနေ အခုတော့ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတယ်လို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲဒီ ရှင်းလက်ဝရွာသား လူငယ် တွေအနေနဲ့ စစ်ရေးပဋိပက္ခအတွင်း ဖမ်းဆီးခံရမှာကြောက် လို့ နေရပ်ကနေတိမ်းရှောင်လာကြတာလို့ မြို့ခံတွေကပြောပါတယ်။ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည် နယ် တွင်း နောက်ဆုံးအခြေအနေ
တွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကျောက်တော်တွင် ရခိုင်တိုင်းရင်းသား ၂၆ ဦး ဖမ်းဆီးခံရ

By မင်းအောင်ခိုင် 4 February 2019
ဧရာဝတီ


ကျောက်တော်မြို့မ ရဲစခန်း / မင်းအောင်ခိုင် / ဧရာဝတီ
.ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပေါ်တွင် တည်းခိုနေသည့် ရခိုင်တိုင်းရင်းသား အမျိုးသား ၂၄ ဦးနှင့် လက်ခံ ထားသည့် အိမ်ရှင် ဇနီးမောင် နှံကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက် ၁ နာရီက ဖမ်းဆီးခံလိုက် ရကြောင်း သတင်းရရှိသည်။

Tuesday, January 29, 2019

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အရပ် သားတချို့ ထိခိုက်သေဆုံး

                   ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွါးရာဒေသက ကျေးရွာသားတွေ ထိခိုက်သေဆုံးတာ တွေလည်း ရှိလာနေပါတယ်။ ရသေ့တောင်မြို့နယ်ဘက်က တိုက်ပွဲအတွင်းမှာ အရပ်သားကလေးငယ်တဦး ထိခိုက်သေဆုံးခဲ့သလို တပ်မတော်က ကျေးရွာတွင်း နေအိမ်တွေကို ရှာဖွေချိန်အတွင်း ရွာသားတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းယူသွားတာတွေရှိတယ်လို့ ရွာသားတွေက ပြောတဲ့အကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒီစွပ်စွဲချက်ကို တပ်မတော်ဘက်က ငြင်းဆန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Sunday, January 27, 2019

ကျောက်တော်၌ ဆိုင်ကယ်တိုက်ခံရသည့် ရိုဟင်ဂျာ အမျိုးသမီး တရားမျှတမှု မရ

၂၇-၁၀-၂၀၁၉
မောင်သိန်းထွန်း
 ဆိုင်ကယ်တိုက်ခံရသည့် မဟာလီမာ (ဓါတ်ပုံ - ကျောက်တော်ဒေသခံ)

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အောက်ပိုက်သည်ကျေးရွာမှ ရိုဟင်ဂျာအမျိုးသမီး တစ်ဦးသည် မော်တော်ဆိုင် ကယ်ဖြင့် တိုက်ခံရသော်လည်း ဆိုင်ကယ်မောင်းနှင်သူများမှာ ရခိုင်လူမျိုး ဖြစ် နေသောကြောင့် တရားမျှတမှု မရရှိခဲ့ပေ။

ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက် ၉ နာရီခွဲခန့် အချိန်တွင် ကျောက်တော်မြို့နယ်၊ အောက်ပိုက်သည် ကျေးရွာ နှင့် မနီးမဝေးရှိ တလင်းသို့ လမ်းကူး သွားနေသည့် ရိုဟင်ဂျာအမျိုးသမီး မဟာလီမာ (ဘ) ဦးနူရ်အစ္စလာမ် ကို ရခိုင်လူမျိုးတစ်ဦး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ် က ဝင်တိုက်မိသဖြင့် မဟာလီမာ သည် ယင်းနေရာတွင်ပင် လဲကျ၍ သတိလစ်သွားခဲ့သည်။


Monday, January 21, 2019

နေရပ်စွန့်ခွာလာတဲ့ မွတ်စလင်ဒုက္ခသည် ၃၀ လောက် ဖမ်းမိ

                                               ၂၀၁၉၊ ဇန်နဝါရီ ၂၀ ရက်နေ့က အထောက်အထားမဲ့ မွတ်စလင် ၁၅ ဦးတို့ကို ဖမ်းဆီးရမိစဉ်

မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းနဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် ၁၃၄ တို့မှာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ မွတ်စလင် ဒုက္ခသည် ၃၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိ ခဲ့ ပါတယ်။

မြိုတိုင်းရင်းသားတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြိုတိုင်းရင်းသား ဦးထွန်းနု ကို ပြီးခဲ့တဲ့နှစ်ရက်လောက်က အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ တယ်လို့ မြိုတိုင်းရင်းသားတွေက ပြောပါတယ်။

Thursday, January 17, 2019

ဘူးသီးတောင် အကျဉ်းထောင်မှ ရိုဟင်ဂျာ အ ကျဉ်းသားများ၏ အတိဒုက္ခများ

ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲမြို့များတွင် အကျဉ်းထောင်ကြီးများရှိသည်။ ဤဆောင်းပါးတွင် ဘူးသီးတောင်မြို့ အကျဉ်းထောင်၌ ရိုဟင်ဂျာအကျဉ်းသားများ ကြုံတွေ့နေရသည့် အတိ ဒုက္ခများကို တင်ပြပါမည်။

Friday, January 11, 2019

ရခိုင်မြို့နယ်ငါးမြို့နယ်မှာ NGO လုပ်ငန်းတွေနဲ့ ခရီးသွားခွင့်ကန့်သတ်

                                                              ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကင်းစခန်း။

အစိုးရနဲ့ ရက္ခိုင့်တပ်မတော် AA အကြားက တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က ကျေးရွာတွေမှာ ကုလသမဂ္ဂ အပါအဝင် NGO အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်နဲ့ လုပ်ငန်း ဆောင်ရွက်ခွင့်ကို ပြည်နယ်အစိုးရက ကန့်သတ်လိုက်ပါတယ်။

Sunday, January 6, 2019

အရှိန်ရနေတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲဟာ ရေရှည် ဖြစ်သွား နိုင်မလား

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲပြင်း ထန်လာပြီး လုပ်ကြံမှု၊ ခြိမ်းခြောက်မှုတွေ ပေါ်ပေါ်တင်တင်ဖြစ်လာပါ တယ်။ရခိုင်အမျိုး သားဒီမိုကရေ စီအဖွဲ့ ချုပ် တည်ထောင်ခဲ့သူတယောက်ဖြစ်တဲ့ ဦးခင်သန်းမောင် နေအိမ်မှာ သတ်နတ်နဲ့ပစ်သတ်ခံရတယ်။ နောက်ပြီး ရဲအရာရှိတယောက်၊ ရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့ စီးပွားရေးသမားတယောက်ကို အေအေက ကျည်ဆံ နဲ့ အတူ သတိပေးစာပို့ခဲ့တယ်။တဦးချင်းစီကိုလိပ်မူပြီး ပို့ခဲ့တဲ့စာထဲမှာ အေအေနဲ့ သူ့ရဲ့နိုင်ငံရေးအဖွဲ့ ရခိုင် အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေးလုပ်ငန်း တာဝန်တွေနဲ့ ULA ဘက်က ချမှတ် ထားတဲ့ လမ်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသူတွေကို အနှောင့် အယှက် မပေးဖို့ အထူး သတိပေးလိုတယ်လို့ ရေးသားထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */