Friday, January 11, 2019

ရခိုင်မြို့နယ်ငါးမြို့နယ်မှာ NGO လုပ်ငန်းတွေနဲ့ ခရီးသွားခွင့်ကန့်သတ်

RFA
လွတ်လပ်တဲ့အာရှအသံ
2019.01.11

                                                              ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကင်းစခန်း။ 
 
အစိုးရနဲ့ ရက္ခိုင့်တပ်မတော် AA အကြားက တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က ကျေးရွာတွေမှာ ကုလသမဂ္ဂ အပါအဝင် NGO အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်နဲ့ လုပ်ငန်း ဆောင် ရွက်ခွင့်ကို ပြည်နယ်အစိုးရက ကန့်သတ်လိုက်ပါတယ်။

ကန့်သတ်လိုက်တဲ့မြို့နယ်တွေကတော့ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေဖြစ်ပြီး၊ မြို့ပေါ်မှာသာ ခရီးသွားလာခွင့်နဲ့ လုပ်ငန်းဆောင်ရွက်ခွင့်တွေကို ခွင့်ပြု မယ်လို့ ဇန်နဝါရီလ ၁ဝ ရက်နေ့စွဲနဲ့ သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားစာ ပေးပို့ထားတာ ဖြစ်ပါ တယ်။

ဒီကန့်သတ်ချက်ထဲမှာ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

ဒီအကြောင်းကြားစာကို ပြည်‌နယ်‌လုံခြုံ‌ရေးနဲ့ နယ်‌စပ်‌‌ရေးရာဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည် နယ်အစိုးရအဖွဲ့ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */