Sunday, January 27, 2019

ကျောက်တော်၌ ဆိုင်ကယ်တိုက်ခံရသည့် ရိုဟင်ဂျာ အမျိုးသမီး တရားမျှတမှု မရ

မောင်သိန်းထွန်း
၂၇-၁၀-၂၀၁၉
ဆိုင်ကယ်တိုက်ခံရသည့် မဟာလီမာ (ဓါတ်ပုံ - ကျောက်တော်ဒေသခံ)

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အောက်ပိုက်သည်ကျေးရွာမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးသည် မော်တော်ဆိုင် ကယ်ဖြင့် တိုက်ခံရသော်လည်း ဆိုင်ကယ်မောင်းနှင်သူများမှာ ရခိုင်လူမျိုး ဖြစ် နေသောကြောင့် တရားမျှတမှု မရရှိခဲ့ပေ။

ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက် ၉ နာရီခွဲခန့် အချိန်တွင် ကျောက်တော်မြို့နယ်၊ အောက်ပိုက်သည် ကျေးရွာ နှင့် မနီးမဝေးရှိ တလင်းသို့ လမ်းကူး သွားနေသည့် ရိုဟင်ဂျာအမျိုးသမီး မဟာလီမာ (ဘ) ဦးနူရ်အစ္စလာမ် ကို ရခိုင်လူမျိုးတစ်ဦး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ် က ဝင်တိုက်မိသဖြင့် မဟာလီမာ သည် ယင်းနေရာတွင်ပင် လဲကျ၍ သတိလစ်သွားခဲ့သည်။

ဖြစ်စဉ်ကို တလင်း၌ ရှိနေ သည့် ရိုဟင်ဂျာများက တွေ့ရှိပြီး အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိ လာပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းအောင် ကို အကြောင်းကြားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး လည်း ချက်ချင်း ရောက်ရှိလာခဲ့သည်။ အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်မောင်းနှင်သူထံမှ ဆိုင်ကယ်သော့ကို သိမ်းယူပြီးနောက် မြို့နယ်ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင် ရောက်ရှိလာခဲ့သည်။
 

ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းပြီးနောက် ဆိုင်ကယ်သော့ ကို ဆိုင်ကယ်မောင်းနှင်သူ၊ မဟာလီမာ အား ဆိုင်ကယ်ဖြင့် တိုက်ခဲ့သူအား ပြန်ပေးရန် ကျေးရွာအုပ်ချုုပ်ရေးမှူး ကို အမိန့် ပေးခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက မဟာလီမာ အား ဆိုင်ကယ်ဖြင့် တိုက်ခဲ့သူက ဆေးကုသ ပေး ရန် စီစဉ်ပေးသင့်သည်ဟု ရဲတပ်ဖွဲ့ဝင်များကို အကြံပြုတင်ပြသော်လည်း ရဲများက အရေးတယူလုပ်၍ နားထောင်ခြင်းမရှိသည့်အပြင် ဆဲဆို၍ ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြော ပါသည်။

“ဆိုင်ကယ်သော့မပေးဘဲ အချိန်ကြာကြာထားရင် ရခိုင်လူငယ်တွေ ထပ်ရောက်လာမယ်၊ ပြဿနာပိုကြီး သွား မယ် ဆိုပြီး ရဲတွေက ပြောတယ်။ ဆိုင်ကယ်တိုက်ခံရပြီး သတိလစ်နေတဲ့ အမျိုးသမီးရဲ့ နစ်နာမှုနဲ့ ပတ် သက်ပြီးတော့ ရဲတွေက ဘာမှ မပြောဘူး” ဟု မျက် မြင်သက်သေတစ်ဦး ပြောသည်။ 

“ရဲတွေရောက်မလာခင်မှာ အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်တိုက်ခံရပြီး သတိလစ်လဲကျနေတဲ့ အမျိုးသမီး ကို ဓါတ်ပုံရိုက်တော့ ဆိုင်ကယ်တိုက်တဲ့ ရခိုင်သားတွေက ဖုန်းကိုလုယူဖို့ ကြိုးစားတယ်” ဟု ၎င်းက ဖြည့် စွက် ပြောပါ သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုင်ကယ်တိုက်ခံရသည့် အမျိုးသမီးကို အနည်းဆုံး ဆေးကုသစရိတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ရဲများက အလေးထားခြင်း မရှိဘဲ ဆိုင်ကယ်သော့ကို အတင်းယူပြီး ဆိုင်ကယ် မောင်းနှင်သူကို ပေးကာ ၎င်းတို့နှင့်အတူ ခေါ်သွားပြီး လွှတ်ပေးလိုက်သည်ဟု ဒေသခံများက ဆိုသည်။ ဆိုင်ကယ်တိုက်သူအပါအဝင် ရခိုင်လူမျိုး (၃) ဦးသည် စစ်တွေမြို့နယ်မှဟု သိရှိရပြီး ဆိုင်ကယ်နှစ်စီးဖြင့် သွားနေစဉ် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်တိုက်ခံရပြီး သတိလစ်မေ့မျောနေသည့် မဟာလီမာ ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ရွာထဲသို့ ထမ်းယူသွားပြီး၊ ရွာထဲရှိ အထွေထွေကျန်းမာရေး လုပ်သားတစ်ဦးက ဆေးကုသပေးမှုကြောင့် ညပိုင်းတွင် သတိပြန်ရလာခဲ့သည်။

မတော်တဆ ယာဉ်တိုက်မှုဟူသည် လူမျိုးဘာသာမရွေးကြား၌ ဖြစ်ပွားတတ်သည်မှာ သဘာဝပင်ဖြစ်သည်။ 

ထိုသို့ ဖြစ်ပွားလျှင် နစ်နာသူများကို ပြစ်မှုကျူးလွန်သူမှ အတတ်နိုင်ဆုံး ကူညီခြင်းသည် အခြေခံ လူ့ယဉ်ကျေး မှု ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင်မူ ထိုသို့ မဟုတ်ပေ။ 

ယာဉ်တိုက်မှု ကျူးလွန်သူသည် ရခိုင်လူမျိုးဖြစ်ပြီး၊ ယာဉ်တိုက်ခံရသူသည် ရိုဟင်ဂျာဖြစ်ပါက ယာဉ်တိုက်မှု ကျူး လွန်သည့် ရခိုင်လူမျိုး သည် မည်သည့် တရားဥပဒေကို ရင်ဆိုင်ရန် မလိုအပ်ပေ။ အကယ်၍ ယာဉ်တိုက်မှုကို မတော်တဆ ကျူးလွန်မိသူသည် ရိုဟင်ဂျာ ဖြစ်ပြီး ယာဉ်တိုက်ခံရသူသည် ရခိုင်ဖြစ်လျှင် ယာဉ်တိုက်မှု ကျူးလွန်သူ ရိုဟင်ဂျာကို အရင်ဦးဆုံး လူမဆန်အောင် ဝိုင်းဝန်း ရိုက်နှက်ပြီး၊ နောက်မှ ရဲစခန်းသို့ အပ်နှံကာ အကြီးမားဆုံး ပုဒ်မများတပ်၍ တရားစွဲဆိုလေ့ရှိသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */