Tuesday, January 29, 2019

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အရပ် သားတချို့ ထိခိုက်သေဆုံး

VOA
anuary 29, 2019
                   ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွါးရာဒေသက ကျေးရွာသားတွေ ထိခိုက်သေဆုံးတာ တွေလည်း ရှိလာနေပါတယ်။ ရသေ့တောင်မြို့နယ်ဘက်က တိုက်ပွဲအတွင်းမှာ အရပ်သားကလေးငယ်တဦး ထိခိုက်သေဆုံးခဲ့သလို တပ် မတော်က ကျေးရွာတွင်း နေအိမ်တွေကို ရှာဖွေချိန်အတွင်း ရွာသားတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းယူသွားတာတွေရှိတယ်လို့ ရွာသားတွေက ပြောတဲ့အကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒီစွပ်စွဲချက်ကို တပ်မတော်ဘက်က ငြင်းဆန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တနင်္လာနေ့က ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးနဲ့ တနင်္ဂနွေနေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ရခိုင့်တပ်မတော်ပြန်ကြား ရေးတာဝန်ခံ ခိုင်သုခက ဗွီအိုအေကိုအခုလိုပြောပါတယ်။ “မနေ့က ဒီ(၂၈)ရက်နေ့ ရသေ့တောင်မြို့နယ် အုန်းချောင်းရွာ အနီးမှာ မနက်(၈)နာရီ(၉) မိနစ်ကနေပြီးတော့ နေ့ လယ် (၁၁)နာရီအထိက အပြန်အလှန်ပစ်ခတ် မှုတွေရှိခဲ့ တယ်ဗျ။ ဗမာစစ်တပ်ဖက်က တော့အုန်းချောင်းရွာထဲကို လက် နက်ကြီးတွေနဲ့နေပြီးတော့ တမင်တကာရည် ရွယ်ချက်ရှိရှိနဲ့သူတို့ပစ်ခတ်တိုက် ခိုက်ခဲ့တယ်ဗျ။ နောက်ပြီးတော့ ရွာ သားတွေထဲကနေပြီးတော့ ယော ကျ်ားတွေကိုလဲ သူတို့ဖမ်းဆီးထိန်းသိမ်းတာတွေလုပ်နေတယ်ဗျ။ အဲဒီမှာ ယောကျ်ား (၃)ယောက် မနေ့က ဖမ်းဆီးထိန်းသိမ်းခံရတာရှိတယ်။ ပလက်ဝမြို့နယ်ထဲမှာလဲဘဲ တိုက်ပွဲဖြစ်နေတာရှိတယ်။ ဇန္နဝါ ရီလ(၂၇) ရက်နေ့မှာ ပလက်ဝမြို့နယ် ခုံရွာနဲ့ကောက်ကြီးဝရွာအကြားမှာ တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့တယ်။ ဗမာစစ်တပ် ဖက်ကနေ လက်နက်ကြီးပစ်ကူတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာ။ အပြန်လှန်ပစ်ခတ်မှုတွေရှိခဲ့တယ်။”

ဒီလိုဖြစ်တဲ့တိုက်ပွဲကြောင့် ရသေ့တောင်မြို့နယ်အုန်းချောင်းကျေးရွာက လူအများစု တိမ်းရှောင်ထွက်ပြေးနေ ရသလို ရွာအတွင်းမှာလဲ တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေကနေ ဝိုင်းပတ်ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ကလဲ ရသေ့တောင်မြို့နယ်၊ သမီးလှ ရွာသစ်အနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းကလေး ငယ် တဦး လက်နက်ကျည်ထိမှန်ခဲ့ပြီး တနင်္လာနေ့ညကသေဆုံးသွားပြီးလို့ သေဆုံးသူမောင်နိုင်စိုးရဲ့ဖခင် ဦးကျော်ကျော်နိုင်က ရခိုင်ဘာသာနဲ့အခုလိုပြောပါတယ်။

“မနေ့ညကဆုံးသွားတာပါ။ ကျွန်တော်ကလေးလေးကို ထွက်ပြေးစဉ်ကျွန်တော်ကလေးကိုကျွန်တော်ဖက် ထား ပါတယ်။ အဲဒီအချိန်မှာစစ်သားကလာပြီး ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။ ကျွန်တော်ကလေးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရသွားပြီး ရန်ကုန်ဆေးရုံအပို့မှာ မနေ့ညကဆုံးသွားပါတယ်။”

တိုက်ပွဲဖြစ်ပွါးအပြီး သမီးလှရွာအတွင်းမှာ တပ်မတော်ကနေ ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ရသေ့ တောင် နယ်မြေခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။“ဒီဖြစ်စဉ်မှာ ကျွန်မ တို့ဒီရွာသားတွေရဲ့ပြောပြချက်အရ နောက်နေ့မနက်မှာကျွန်မတို့ရဲ့ရခိုင်ပြည်နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အဲဒီသမီးလှရွာဘက်ကို ကိုယ်တိုင်ဘဲသွားပါတယ်။ သွားလိုက် တဲ့အခါ တကယ်ဘဲပစ္စည်းပျောက်တာတွေရှိပါတယ်။ အဲတာကိုသူအတိအကျပေါ့လေ။

ရွာသားတွေဆီကစာရင်း ကောက်ထားပါတယ်။ အဲဒီစာရင်းအတိအကျကိုသူတို့ ပျောက်တဲ့ရွှေတွေငွေကြေး တွေကို ကျွန်မတို့လက်မှတ်ထိုး ခိုင်းထားပါတယ်။ အဲဒီလက်မှတ်တွေရလာပြီးမှ ကျွန်မတို့ဒီကနေ တာဝန် ရှိတဲ့သူတွေကိုကျွန်မ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ ဒါကိုစစ်ဆေးဖို့ဖေါ် ထုတ်စေ ဖို့ကျွန်မတို့အနေနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”

ရွာသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို တပ်မတော်ကနေသိမ်းယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုပါတယ်။

“အဲတာကတော့ဝါဒဖြန့်တာဘဲဖြစ်မယ်ခင်ဗျ။ အမြဲစစ်တဲ့အချိန်မှာ အပြည့်အစုံပြောရရင် ကျွန်တော်တို့ နယ်ခြားစောင့် တပ်ပေါ့ဗျာ။ အဲဒီဟာတွေပါဘဲရှာတာပါ။

ကျွန်တော်တို့တပ်တွေကရှာတာပြုတာတွေမရှိဘူးခင်ဗျ။ ရွာထဲမှာဝင်ချင် သေချာစံနစ်တကျစစ်ရင် ရဲနဲ့ဘဲ ကျွန်cတော်ပေါင်းစပ်ပြီးလုပ်တာရှိတယ်။ ရဲကဘဲရှာတယ်။ ကျွန်တော်တို့တပ်က တိုက်ရိုက်ရှာတာ တာ့မရှိ ဘူး။” တပ်မcတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ရွာသားတွေ ပိုင် ဆိုင်တဲ့ရွှေငွေပစ္စည်းတွေကို သိမ်းဆည်းတယ်ဆိုတာနဲ့ပတ်သက်ပြီး တိုင်ကြားလာ မယ်ဆို ရင်တော့ တပ်မတော်လုပ်ထုံး လုပ်နည်း နဲ့အညီ စီစစ်သွားမယ်လို့ သတင်းမီဒီယာတွေကိုပြော ဆိုထားပါ တယ်။

ဒီရက်ပိုင်း တိုက်ပွဲဖြစ်စဉ်တွေအတွင်း ကျေးရွာသားတွေထိခိုက်ဒဏ်ရာရတာ၊ တပ်မတော်ဘက်ကနေ ရိုက်နှက် စစ်ဆေးခံရတာ တွေရှိတယ်လို့ တိုက်ပွဲဖြစ်ပွါးရာဒေသကရွာသားတွေကပြောပါတယ်။အခုလို တိုက်ပွဲကာလအတွင်း တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်တာတွေကို မှတ်တမ်း ကောက်ယူစုဆောင်း နေပြီး ICC နိုင်ငံတာရာဇဝတ်ခုံးရုံးကို ပေးပို့သွားမယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ရခိုင်စစ်မျက်နှာမှာ ဗမာစစ်တပ်ဖက်ကနေပြီးတော့ အပစ်မရှိတဲ့ဒီအရပ်သားတွေရဲ့အပေါ်မှာ ပြည်သူ လူထုတွေရဲ့အပေါ်မှာ ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေအားလုံး နောက်လူ့အခွင့်အရေး ချိုးဖေါက် မှုတွေအားလုံးကို ကျွန်တော်တို့အထောက်အထားတွေစုဆောင်းထားပြီးတော့ နိုင်ငံတကာစစ်ခုံ ရုံးပေါ့ဗျာ နော်။ ICCကိုကျွန်တော်တို့ ပို့ပေးသွားဖို့ရှိတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ကျူးလွန်တာမရှိ ဘူးလို့ တုန့်ပြန်ပါတယ်။

“အဲတာကတော့သူတို့ရဲ့အစီစဉ်ပဲလေ။ ကျွန်တော်တို့က ဘာမှချိုးဖေါက်ခဲ့တာမရှိခဲ့ဘူး။”၂၀၁၈ ခုနှစ် နိုဝင်ဘာ လ ကုန်ကနေ ၂၀၁၉ ဇန္နဝါရီလအထိ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော် AA တို့ကြား တိုက် ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဇန္န ဝါရီလ ၄ ရက်နေ့မှာ နယ်ခြားစောင့် ရဲကင်းစခမ်း ၄ ခုကို AA က ဝင်တိုက်ပြီး တဲ့ နောက်ပိုင်း နှစ်ဖက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။

ဒီတိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် တွဘက် က ဒေသခံရွာသား ၆၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသလို စားသောက်နေထိုင်ရေးမှာလဲ အခက်ခဲတွေနဲ့ ရင် ဆိုင်နေရပါတယ်။

  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */