January 21, 2019
၂၀၁၉၊ ဇန်နဝါရီ ၂၀ ရက်နေ့က အထောက်အထားမဲ့ မွတ်စလင် ၁၅ ဦးတို့ကို ဖမ်းဆီးရမိစဉ်
မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းနဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် ၁၃၄ တို့မှာ ရခိုင် ပြည်နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ မွတ်စလင် ဒုက္ခသည် ၃၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိ ခဲ့ ပါတယ်။
မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းနဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် ၁၃၄ တို့မှာ ရခိုင် ပြည်နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ မွတ်စလင် ဒုက္ခသည် ၃၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိ ခဲ့ ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းမပေါ်မှာ အထောက်အထား မဲ့ မွတ်စလင် ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ရဲမှူး မြင့်မောင်က RFA ကို ပြောပါ တယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၃၄ မှာ တိမ်း မှောက်ခဲ့တဲ့ စူပါကာစတန် ကားပေါ်မှာ ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြားမြို့အနီးက ကျေးရွာတွေ ကနေ ထွက်ပြေးလာတဲ့ မွတ်စလင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂ တို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ ပါ တယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။
Link : Here
No comments:
Post a Comment