" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစီရင်ခံစာ. Show all posts
Showing posts with label အစီရင်ခံစာ. Show all posts

Monday, May 25, 2020

မြန်မာနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ အစီရင် ခံစာတင်သွင်း

DVB
 By DVB
25 May 2020
ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှု နဲ့ပတ် သက်လို့ မြန်မာနိုငငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံကို မေလ ၂၃ ရက်က ပထမဆုံး အကြိမ် အစီရင် ခံစာ တင်သွင်းလိုက်ပါတယ်။

Sunday, May 24, 2020

ICJ အစီရင်ခံစာအတွက် အစိုးရညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေ - ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
22 မေ၊ 2020
မေခ
 
ဗိုလ်မှုးချုပ် ဇော်မင်းထွန်း

တပ်မတော်အနေနဲ့ ICJ နိုင်ငံတကာတရားရုံး အစီရင်ခံစာကိစ္စမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ထားသလို တပ်မ တော်တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့လည်း စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နေတယ်လို့ ပြောဆိုတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှုအတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ၊ 2020
ကိုဉာဏ်ဝင်းအောင်
နိုင်ငံတကာတရားရုံး (ICJ).

ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် နေ့ မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင်ကြား ထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။

Saturday, May 23, 2020

ICJ ပို့မယ့် မြန်မာအစီရင်ခံစာ ဘာတွေပါသင့်သလဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
 23 မေ၊ 2020
မဆုမွန်
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီ က နေ့ မေလ ၂၃ ရက်နေ့မှာ ပထမဆုံး တင်သွင်းရမယ့် ကြားဖြတ်အစီအမံဆိုင်ရာ လေးလပြည့် အစီရင်ခံ စာအ ပေါ် သုံးသပ်ချက် အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ်လတ်တလော လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
23 မေ၊ 2020
မဆုမွန်
နိုင်ငံတကာခုံရုံး ICJ ကို မြန်မာအစိုးရ အစီရင်ခံစာမတင်ခင်မှာပဲ ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေထဲ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေ ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တဲ့သတင်းကို မဆုမွန် ပြောပြပါမယ်။

Thursday, May 14, 2020

အစိုးရရဲ့ပထမဆုံး အစီရင်ခံစာ ICJ ခုံရုံးကို အချိန်မီ တင် သွင်းမည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.05.14

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို အစိုးရ ပေးပို့ရမယ့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ မတိုင် ခင် တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အရေး ယူပေးဖို့ ICJ ထံ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက တင်ပြခဲ့ပြီး တရားရုံးက ၂၀၂၀ ဇန်နဝါရီလကုန် မှာ ကြား ဖြတ် စီရင်ချက် ချမှတ်ထားåတာ ဖြစ်ပါတယ်။

Thursday, May 7, 2020

မြန်မာနိုင်ငံအနေဖြင့် ICJ ထံတင်သွင်းရမည့် အစီရင်ခံစာ ကို မဖြစ်မနေ တင်သွင်းမည်

DVB
By ဇေယျာချမ်းအေး
7 May 2020
ရခိုင်ဒေသမှာ နယ်မြေမတည်ငြိမ်ပေမယ့်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်သွင်းရမယ့် အစီရင်ခံ စာကို မဖြစ်မနေ တင်သွင်းသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

Tuesday, May 5, 2020

ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရပြင်ဆင်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 မေ၊ 2020
မေခ
ICJ အပြည်ပြည်ဆိုင်ရာတရားရုံး
 
 
ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်အစီအမံအရ မြန်မာ နိုင်ငံအနေနဲ့ ပထမဆုံးအစီရင်ခံစာ ICJ ကို မကြာခင်တင်သွင်းဖို့ ပြင်ဆင်ထားတဲ့အကြောင်း ပြောပြမှာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ မြန်မာနိုင်ငံအပေါ်ကြားဖြတ်စီရင်ချက်လေးချက် ချမှတ်ခဲ့ရာမှာ လေးလအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုတွကို ICJ ကို ပြန်အစီရင်ခံရမယ် ဆိုတာ ပါဝင်ပါတယ်။

Wednesday, April 22, 2020

ICJ ထံ တင်သွင်းမယ့် ပထမဆုံးအစီရင်ခံစာ ပြင်ဆင်မှု ဘယ်လိုရှိလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-04-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီရင် ချက် လေးခုချမှတ်ထားပါတယ်။ အဲဒီအချက်တွေထဲမှာ နောက်လေးလကြာရင် မြန်မာအစိုးက ICJ ထံ အစီ ရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

Thursday, February 27, 2020

Michelle Bachelet ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင် ခံစာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ

■ မြန်မာနိုင်ငံထဲက ရိုဟင်ျဂာ မွတ်စလင်တွေအပါအဝင် တခြားသောတိုင်းရင်းသားတွေ လူ့အခွင့်အေရး ခြိုး ဖောက် မှုဒဏ်ခံနေရမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတေစာင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအေဝး မွာ တင်ခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။

Link : Here

ရိုဟင်ဂျာအခွင့်အရေး ကုလမဟာမင်းကြီးအစီရင်ခံစာ တင် သွင်း

VOA
ဗွီအိုအေ (မြန်မာဌာန
27 ဖေဖော်ဝါရီ၊ 2020
သားညွန့်ဦး
 
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်း
  
 မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူပြောင်းရေးမှာ နိုင်ငံတွင်း ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအ ခွင့် အရေး အကာ အကွယ်ပေးဖို့ မဖြစ်မနေအရေးကြီးတာကြောင့်၊ ဒီအခွင့်အရေးတွေကို အာမခံမယ့် ဥပဒေနဲ့မူဝါဒ ဆိုင်ရာပြင်ဆင် မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က မြန် မာအစိုးရကို တိုက် တွန်း ပါတယ်။

Friday, February 21, 2020

အိုင်စီအိုအီးအစီရင်ခံစာ နိုင်ငံတကာအသိုင်းအဝိုင်းကြား သက်ရောက်မှုရှိနိုင်မလား

Frontier
MYANMAR
အေအက်ဖ်ပီ
Friday, February 21, 2020
စည်သူအောင်မြင့်

ကော်မရှင်၏ ပထမဆုံး ရခိုင်ခရီးစဉ်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ မစ္စ ရို ဆာရီယို မယ်နာလိုက ၂၀၁၈ ဩဂုတ် ၃၁ ရက် စစ်တွေလေဆိပ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်။ ဓာတ်ပုံ

နိုင်ငံတကာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့၊ နိုင်ငံတော်ကခန့်အပ်တာဝန်ပေးထားတဲ့ ကော်မရှင်က တပ်မ‌‌တော်အနေနဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ထုတ်ရေးသားလိုက်ပါတယ်။

Monday, February 3, 2020

ICOE အစီရင်ခံစာ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိမလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
03 ဖေဖော်ဝါရီ၊ 2020
မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ် သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၀ရက်နေ့ က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ အဲနောက် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အစီရင်ခံစာအကျဉ်းကို နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်မှာ တင်ပြီး အများပြည်သူ သိအောင် ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကိုယ် တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖေါက်တယ် ဆိုပြီး အ ပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ကြားဖြတ်အမိန့် တစ်ရပ် ချမှတ်ဖို့ ၂ ရက်လောက် အလိုမှာမှထုတ် ပြန်တာ ဖြစ်လေတော့ အဲဒီ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုတော့ ရှိမသွားခဲ့ပါဘူး။ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်၊ ဒါ ကို တပ်မတော်က နှိမ်နင်း၊ နောက်ပိုင်း သန်းတစ်ဝက်ကျော် ရှိ မယ့် မူဆလင်ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေး တဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ရာ ဇဝတ်မှုတွေ ကျူးလွန်ခဲ့သလား၊ လူ့အခွင့်အရေး ချိုး ဖေါက်မှုတွေ ရှိခဲ့သလား ဆိုတာကို မြန်မာနိုင်ငံဘက်က စုံ စမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး စုံစမ်းစစ်ဆေး တာ၊ တွေ့ရှိချက်တွေ ထုတ်ပြန်တာ လုပ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံ တာ မျိုးတော့ မရှိခဲ့ပါဘူး။ အခု ICOE ရဲ့ အစီရင်ခံစာ ဘာတွေ ထူးခြား သလဲ၊ ဘယ်လို အချက်အလက်တွေ ဖော်ပြထားပြီး ဘယ်အတိုင်းအတာ အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြ ရ အောင် ပါ။

Wednesday, January 29, 2020

ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်

ဧရာဝတီ
By Bertil Lintner
29 January 2020
၂၀၁၉ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးရသည့် ၂ နှစ်ပြည့် အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ / Reuters

တကမ္ဘာလုံး အတိုင်းအတာဖြင့် မီဒီယာတွင် ထပ်တလဲလဲပြောဆိုမှုများနှင့် ဒုက္ခသည်များကိုယ်စား စည်းရုံး လှုံ့ဆော်မှုများအရ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြား ဖြတ်အစီအမံများဆောင်ရွက်ရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း က အံ့အားသင့်စရာ ဖြစ် မလာခဲ့ပါ။

Sunday, January 26, 2020

ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို

ဧရာဝတီ
စမ်းယမင်းအောင်
26 January 2020
၂၀၁၉ အောက်တိုဘာ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ရှီဇိုအာဘေးနှင့် တွေ့ဆုံစဉ် / Global New Light of Myanmar

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို စုံ စမ်း၍ထုတ်ပြန်ခဲ့သည့် မြန်မာအစိုးရ၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင် ခံစာနှင့် ထို အမှုများကို စုံစမ်းစစ်ဆေးအရေးယူရန် မြန်မာအစိုးရက ကြေညာခြင်းကို တာဝန်ခံမှုရှိရေးအ တွက် အရေးကြီး သည့်လုပ်ဆောင်ချက်အဖြစ် ဂျပန်အစိုးရက ကြိုဆိုလိုက်သည်။

Thursday, January 23, 2020

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု သက်သေအထောက်အထားမတွေ့ကြောင်း မြန်မာအစိုးရ ကဖွဲ့စည်းတဲ့ ကော်မရှင် အစီရင်ခံစာမှာဖော်ပြ

NHK WORLD JAPAN
အင်္ဂါ ဇန်နဝါရီလ 21
ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ သက်သေအထောက် အထား ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ မတွေ့ခဲ့ပါဘူး။

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက် ပြီး ၂၀၁၈ခုနှစ်မှာ လွတ်လပ်တဲ့ စစ်ဆေးရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။အဲဒီကော် မရှင်မှာ အဖွဲ့ဝင် ၄ဦးပါဝင်ပြီး သူတို့ထဲက ၂ဦးဟာ နိုင်ငံခြားသား ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်သံ အမတ်ဟောင်း ခန်းဇို အိုရှီးမ (Kenzo Oshima) ဖြစ်ပါတယ်။

Monday, January 20, 2020

ICOE ထုတ်ပြန်ချက် HRW ဝေဖန်တုံ့ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
20 ဇန္နဝါရီ၊ 2020  
ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အစိုးရကဖွဲ့တဲ့ ICEO လွတ်လပ်တဲ့စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာမှာ အပြကောင်းအောင်နဲ့၊ လာမယ့် ICJ တရားခွင်အတွက် ပြင်ဆင်မှု သာဖြစ်တယ် လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်တုံ့ပြန်ပါတယ်။ကော်မရှင်အနေနဲ့လူ့အခွင့်အရေးချိုးဖောက် မှု ဖြစ်ရပ်ကြီးကို ဖော့ပြောဖို့ ကြိုးစားထားသလို၊ ကော်မရှင်စုံစမ်းမှုဟာ ပွင့်လင်း မြင် မှုမရှိဘူးလို့လည်းထောက် ပြပါတယ်။ HRW ရဲ့ တုံ့ပြန်ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

ဧရာဝတီ 
ထက်ခေါင်လင်း
20 January 2020
ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ် / ဧရာဝတီ
 
 ရခိုင်ပြည်နယ်အရေး ဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိ သည် ဆို ခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရဟု ပါရှိကြောင်း သိရသည်။

ယင်း အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ ကော်မရှင်က ယနေ့ ပေးအပ်လိုက်သည်။

Tuesday, January 14, 2020

မြန်မာ- ရိုဟင်ဂျာများအတွက် အပြည်ပြည်ဆိုင်ရာ တရားစီ ရင်မှု တောင်းခံခြင်း

HUMAN
RIGHTS
WATCH
 


ဇန္နဝါရီလ 14, 2020

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ဖြိုခွင်းမှု တင်းကျပ်လာခြင်း

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကောက်စစ်ဘဇား၌ ဒုက္ခသည်စခန်းရှိ စားသောက် ဆိုင် တစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည်များ ICJ တရားစွဲဆိုခြင်းကို ကြည့်နေကြသည်။ © 2019 Allison Joyce/Getty Images
 
(၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်၊ ဘန်ကောက်မြို့) - မြန်မာ အစိုးရအနေဖြင့် ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်း သား လူနည်းစုများအပေါ် ၎င်း၏လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရား စီရင်မှုအ တွက် ၂၀၁၉ ခုနှစ်အတွင်း ဖိအားတိုး၍ရင်ဆိုင်ခဲ့ရကြောင်း (လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့) Human Rights Watch က ၎င်း၏ ၂၀၂၀ ခုနှစ် ကမ္ဘာ့အစီရင်ခံစာ တွင် ယနေ့ ပြောဆိုခဲ့ပါသည်။ထိုနှစ်အတွင်းအာဏာပိုင် များက ဖိနှိပ်ချုပ် ချယ်သည့် ပြစ်မှုဥပဒေများကို တိုးမြှင့်၍အသုံးပြုခဲ့သည့်အတွက် လွတ်လပ်စွာ ထုတ်ဖော် ပြော ဆိုခွင့်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်တို့သည်လည်း သိသာစွာ ချဆင်းခဲ့ပါသည်။

မြန်မာ- ရိုဟင်ဂျာများအတွက် အပြည်ပြည်ဆိုင်ရာ တရားစီ ရင်မှု တောင်းခံခြင်း

Human Rights Watch

January 14, 2020

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ဖြိုခွင်းမှု တင်းကျပ်လာခြင်း

 
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကောက်စစ်ဘဇား၌ ဒုက္ခသည်စခန်းရှိ စားသောက်ဆိုင် တစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည်များ ICJ တရားစွဲဆိုခြင်းကို ကြည့်နေကြသည်။ © 2019 Allison Joyce/Getty Images


(၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်၊ ဘန်ကောက်မြို့) - မြန်မာ အစိုးရအနေဖြင့် ရိုဟင်ဂျာများနှင့် အခြားတိုင်း ရင်းသား လူနည်းစုများအပေါ် ၎င်း၏လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အပြည် ပြည် ဆိုင်ရာ တရားစီရင် မှုအတွက် ၂၀၁၉ ခုနှစ်အတွင်း ဖိအားတိုး၍ရင်ဆိုင်ခဲ့ရကြောင်း (လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့) Human Rights Watch က ၎င်း၏ ၂၀၂၀ ခုနှစ် ကမ္ဘာ့အစီရင်ခံစာ တွင် ယနေ့ ပြောဆိုခဲ့ပါသည်။ ထိုနှစ်အ တွင်း အာဏာပိုင်များက ဖိနှိပ်ချုပ် ချယ်သည့် ပြစ်မှုဥပဒေ များကို တိုးမြှင့်၍အသုံးပြုခဲ့သည့်အတွက် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ စည်း ရုံး ခွင့်တို့သည်လည်း သိသာစွာ ချဆင်းခဲ့ပါသည်။

“ရိုဟင်ဂျာများအပေါ် ဆိုရွားသည့် ရက်စက်ယုတ်မာမှုများအတွက် ၎င်း၏တပ်မတော်အား တာဝန်ခံ စေရန် ပျက်ကွက်မှုက အဆုံး၌ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်ကိုစတင်ဆောင်ရွက် စေသည်၊” “မြန် မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိနှင့် ရိုဟင်ဂျာများအပေါ်လူ သားမျိုးနွယ်ကို ဆန့် ကျင်သည့် ရာဇဝတ်မှုများအတွက် မည်သူ့ကို အရေးယူရမည်ဆိုသည်ကို ယခု အပြည်ပြည်ဆိုင်ရာ တရားရုံး နှစ်ခုက စစ်ဆေးနေသည်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး (ဖီးလ် ရော်ဘတ်စင်) Phil Robertson က ပြောခဲ့ပါသည်။

၎င်း၏အကြိမ် ၃၀ မြောက် ထုတ်ဝေခြင်းဖြစ်သည့် စာ ၃၃၅ မျက်နှာရှိ ၂၀၂၀ ခုနှစ် ကမ္ဘာ့အစီရင်ခံစာ တွင် နိုင်ငံ ၁၀၀ နီးပါးရှိ လူ့အခွင့်အရေး ကျင့်သုံးမှုများကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ သုံး သပ်ထားပါ သည်။ ၎င်း၏ နိဒါန်း စာတမ်းတိုတွင် အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး (ကဲနက် ရော့သ်) Kenneth Roth က အာဏာတည်မြဲနေရေး အတွက် ဖိနှိပ်မှုကို အားထားသည့် တရုတ်အစိုး ရ သည် ကမ္ဘာတစ်ဝှမ်း လူ့အခွင့် အရေး စနစ်အပေါ် ဆယ်စုနှစ်ပေါင်း များစွာအနက် အပြင်းထန်ဆုံး သော တိုက်ခိုက်မှုကို လုပ်ဆောင်နေ သည် ဟု ဆိုသည်။ တရုတ်အာဏာပိုင်များသည် အခြားအစိုးရ များထံမှ ဝေဖန်မှုများကို တားဆီးရန် ၎င်းတို့၏ စီးပွား ရေးဆိုင်ရာ သြဇာအာဏာကို အသုံးပြုစဉ်၊ ပေ ကျင်း၏ လုပ်ဆောင်ချက်များသည် ကမ္ဘာတစ်ဝှမ်းရှိ အာဏာ ရှင်ဆန်သည့် သာမန်လူထုအကျိုးကို ရည်မျှော်သည် ဆိုသောဝါဒီများကိုအားပေးသကဲ့သို့ ၎င်းတို့ထံမှေ ထောက် ခံမှုကိုလည်းရရှိကြောင်း ၎င်းကတွေ့ရှိပါသည်။ ဆယ်စုနှစ် များစွာကြာ တိုးတက်လာသည့် လူ့အ ခွင့်အရေးများနှင့် ကျွန်ုပ်တို့၏ အနာဂတ်ကို ခြိမ်းခြောက်သည့် ဤတိုက်ခိုက်မှုကိုခုခံရန် အရေးတကြီး လို အပ်ပါသည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်မှုများပြုလုပ်သည်ဟု စွပ်စွဲ လျက် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုမှု ကို တုံ့ပြန်ရန် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ရက်အထိအပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှောက် ရောက်ရှိခဲ့ပါသည်။ ရိုဟင်ဂျာများအပေါ် တပ်မတော်မှ ရက် စက်ယုတ်မာမှုများ ကျူးလွန်ခဲ့ကြောင်း အထောက်အထား များစွာရှိသော်လည်း ဖိစီးနှိပ်စက်မှုအတွက် စီးလားရိုက်ထားသည့် စည်းရုံးလှုံ့ဆော်မှု မရှိခဲ့ကြောင်း ကို မြန်မာနိုင်ငံ၏ တရားဝင် ဟုတ်သည်ဖြစ် စေ၊ မဟုတ်သည်ဖြစ်စေ လက် တွေ့ အုပ်ချုပ်နေသောခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြော ဆိုလျက် လူမျိုးတုံးသတ်ဖြတ်မှုဟူ သော စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါသည်။

နိုဝင်ဘာလတွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ တရားလိုဘက်ရှေ့နေအား ၂၀၁၆ ခုနှစ် အောက်တို ဘာလမှ စ၍ မြန်မာပြည်ရှိရိုဟင်ဂျာများအား ပြည်နှင်ဒဏ်ပေးခြင်း၊ လူမဆန်သောအခြား လုပ်ရပ်များအပြင် ညှဉ်းပန်း နှိပ်စက်ခြင်း စသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ ဟူသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးခွင့် ပြုလိုက်သည်။ ထိုတရားရုံးက ပြည်နှင်ဒဏ်ပေးခြင်းနှင့် သက်ဆိုင်ရာ အခြားရာဇဝတ်မှု များအပေါ် ၎င်း၏တရား စီရင်ပိုင်ခွင့်ကို အတည်ပြုပြီးဖြစ်၍ ယင်းကို ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလာ ဒေ့ရှ်နိုင်ငံ၌ ဖြည့်ဆည်းခဲ့သည်ဟု အမိန့်ချမှတ်ခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာ့တပ်မတော်မှစတင်ခဲ့သည့် လူမျိုးရေးသန့်စင်မှုစည်းရုံးလှုပ်ရှားမှုမှ ထွက် ပြေး ခဲ့ပြီးနောက် လူဦးရေတစ်သန်းခန့်ရှိသော ရိုဟင်ဂျာများသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ စခန်း များတွင် နေထိုင် နေကြသည်။ မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော ခန့်မှန်းခြေ ရိုဟင်ဂျာ ၆၀၀၀၀၀ သည် အစိုးရ၏ ညှဉ်းပန်းနှိပ် စက်မှု၊ အကြမ်းဖက်မှု၊ သွားလာမှုအပေါ် အစွန်းရောက် ကန့်သတ်မှုများ နှင့် အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှု ချို့ငဲ့ခြင်းတို့ကို ခံစားလျက် ဆိုးရွားသည့်အခြေအနေ များတွင်နေလျက် ရှိသည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြား လက်နက်ကိုင်ပဋိပက္ခသည် ၂၀၁၉ ခုနှစ် တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ပိုမိုပြင်းထန်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင်၊ အစိုးရမှ အင်တာနက် ဖြတ်တောက်ရန် အမိန့်ပေးခဲ့သည်။ ဇွန်လ ၂၁ ရက်တွင် စတင်ဖြတ်တောက်ခဲ့ပြီး၊ တပ် မတော်နှင့် တိုင်းရင်းသား ရခိုင်လက်နက်ကိုင်အုပ်စု ရခိုင်တပ်မတော်၏ ပိုမိုပြင်းထန်သော တိုက်ပွဲများကြောင့် ထိခိုက်သည့် မြို့နယ်လေးမြို့နယ် ပါဝင်ပါသည်။ အထောက် အပံ့များကို ပြင်းထန်စွာ ပိတ်ဆို့ခြင်းများ၊ အ မြောက်များဖြင့် မဆင်မခြင် တိုက်ခိုက်ခြင်းနှင့် အတင်း အကျပ် ပြောင်းရွှေ့စေခြင်း တို့ဖြင့် တိုက်ပွဲဒေသများရှိ အရပ်သားများ အနေဖြင့် အန္တရာယ်တိုးပွား လျက်ရှိခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂကျောထောက်နောက်ခံ အချက်အလက်ရှာဖွေရေးလုပ်ငန်းသည် စက်တင်ဘာလ တွင် ၎င်း၏ လုပ်ငန်း အဆုံးသတ်ခဲ့ပြီး၊ မြန်မာ့တပ်မတော်မှ ရိုဟင်ဂျာ၊ ကချင်၊ ရှမ်းနှင့် ကရင် တိုင်း ရင်းသား လူနည်းစု များ အပေါ် ကျူးလွန်ခဲ့သော ကြီးလေးသည့် ရာဇဝတ်မှုများ၏ အထောက်အထား များကို မကြာသေးမီကမှ လုပ်ငန်းစတင်ခဲ့သော မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးယန္တရား (IIMM) ထံ အေ ထာက်အထားစုဆောင်းခြင်း ဆက်လက် လုပ်ဆောင်ရန်အတွက် လွှဲ ပြောင်းပေးအပ်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်သတင်းမီဒီယာတို့သည် မြန်မာနိုင်ငံ၌ ခြိမ်း ခြောက် မှု အန္တရာယ် အလွန်အမင်းရှိနေခဲ့ပါသည်။ မေလတွင် ရွိုက်တာသတင်းထောက် များဖြစ် သည့် ဝလုံးနှင့် ကျော်စိုး ဦး တို့သည် ရက် ၇၀၀ ကျော် တရားရုံးတွင် အမှုရင်ဆိုင်ခြင်းမပြုမီထိန်းသိမ်း ထားခြင်းနှင့် ထောင်သွင်း အ ကျဉ်းချခြင်းတို့ ခံရပြီးနောက် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းခွင့် ပေးခဲ့ပါ သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်တွင် လူ ပါင်း ၂၅၀ ကျော်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် ဥပဒေအမျိုးမျိုးအရ ပြစ်မှု ဆိုင် ရာ တရားစွဲဆိုမှုများ ခံခဲ့ရပါသည်။ ဆန့်ကျင်ဆန္ဒ ပြ သူများသည် ဆန္ဒပြပွဲတစ်ပွဲအတွက် ကြိုတင် ခွင့်ပြုချက် ရရှိရမည်ဟု သတ်မှတ်ထားသော ငြိမ်းချမ်း စွာ စုရုံးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေအရ မကြာခဏ ပစ်မှတ်ထားခံခဲ့ရပါသည်။

နိုင်ငံတစ်ဝှမ်းရှိလယ်သမားများသည်လည်း ရပိုင်ခွင့်များကို ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများဖြင့် အခက် အခဲ များ နှင့် ရင်ဆိုင်ခဲ့ရပါသည်။ မတ်လတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ စ တင်သက်ရောက်မှု ရှိခဲ့ပြီး “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း” ဟု သတ်မှတ်ထားသော မြေများတွင် နေထိုင်သူ မည်သူမဆိုအား တ ရားဝင် ခွင့်ပြုချက် စာရွက်စာတမ်း လျှောက်ထားရန် သတ်မှတ်ခဲ့ပြီး လိုက်နာရန် ပျက်ကွက်မှုအတွက် ထောင်ဒဏ် သတ်မှတ်ခဲ့ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် တပ်မတော် အုပ်ချုပ် စဉ်က ပြ ဋ္ဌာန်းခဲ့ သော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုပယ်ဖျက်ရန် ကတိပေးခဲ့သည်၊” “သို့သော် ယင်းအစား ၎င်းတို့ သည် ထိုဥပဒေများကို ၎င်းတို့ကို ဝေဖန်သူများကို တိုက်ခိုက်ရန် အသုံးပြုလျက် ရှိပြီး ဖိနှိပ်ချုပ်ချယ်သည့် ဥပေ ဒသစ်များကိုပင် စတင်ခဲ့သည်။” ဟု ရောဘတ်စင်က ပြောပါသည်။



Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */